ၾကားသိရသမွ်

၁၇နှစ်ကြာအတူနေထိုင်ခဲ့တဲ့ အိမ်ဖော်ကို ၂ထပ်တိုက်အိမ်တစ်လုံးဖြင့် ကျေးဇူးဆပ်ခဲ့တဲ့ ဖိလစ်ပိုင်မင်းသမီးနှင့်ခင်ပွန်း (ရုပ်သံ)

တီဗီဇာတ်လမ်းတွဲ ‘Kadenang Ginto’ (‘The Heiress’) မှလူသိများကျော်ကြားတဲ့ဖိလစ်ပိုင်မင်းသမီး Dimples Romana ဟာ မကြာသေးမီက သူမအပေါ်သစ္စာစောင့်သိသူတစ်ဦးရဲ့ဘဝကိုပြောင်းလဲစေတဲ့ အားတက်ဖွယ် vlog ဗွီဒီယိုတစ်ခုကိုထုတ်ပြခဲ့ပါတယ်။သူတို့ချစ်သူစုံတွဲဟာ သူတို့နှင့်၁၇ နှစ်လုံးလုံးအတူနေထိုင်ခဲ့တဲ့ အိမ်ဖော်ကို ၂ထပ်တိုက်အိမ်ဖြင့် အံ့အားသင့်စေခဲ့ပါတယ်။အောက်တိုဘာ ၁၆ ရက်နေ့က YouTubeမှာ Romana တင်လိုက်တဲ့ vlogရဲ့အစမှာတော့ Romana နှင့်ခင်ပွန်း Boyet Ahmee တို့ဟာ အိမ်ဖော်ဖြစ်သူVilma ကသူတို့ဘဝထဲမည်သို့ရောက်ရှိခဲ့သည်ကို ပြောဆိုနေခဲ့ကြပြီး သူတို့ရဲ့ ဗွီဒီယိုမှာတစိတ်တပိုင်းအနေဖြင့် ပါဝင်ရန် Vilma အားဖိတ်ခေါ်ခဲ့ကြပါတယ်။Romana က Vilmaရဲ့ထင်မြင်ချက်ဟာ သူတို့အတွက်အရေးကြီးကြောင်းပြောကာ အိမ်နဲ့ပတ်သက်တဲ့သူ့မရဲ့အမြင်ကိုမျှဝေဖို့ Vilmaကိုတောင်းဆိုခဲ့ကြပါတယ်။

Vilma ဟာ သူမကိုယ်သူမကင်မရာဖြင့်မိတ်ဆက်ပြီး Romana တို့စုံတွဲဟာသူမအပေါ်ကြင်နာကြောင်းကို ပြောဆိုကာ သူမရဲ့အိပ်မက်က တစ်နေ့အိမ်တစ်လုံးပိုင်ဆိုင်နိုင်ရန် ဖြစ်ကြောင်းဗွီဒီယိုမှာ မျှဝေခဲ့ပြီး တစ်ချိန်တည်းမှာဘဲ Vilmaဟာ အဆိုပါအိမ်ကို Romanaတို့စုံတွဲနောင်တစ်ချိန်မှာ ငှါးရမ်းမယ်လို့လဲထင်နေခဲ့ပါတယ်။

သူတို့ဟာ ဧည့်ခန်း၊မီးဖိုချောင်နှင့်ရေချိုးခန်းများရှိနေရာတစ်ခုစီကိုဝင်ကြည့်ကာ လှောင်ပြောင်ပြောဆိုနေခဲ့ကြပြီး ဒုတိယထပ်ရှိအခန်းများကိုလည်းဝင်စစ်ဆေးခဲ့ကြပါတယ်။သူတို့အဓိကဖြစ်တဲ့အိပ်ခန်းကိုရောက်တော့ Vilma ဟာသူမမြင်တွေ့ခဲ့ရတာကို လုံးဝထိတ်လန့်သွားခဲ့ရပါတယ်။Vilma ဟာနံရံပေါ်ရှိ ‘ဟုတ်ကဲ့၊ ဒါကမင်းအတွက်ပါ’ဆိုတဲ့ စာသားကိုမြင်တော့ မျက်ရည်တွေဝဲကာ”Why me”ဟုမေးခဲ့ပါတယ်။

မကြာခင်မှာပဲ သူတို့အားလုံးဟာ မျက်ရည်တွေကျလာပြီး Vilma ကသူတို့ကိုနက်နက်ရှိုင်းရှိုင်းကျေးဇူးတင်ကြောင်းဆိုခဲ့ပါတယ်။Romanaနှင့်Ahmee တို့ကလည်း အခက်အခဲများကြားမှ Vilma အား လစာမပေးနိုင်တဲ့နှစ်တွေရှိခဲ့ပေမဲ့ သူတို့နား မခွါဘဲအတူရှိနေပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းကို ထုတ်ဖော်ပြောဆိုကာ Vilmaအား အိမ်သူအိမ်သားတစ်ယောက်အလား ပျော်ရွှင်စွာအိမ်ကိုလွှဲပြောင်းပေးခဲ့ပြီး မိသားစုဝင်တစ်ယောက်အဖြစ် သဘောထားစေခဲ့ကြပါတယ်။Vilmaဟာ မပြောင်းလဲတဲ့သူမရဲ့စေတနာမေတ္တာတွေကြောင့် သူမနဲ့ထိုက်တန်တဲ့ဆုတောင်းကိုပြန်လည်ရရှိခဲ့ရပါတယ်။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

တီဗီဇာတ်လမ်းတွဲ ‘Kadenang Ginto’ (‘The Heiress’) မှလူသိများကျော်ကြားတဲ့ဖိလစ်ပိုင်မင်းသမီး Dimples Romana ဟာ မကြာသေးမီက သူမအပေါ်သစ္စာစောင့်သိသူတစ်ဦးရဲ့ဘဝကိုပြောင်းလဲစေတဲ့ အားတက်ဖွယ် vlog ဗွီဒီယိုတစ်ခုကိုထုတ်ပြခဲ့ပါတယ်။သူတို့ချစ်သူစုံတွဲဟာ သူတို့နှင့်၁၇ နှစ်လုံးလုံးအတူနေထိုင်ခဲ့တဲ့ အိမ်ဖော်ကို ၂ထပ်တိုက်အိမ်ဖြင့် အံ့အားသင့်စေခဲ့ပါတယ်။အောက်တိုဘာ ၁၆ ရက်နေ့က YouTubeမှာ Romana တင်လိုက်တဲ့ vlogရဲ့အစမှာတော့ Romana နှင့်ခင်ပွန်း Boyet Ahmee တို့ဟာ အိမ်ဖော်ဖြစ်သူVilma ကသူတို့ဘဝထဲမည်သို့ရောက်ရှိခဲ့သည်ကို ပြောဆိုနေခဲ့ကြပြီး သူတို့ရဲ့ ဗွီဒီယိုမှာတစိတ်တပိုင်းအနေဖြင့် ပါဝင်ရန် Vilma အားဖိတ်ခေါ်ခဲ့ကြပါတယ်။Romana က Vilmaရဲ့ထင်မြင်ချက်ဟာ သူတို့အတွက်အရေးကြီးကြောင်းပြောကာ အိမ်နဲ့ပတ်သက်တဲ့သူ့မရဲ့အမြင်ကိုမျှဝေဖို့ Vilmaကိုတောင်းဆိုခဲ့ကြပါတယ်။

Vilma ဟာ သူမကိုယ်သူမကင်မရာဖြင့်မိတ်ဆက်ပြီး Romana တို့စုံတွဲဟာသူမအပေါ်ကြင်နာကြောင်းကို ပြောဆိုကာ သူမရဲ့အိပ်မက်က တစ်နေ့အိမ်တစ်လုံးပိုင်ဆိုင်နိုင်ရန် ဖြစ်ကြောင်းဗွီဒီယိုမှာ မျှဝေခဲ့ပြီး တစ်ချိန်တည်းမှာဘဲ Vilmaဟာ အဆိုပါအိမ်ကို Romanaတို့စုံတွဲနောင်တစ်ချိန်မှာ ငှါးရမ်းမယ်လို့လဲထင်နေခဲ့ပါတယ်။သူတို့ဟာ ဧည့်ခန်း၊မီးဖိုချောင်နှင့်ရေချိုးခန်းများရှိနေရာတစ်ခုစီကိုဝင်ကြည့်ကာ လှောင်ပြောင်ပြောဆိုနေခဲ့ကြပြီး ဒုတိယထပ်ရှိအခန်းများကိုလည်းဝင်စစ်ဆေးခဲ့ကြပါတယ်။သူတို့အဓိကဖြစ်တဲ့အိပ်ခန်းကိုရောက်တော့ Vilma ဟာသူမမြင်တွေ့ခဲ့ရတာကို လုံးဝထိတ်လန့်သွားခဲ့ရပါတယ်။Vilma ဟာနံရံပေါ်ရှိ ‘ဟုတ်ကဲ့၊ ဒါကမင်းအတွက်ပါ’ဆိုတဲ့ စာသားကိုမြင်တော့ မျက်ရည်တွေဝဲကာ”Why me”ဟုမေးခဲ့ပါတယ်။