အချစ်ရေး ကံမကောင်းတဲ့သူတွေအတွက် အချစ်ရေးကံကောင်းလာဖို့ နည်းလမ်းကောင်းလေး
တစ်ချို့ လူတွေက အရမ်းချစ်တတ်တဲ့ သူတွေဖြစ်ပေမယ့်
အချစ်ရေးကံ မကောင်းတတ်ကြပါဘူး။
အမြဲတမ်း ထားပစ်ခံရတာတွေ၊ အသည်းခွဲသွားတာတွေ၊
နာကျင် ရတာတွေပဲ များနေတတ်ပါတယ် …။
ဒီလို အချစ်ရေး ကံမကောင်းတာကြီးက ကိုယ့်အပြစ် မဟုတ်ပေမယ့်လို့
ကိုယ့်ဘက်ကနေ ပြင်ဆင်ရမယ့် အချက်လေးတွေ ရှိနေပါတယ်။
ဒီအချက်တွေက သင့်ကို အချစ်ရေး ကံကောင်းသူတစ်ယောက် ဖြစ်လာစေမှာပါနော် …။
(၁) ထားရစ်ခဲ့တဲ့ သူတွေကို ကျေးဇူးတင်လိုက်ပါ။
ကိုယ့်အပေါ် ထားရစ်ခဲ့ဖူးတယ်၊
ကိုယ့်ကိုယ် နာကျင်စေခဲ့ဖူးတဲ့ တစ်ချိန်က လူတွေကို ကျေးဇူးတင်လိုက်ပါ။
ဘာကြောင့်လဲဆိုတော့ ဒါဟာလည်း ဘဝရဲ့ သင်ခန်းစာ တစ်ခုပါပဲ။
သူတို့ဆီက ရလိုက်တဲ့ သင်ခန်းစာတွေနဲ့ တစ်ချိန်က
ကိုယ့်ကိုယ် ချစ်ပေးခဲ့တာတွေ အတွက် ကျေးဇူးသာ တင်လိုက်ပါ …။
သူတို့ ကိုယ့်ဆီက ထွက်သွားတာဟာ ကိုယ်နဲ့ မထိုက်တန်လို့ ဆိုတာပဲ
မှတ်ယူလိုက်ရင် သင့်စိတ်တွေ သက်သာရာ ရလာပါလိမ့်မယ် …။
(၂) တစ်ယောက်တည်း ခဏနေကြည့်ပါ။
အချစ်ရေး ကံမကောင်းဘူးဆိုပြီး ပိုကောင်းတဲ့ အချစ်ရေးကို
ရှာဖွေနေတာမျိုးက နည်းလမ်းအမှန် မဟုတ်သေးပါဘူး။
အရင်ဆုံး တစ်ယောက်တည်း ခဏနေကြည့်ပါ။
ချစ်သူရည်းစား မရှိလည်း ဘဝကြီးက ပျော်စရာတွေ အများကြီး ရှိ နေပါသေးတယ် …။
ဒီတော့ တစ်ယောက်တည်း အချိန်ဖြုန်းကြည့်ပြီး
အချစ်ရေး ကံမကောင်းရတဲ့ အကြောင်းအရင်းတွေကို ပြန်လည် သုံးသပ်ပါ။
ကိုယ့်ရဲ့ စိတ်ကို သေချာနားလည်အောင် အရင် ပြုလုပ်ပါ …။
(၃) သေချာလေ့လာပါ
အချစ်ရေး ကံမကောင်းခြင်းရဲ့ နောက်ကွယ်မှာ လေ့လာမှု နည်းတာလည်း ပါဝင်လို့ နေပါတယ် …။
လူတစ်ယောက်အကြောင်းကို သေချာမသိပဲ ချစ်လိုက်မိတဲ့အခါ
ကိုယ့်အတွက် အလွယ်တကူ နာကျင် ဝမ်းနည်းစရာတွေ ဖြစ်လာစေ တတ်ပါတယ် …။
ဒါကြောင့် တစ်စုံတစ်ယောက်ကို ရွေးချယ်တော့ မယ်ဆိုရင်
အရင်ဆုံး အချိန်တစ်ခုပေးပြီး လေ့လာပါ။
မြင်မြင်ချင်း ချစ်မိသွားတဲ့ အချစ်ဆိုတာ
ဝတ္ထုတွေနဲ့ ဇာတ်ကားတွေ လောက်မှာသာ ကြည့်လို့ကောင်းတာပါ …။
(၄) စိတ်ထားကောင်းပြီး ကြင်နာတတ်သူ ဖြစ်အောင် ကြိုးစားပါ
မေတ္တာဆိုတာ အသွားအပြန် ရှိပါတယ်။
တကယ်လို့ ကိုယ်ရဲ့ မေတ္တာတွေ မှန်ကန်နေရင်တော့ စစ်မှန်တဲ့ အချစ်က
ကိုယ့်ဆီကို တည့်တည့်မတ်မတ် ရောက်လာမှာပါ။
ဒါကြောင့်ကိုယ်ဟာ သူများတွေအပေါ်
ကြင်နာတတ်တဲ့သူ ဖြစ်အောင် ကြိုးစားပြီး နေပါ …။
စိတ်ထားကောင်းခြင်းက သင့်ကို လှပတဲ့ချစ်ခြင်းဆီ
ခေါ်ဆောင် သွားပေးနိုင်ပါတယ်။
ဒီအချက်လေးတွေက အချစ်ရေး ကံမကောင်းတဲ့သူကနေ
အချစ်ရေး ကံကောင်းတဲ့သူတစ်ယောက် ဖြစ်လာစေမှာပါနော် …။ ။
ခင်
Unicode