စုံတွဲတွေအနေနဲ့ နေ့စဉ် ဆွေးနွေးသင့်တဲ့ အဓိကအကြောင်းအရာ (၆)ခု
အိမ်ထောင်ဖက်နှင့်အတူ နေ့တိုင်းအာလာပသလ္လာပစကား ပြောဆိုခြင်းဟာ အမြဲတမ်းအလေ့အကျင့် ဖြစ်သင့်ပါတယ်။ အချို့လူတွေက ရိုမန့်တစ်ဆန်တဲ့ စကားလုံးတွေ၊ ကောင်းတဲ့အရာတွေကိုသာ အတူတူပြောဆိုသင့်တယ်လို့ ယူဆကြပါတယ်။ သို့သော် အမှန်တရားကနေ ဝေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ကျန်းမာသောအချစ်ရေးဟာ ကောင်းမွန်သော ပြောဆိုဆက်ဆံမှုနှင့် ရိုးသားမှုအပေါ် အခြေခံပါတယ်။ ဒီဆောင်းပါးမှာ စုံတွဲတွေ နေ့စဉ်ဆွေးနွေးသင့်တဲ့ အဓိကအကြောင်းအရာ (၆)ခုကို တွေ့ရပါလိမ့်မယ်။
စုံတွဲတွေ ဆွေးနွေးသင့်တဲ့အဓိကအကြောင်းအရာများ
ယုံကြည်မှု တည်ဆောက်ပြီး သင့်လက်တွဲဖော်နဲ့ ရေရှည်မြဲတဲ့ နှောင်ကြိုးကို တည်ဆောက်လိုပါက သင်တို့နှစ်ယောက်ရဲ့ ဘဝရှု့ထောင့်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ လိုအပ်ပါတယ်။
သင့်လက်တွဲဖော်နဲ့ နေ့စဉ်ဘာတွေတိုင်ပင်သင့်သလဲ?
၁။ အနာဂတ်
သင်တို့အချစ်ရေးကို ရေရှည်တည်မြဲလိုရင် လက်တွဲဖော်နဲ့ နေ့စဉ်ဆွေးနွေးသင့်တဲ့ ပထမဆုံးအချက်က အနာဂတ်အတွက် မျှော်လင့်ချက်တွေဖြစ်ပါတယ်။
သင့်ဘဝသင်လုပ်ချင်တဲ့အရာအနာဂတ်အတွက် သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်သင့်ရဲ့အိမ်မက်တွေ
စုံတွဲတစ်တွဲဟာ သူတို့ရဲ့အနာဂတ်ကိုအတူတကွ မျှော်မှန်းကြည့်ပြီး အောင်မြင်ဖို့ ကြိုးပမ်းနိုင်ရင် အရမ်းကောင်းပါတယ်။ အနာဂတ်အကြောင်း ပြောဆိုခြင်းက နှစ်ယောက်စလုံးအတွက် အရမ်းအကျိုးရှိပါတယ်။
၂။ မိသားစုကိစ္စများ
မိသားစုရေးရာ ကိစ္စရပ်တွေဟာ သူတို့ (သို့)သင့်မိသားစုနှင့် ပတ်သတ်သည်ဖြစ်စေ စုံတွဲတွေ နေ့စဉ်နေ့တိုင်း ဆွေးနွေးသင့်တဲ့ အဓိကအကြောင်းအရာများထဲမှ တစ်ခုဖြစ်ပါတယ်။ ဥပမာအနေဖြင့် သင်ဟာ မိခင်နှင့် ပြဿနာတစ်ခု ရှိတယ်ဆိုပါစို့။ သူတို့ကို ပြောပြဖို့ အစပိုင်းမှာ အဆင်ပြေမှာ မဟုတ်ပါဘူး။
သို့သော် သင့်အပေါ် သက်ရောက်မှုရှိသော ပြဿနာရဲ့ ထိပ်ဆုံးမှာ ရှိနေခြင်းက ပြဿနာတစ်ခု ဖြစ်မလာခင် အခြေအနေတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်နိုင်ပါတယ်။ လက်တွဲဖော်ကောင်းတစ်ဦးဟာ သင့်ကို အမြဲကူညီပေးချင်ကြောင်း မမေ့ထားပါနဲ့။ ရင်ဖွင့်ဖို့လည်း မတွန့်ဆုတ်ပါနဲ့။
သင့်လက်တွဲဖော်အား သူတို့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုနှင့် သူတို့ရဲ့ဘဝအကြောင်း မေးမြန်းပါ။ သင့်လက်တွဲဖော်ရဲ့ အကျိုးစီးပွားနှင့် ပတ်သတ်ပြီး ပြောဆိုခြင်းဟာ သူတို့နှင့် ပတ်သတ်ပြီး သင်အားလုံး သိချင်ကြောင်း၊ အမှန်တကယ် စိတ်ဝင်စားကြောင်း သူယုံကြည်မှု ရှိလာစေဖို့ ကူညီပေးပါတယ်။
၃။ ကျန်းမာရေး
သင့်မှာ ကျန်းမာရေး ပြဿနာတွေရှိပါက၊ သင်တစ်ခုခုကို စိတ်ပူနေရင် (သို့) အရေးကြီးတဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ချဖို့ လိုနေရင် သင့်ရဲ့ စိုးရိမ်မှုတွေ၊ ပြဿနာတွေကို သင့်လက်တွဲဖော်အား မဖြစ်မနေ ဝေမျှပေးရပါမယ်။
relationship တစ်ခုမှာ အောင်မြင်မှုရဖို့ သော့ချက်တစ်ခုက လူနှစ်ယောက်စလုံးဟာ ကောင်းတဲ့အချိန်၊ ဆိုးတဲ့အချိန်တွေမှာ support လုပ်ပေးနိုင်ရပါမယ်။ အဲဒီလိုဖြစ်ဖို့ သူတို့ကို ကူညီပေးဖို့ လိုပါတယ်။
ထို့အပြင် သင့်ချစ်သူဟာ သင့်ဆုံးဖြတ်ချက်တွေမှာ သူတို့ရဲ့ထင်မြင်ချက်တွေ ထည့်သွင်းစဉ်းစားပေးတဲ့အတွက် ကျေနပ်အားရပါလိမ့်မယ်။
၄။ ငွေကြေး
ငွေကြေးဟာ စုံတွဲတွေ နေ့စဉ်ဆွေးနွေးသင့်တဲ့ အဓိကအကြောင်းအရာများထဲကတစ်ခုဖြစ်ပါတယ်။
သင်ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေတဲ့အရာက သင်တို့နှစ်ယောက်စလုံးအတွက် ဖြစ်တယ်ဆိုရင် ကိစ္စမရှိပါဘူး။ သင့်လက်တွဲဖော်ဟာ သင်အမှန်တကယ် မလုပ်ခင် သုံးစွဲဖို့ စီစဉ်ထားတဲ့အရာတွေကို သိဖို့အရေးကြီးပါတယ်။ ဒီအချက်ကို စဉ်းစားကြည့်ပါ။
သင့်အနေနဲ့ ကြည့်ရင် သင်ချစ်ရတဲ့သူက သင့်ကို အရင်ဆုံး တိုင်ပင်ဆွေးနွေးခြင်းမပြုဘဲ အရေးကြီးသော ဆုံးဖြတ်ချက်တွေ ချစေလိုမှာ မဟုတ်ပါဘူး။
ဒါ့အပြင် အတူတူ ဆုံးဖြတ်ချက်ချတာက နှစ်ယောာက်စလုံးကို team တစ်ခုတည်းဖြစ်သလို ခံစားရစေပြီး သံယောဇဉ်နှောင်ကြိုးကို ခိုင်မာစေပါတယ်။
၅။ လိင်မှုရေးရာ
ဒါကတော့ အိမ်ထောင်ရှင်တွေ ဆွေးနွေးသင့်တဲ့ အကြောင်းအရာများထဲက တစ်ခုပါ။ အိပ်ခန်းထဲမှာ ဖြစ်ပျက်သမျှနဲ့ ပတ်သတ်ပြီး ကိုယ့်အိမ်ထောင်ဖက်နဲ့ စကားလက်ဆုံပြောတတ်တဲ့ အလေ့အကျင့်ရဖို့ လိုအပ်ပါတဘ်။ လိင်မှုကိစ္စဟာ ဇနီးမောင်နှံအကြား ဘယ်တော့မှ မပြောအပ်တဲ့ ခေါင်းစဉ်တစ်ခု မဖြစ်စေရပါဘူးး။
သင်အိပ်ရာပေါ်မှာ ကြိုက်နှစ်သက်တဲ့အရာနှင့် မနှစ်သက်တဲ့အရာတွေအကြောင်း ပြောဆိုဖို့ ယုံကြည်စိတ်ချမှုရှိရန် အရေးကြီးပါတယ်။ လိင်အကြောင်းပြောတာဟာ အချိန်မရွေး၊ နေရာမရွေးပြုလုပ်နိုင်တဲ့အရာ မဟုတ်ပါဘူး။ သင့်မှာ ယုံကြည်မှုအလုံအလောက်ရှိရင် သင့်ရဲ့လိင်မှုကိစ္စအကြောင်း စကားပြောရန် သင့်တော်တဲ့အချိန်ရှာဖို့ မခက်ခဲပါဘူး။
၆။ ပန်းတိုင်များ
စုံတွဲတွေ ဆွေးနွေးသင့်တဲ့ အဓိကခေါင်းစဉ်တစ်ခုက သူတို့စိတ်ဝင်စားမယ့် အကြောင်းအရာတွေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ချက်ပြုတ်ခြင်း၊ ဥယျဉ်စိုက်ပျိုးခြင်း၊ စာရေးခြင်း၊ ယောဂ လုပ်ခြင်း (သို့) အခြား activity တွေရှိမရှိဆိုတာ ဆွေးနွေးနိုင်ပါတယ်။ သူတို့ ပြင်းပြတဲ့ အကြောင်းအရာနှင့် ပတ်သတ်ပြီး ပြောဆိုခြင်းမှာ သင်အမှန်တကယ် စိတ်ဝင်စားကြောင်း ခံစားရရင် သင့်လက်တွဲဖော် ဝမ်းမြောက်မှာ သေချာပါတယ်။
ထို့နည်းတူ သူတို့ ဝေမျှတဲ့အကြောင်းအရာတွေကို သင်စိတ်ဝင်စားကြောင်းပြဖို့လည်း သတိရပါ။ဒါက အပြန်အလှန်အကျိုးသက်ရောက်တာပါ။ သင်ကြားချင်ရင် ဘယ်လိုနားထောင်ရမယ်ဆိုတာ လေ့လာပါ။
သင့်လက်တွဲဖော်ဟာ ပရော်ဖက်ရှင်နယ်ကျကျ လုပ်တာပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာ(သို့) စိတ်ခံစားမှုကြောင့်လုပ်တာပဲ ဖြစ်ဖြစ် သင်လုပ်ကိုင်နေတဲ့အရာနှင့် ပတ်သတ်ပြီး ဂရုစိုက်ပါလိမ့်မယ်။
သင်ဘာမျော်လင့်ထားသလဲ၊ သင်ဘယ်လိုအောင်မြင်အောင် လုပ်ချင်လဲ၊ သင့်အိမ်မက်တွေ၊ စိန်ခေါ်မှုတွေအကြောင်း ပြောဆိုဖို့ သင့်ကိုယ်သင် အခွင့်အရေးပေးပါ။
ဒီအကြံဉာဏ်များကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ခိုင်မာသော သံယောဇဉ်နှင့် ကောင်းသော ဆက်ဆံရေးကို သင်ထိန်းသိမ်းနိုင်လိမ့်မယ်ဆိုတာ သေချာပါတယ်။
Lifestyle_Myanmar
၁။ အနာဂတ်
၂။ မိသားစုကိစ္စများ
၃။ ကျန်းမာရေး
၎။ ငွေကြေး
၅။ လိင်မှုရေးရာ
၆။ ပန်းတိုင်များ
Lifestyle_Myanmar