အခ်စ္ေရး

သင့္ခ်စ္သူေကာင္ေလးဟာ သင္ထင္တာထက္ပိုၿပီး နက္ရႈိင္းစြာခ်စ္မိေနမွန္း သိႏိုင္မယ့္လကၡဏာ (၅) မ်ိဳး..

သင့္ေကာင္ေလးဟာ သင္ထင္တာထက္ပိုၿပီး နက္ရႈိင္းစြာခ်စ္မိေနမွန္း သိႏိုင္မယ့္လကၡဏာ (၅) မ်ိဳး..

ေယာက်္ားေလးေတြဟာ သူတို႔ရဲ႕ခံစားခ်က္ေတြကို စကားလုံးေတြနဲ႔ ထုတ္ေဖာ္ျပေလ့မရွိၾကပါဘူး။

ဒါေပမယ့္လည္း သူတို႔ရဲ႕အျပဳအမူ၊ အေျပာအဆို၊ လႈပ္ရွားမႈတိုင္းမွာ သူတို႔ရဲ႕ ပုံရိပ္ေတြ ထင္ဟပ္ေနတတ္ပါတယ္။

တစ္ခါတေလ သင့္ေကာင္ေလးက သင့္ကို စကားခ်ိဳခ်ိဳေတြ၊ စကားလုံးလွလွေလးေတြ မေျပာလို႔ သင့္ကိုမခ်စ္ဘူးလို႔ သင္ထင္ေကာင္းထင္ပါလိမ့္မယ္။

ဒါေပမယ့္လည္း ခုေဖာ္ျပေပးမယ့္ အခ်က္ေလးေတြကို လုပ္ေပးခဲ့တယ္ဆိုရင္ သင္ထင္ထားတာထက္ကို သင့္ကိုပိုၿပီး နက္ရႈိင္းစြာခ်စ္ေနတဲ့သူဆိုတာ ေသခ်ာပါတယ္။

(၁) သူ႔ရဲ႕အျပဳအမူေလးေတြက ေဖာ္ျပေနမယ္

သင့္ကို ေငးၾကည့္ေနတာမ်ိဳး၊ ဆံပင္ေလးကို သပ္ေပးတာမ်ိဳးေလးေတြ၊ ေရဘူးအဖုံးကို အလိုက္တသိ ဖြင္ေ့ပးတာမ်ိဳး၊ ပူတဲ့အခ်ိန္ ယပ္ခပ္ေပးတာမ်ိဳးေလးေတြက သင့္ကိုသူ တကယ္ျမတ္ႏိုးတယ္ ဆိုတာကို ေဖာ္ျပေနတဲ့ အျပဳအမူေလးေတြပါ။

တစ္ခါတေလ အမွတ္မထင္ ေပြ႕ဖက္လိုက္တာမ်ိဳးေလးေတြ၊ ကေလးတစ္ေယာက္လို သင့္ကို ပြတ္သီးပြတ္သပ္လုပ္ေနတာမ်ိဳးေလးေတြက သင့္ထင္ထားတာထက္သင့္ကို နက္ရႈိင္းစြာခ်စ္ေနမိတယ္ဆိုတာ ေဖာ္ျပေနတဲ့ အျပဳအမူေလးေတြျဖစ္ပါတယ္။

(၂) ခံစားခ်က္ေတြ မွ်ေဝတယ္

သင့္ရဲ႕တစ္ေန႔တာ ျဖတ္သန္းပုံေလးေတြကိုေမးတယ္၊ သူ႔အေၾကာင္းေတြကိုလည္း ေျပာျပတယ္ဆိုတာ သင့္ကိုသူ အရမ္းခ်စ္လို႔ပါ။

တစ္ခါတေလ ဘယ္သူမွမသိတဲ့ သူ႔ဘဝရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြ၊ သူ႔အားနည္းခ်က္ေတြကိုေတာင္ သင့္ကိုေျပာျပတယ္၊ ရင္ဖြင့္တယ္ဆိုရင္

သင္ဟာ သူ႔ဘဝအတြက္အေရးပါဆုံး လူတစ္ေယာက္ျဖစ္ေနၿပီး သင္ထင္ထားတာထက္ေတာင္ သင့္ကို နက္ရႈိင္းစြာပိုခ်စ္ေနတဲ့ လကၡဏာျဖစ္ပါတယ္။

(၃) သင္နဲ႔နီးစပ္ဖို႔ႀကိဳးစားတယ္

သင္မနက္အိပ္ရာႏိုးတိုင္း စာေလးေတြ ပို႔ေပးတာမ်ိဳး၊ ညအိပ္ရာဝင္ခါနီးတိုင္း ပုံမွန္ ဖုန္းဆက္ေပးတာမ်ိဳးေလးေတြ ျပဳလုပ္ေပးမွာပါ။ ဒါတင္မကေသးပါဘူး။

သူဘယ္ေလာက္ပဲ အလုပ္မ်ားေနပါေစ သင့္ကို ေတြ႕ခြင့္ရဖို႔ႀကိဳးစားတယ္၊ အခ်ိန္ေပးတယ္၊

သင္နဲ႔ေတြ႕ရဖို႔ အၿမဲတမ္း စိတ္လႈပ္ရွားေနတတ္တယ္၊ သင့္အနားမွာရွိေနရတာကို ေပ်ာ္တယ္ဆိုရင္ေတာ့ သင့္ထင္တာထက္ သင့္ကိုပိုၿပီး နက္ရႈိင္းစြာခ်စ္မိေနတဲ့ လကၡဏာျဖစ္ပါတယ္။

(၄) သင့္ကိုအေလးထားတယ္

သင္ေျပာဖူးတဲ့စကားေလးေတြကို အၿမဲမွတ္ထားေပးတာမ်ိဳးေလးေတြ၊ သင္ခံစားရသမွ်ကို ထပ္တူလိုက္ၿပီး ခံစားေပးတာမ်ိဳးေလးေတြအျပင္သင္နဲ႔ပတ္သက္တဲ့ အရာတိုင္းကို အမွတ္ရၿပီး မေမ့တတ္တဲ့သူျဖစ္ပါတယ္။

သင့္ကို ဆူပူမာန္မဲတာမ်ိဳး၊ အျပစ္တင္တာမ်ိဳးေတြ ဘယ္ေတာ့မွလုပ္မွာမဟုတ္သလို၊ စကားလုံးေတြကအစ၊ အျပဳအမူေတြအဆုံးသင့္ကို တန္ဖိုးထားတယ္ဆိုတာ ေပၚလြင္ေနမယ့္သူမ်ိဳးပါ။

(၅) အေလွ်ာ့ေပးတယ္

လူတိုင္းဟာ မာနကိုယ္စီ၊ အတၱကိုယ္စီရွိၾကတဲ့သူေတြခ်ည္းပါပဲ။

ကိုယ္မွန္တယ္ထင္တဲ့အရာတစ္ခုကို တစ္ဖက္သားနဲ႔ ထိပ္တိုက္ျဖစ္လာတဲ့အခါ လြယ္လြယ္နဲ႔ အေလွ်ာ့မေပးတတ္တာ လူ႔သဘာဝပါပဲ။

ဒါေပမယ့္ သင့္ခ်စ္သူဟာ သင့္ကို အၿမဲတမ္းလိုလိုအေလွ်ာ့ေပးတယ္၊ သင္စိတ္ေက်နပ္ဖို႔ပဲသူ အေလးထားတယ္၊ မာနေတြအားလုံးခဝါခ်ၿပီးသင့္ကို အၿမဲတမ္း အလိုလိုက္ၿပီး သည္းခံခြင့္လႊတ္ခဲ့ရင္ သင္ထင္ထားတာထက္ သင့္ကို ပိုၿပီးနက္ရႈိင္းစြာခ်စ္ေနမိတဲ့ လကၡဏာျဖစ္ပါတယ္။

Credit:EM EM

unicode

သင့်ကောင်လေးဟာ သင်ထင်တာထက်ပိုပြီး နက်ရှိုင်းစွာချစ်မိနေမှန်း သိနိုင်မယ့်လက္ခဏာ (၅) မျိုး..

ယောကျ်ားလေးတွေဟာ သူတို့ရဲ့ခံစားချက်တွေကို စကားလုံးတွေနဲ့ ထုတ်ဖော်ပြလေ့မရှိကြပါဘူး။

ဒါပေမယ့်လည်း သူတို့ရဲ့အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုတိုင်းမှာ သူတို့ရဲ့ ပုံရိပ်တွေ ထင်ဟပ်နေတတ်ပါတယ်။

တစ်ခါတလေ သင့်ကောင်လေးက သင့်ကို စကားချိုချိုတွေ၊ စကားလုံးလှလှလေးတွေ မပြောလို့ သင့်ကိုမချစ်ဘူးလို့ သင်ထင်ကောင်းထင်ပါလိမ့်မယ်။

ဒါပေမယ့်လည်း ခုဖော်ပြပေးမယ့် အချက်လေးတွေကို လုပ်ပေးခဲ့တယ်ဆိုရင် သင်ထင်ထားတာထက်ကို သင့်ကိုပိုပြီး နက်ရှိုင်းစွာချစ်နေတဲ့သူဆိုတာ သေချာပါတယ်။

(၁) သူ့ရဲ့အပြုအမူလေးတွေက ဖော်ပြနေမယ်

သင့်ကို ငေးကြည့်နေတာမျိုး၊ ဆံပင်လေးကို သပ်ပေးတာမျိုးလေးတွေ၊ ရေဘူးအဖုံးကို အလိုက်တသိ ဖွင်ေ့ပးတာမျိုး၊ ပူတဲ့အချိန် ယပ်ခပ်ပေးတာမျိုးလေးတွေက သင့်ကိုသူ တကယ်မြတ်နိုးတယ် ဆိုတာကို ဖော်ပြနေတဲ့ အပြုအမူလေးတွေပါ။

တစ်ခါတလေ အမှတ်မထင် ပွေ့ဖက်လိုက်တာမျိုးလေးတွေ၊ ကလေးတစ်ယောက်လို သင့်ကို ပွတ်သီးပွတ်သပ်လုပ်နေတာမျိုးလေးတွေက သင့်ထင်ထားတာထက်သင့်ကို နက်ရှိုင်းစွာချစ်နေမိတယ်ဆိုတာ ဖော်ပြနေတဲ့ အပြုအမူလေးတွေဖြစ်ပါတယ်။

(၂) ခံစားချက်တွေ မျှဝေတယ်

သင့်ရဲ့တစ်နေ့တာ ဖြတ်သန်းပုံလေးတွေကိုမေးတယ်၊ သူ့အကြောင်းတွေကိုလည်း ပြောပြတယ်ဆိုတာ သင့်ကိုသူ အရမ်းချစ်လို့ပါ။

တစ်ခါတလေ ဘယ်သူမှမသိတဲ့ သူ့ဘဝရဲ့လျှို့ဝှက်ချက်တွေ၊ သူ့အားနည်းချက်တွေကိုတောင် သင့်ကိုပြောပြတယ်၊ ရင်ဖွင့်တယ်ဆိုရင်

သင်ဟာ သူ့ဘဝအတွက်အရေးပါဆုံး လူတစ်ယောက်ဖြစ်နေပြီး သင်ထင်ထားတာထက်တောင် သင့်ကို နက်ရှိုင်းစွာပိုချစ်နေတဲ့ လက္ခဏာဖြစ်ပါတယ်။

(၃) သင်နဲ့နီးစပ်ဖို့ကြိုးစားတယ်

သင်မနက်အိပ်ရာနိုးတိုင်း စာလေးတွေ ပို့ပေးတာမျိုး၊ ညအိပ်ရာဝင်ခါနီးတိုင်း ပုံမှန် ဖုန်းဆက်ပေးတာမျိုးလေးတွေ ပြုလုပ်ပေးမှာပါ။ ဒါတင်မကသေးပါဘူး။

သူဘယ်လောက်ပဲ အလုပ်များနေပါစေ သင့်ကို တွေ့ခွင့်ရဖို့ကြိုးစားတယ်၊ အချိန်ပေးတယ်၊

သင်နဲ့တွေ့ရဖို့ အမြဲတမ်း စိတ်လှုပ်ရှားနေတတ်တယ်၊ သင့်အနားမှာရှိနေရတာကို ပျော်တယ်ဆိုရင်တော့ သင့်ထင်တာထက် သင့်ကိုပိုပြီး နက်ရှိုင်းစွာချစ်မိနေတဲ့ လက္ခဏာဖြစ်ပါတယ်။

(၄) သင့်ကိုအလေးထားတယ်

သင်ပြောဖူးတဲ့စကားလေးတွေကို အမြဲမှတ်ထားပေးတာမျိုးလေးတွေ၊ သင်ခံစားရသမျှကို ထပ်တူလိုက်ပြီး ခံစားပေးတာမျိုးလေးတွေအပြင်သင်နဲ့ပတ်သက်တဲ့ အရာတိုင်းကို အမှတ်ရပြီး မမေ့တတ်တဲ့သူဖြစ်ပါတယ်။

သင့်ကို ဆူပူမာန်မဲတာမျိုး၊ အပြစ်တင်တာမျိုးတွေ ဘယ်တော့မှလုပ်မှာမဟုတ်သလို၊ စကားလုံးတွေကအစ၊ အပြုအမူတွေအဆုံးသင့်ကို တန်ဖိုးထားတယ်ဆိုတာ ပေါ်လွင်နေမယ့်သူမျိုးပါ။

(၅) အလျှော့ပေးတယ်

လူတိုင်းဟာ မာနကိုယ်စီ၊ အတ္တကိုယ်စီရှိကြတဲ့သူတွေချည်းပါပဲ။

ကိုယ်မှန်တယ်ထင်တဲ့အရာတစ်ခုကို တစ်ဖက်သားနဲ့ ထိပ်တိုက်ဖြစ်လာတဲ့အခါ လွယ်လွယ်နဲ့ အလျှော့မပေးတတ်တာ လူ့သဘာဝပါပဲ။

ဒါပေမယ့် သင့်ချစ်သူဟာ သင့်ကို အမြဲတမ်းလိုလိုအလျှော့ပေးတယ်၊ သင်စိတ်ကျေနပ်ဖို့ပဲသူ အလေးထားတယ်၊ မာနတွေအားလုံးခဝါချပြီးသင့်ကို အမြဲတမ်း အလိုလိုက်ပြီး သည်းခံခွင့်လွှတ်ခဲ့ရင် သင်ထင်ထားတာထက် သင့်ကို ပိုပြီးနက်ရှိုင်းစွာချစ်နေမိတဲ့ လက္ခဏာဖြစ်ပါတယ်။

Credit:EM EM