ကိုယ့်တန်ဘိုးကို သူများဆီမှာ မသွန်ချပါနဲ့
ဒီလူက ကိုယ့်ကို ဒီလိုပြောလို့ကိုယ်ကလိုက်ပြီး ဒီလိုပြောရလားလို့၊တုံ့ပြန်လိုက်တယ်၊
ဟိုလူက ဟိုလိုပြောလို့ ဘာလို့ဟိုလိုပြောရလဲဆိုပြီးလိုက်တုံ့ပြန်လိုက်တယ်၊
ဒီလိုလုပ်ခြင်းဟာမပြီးနိုင်တဲ့ သံသရာကို ချဲ့ထွင်ဖို့ကြိုးစားနေတာနဲ့တူပါတယ်။
ကိုယ်တုံ့ပြန်ဖို့စဉ်းစားတဲ့အခါမှာပဲဖြစ်ဖြစ်၊
တုံ့ပြန်လိုက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ကိုယ့်စိတ်ဆင်းရဲနေရမှာအမှန်ပါပဲ။
ပတ်သက်စရာမကောင်းတဲ့သူကို သွားတုံပြန်လိုက်ခြင်းဟာလည်း
စိတ်ဆင်းရဲဖို့ ပတ်သက်လိုက်တာတစ်မျိုးပါပဲ။
အော်ဒီလူက ဒီလိုပြောတတ်ပါလား၊ဟိုလူကဟိုလိုပြောတတ်ပါလား၊
ကိုယ့်စိတ်ထဲမှာ မှတ်သားလိုက်တယ်။
မှတ်သားတယ်ဆိုတာ ခံစားပေါက်ကွဲနေဖို့ မဟုတ်ပါဘူး။
သူက ဒီအတိုင်းပြောတတ်တဲ့သူတစ်ယောက်ပါလား။
သူ့ကိုဝေးဝေးကရှောင်မှအကုသိုလ်ကင်းမယ်။
သူပါးစပ်ကို သူတန်ဖိုးမထားတတ်တော့ သူပြောမှာပဲလေ။
လူဆိုတာ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိကြတာပဲလေ
ကိုယ်က ပြန်လည်တုံ့ပြန်လိုက်တော့
ကိုယ့်တန်ဖိုးကိုသူ့ဆီမှာ သွားသွန်ချတာနဲ့တူနေမှာပေါ့။
ကိုယ်လည်းကိုယ့်တန်ဖိုးနဲ့ကိုယ်
အေးအေးချမ်းချမ်းနေတာပဲကောင်းပါတယ်လေ ဆိုပြီး၊ သူတို့အဆင်ပြေကြပါစေ။
ကိုယ့်တန်ဖိုးကလည်း သူများပါးစပ်ဖျားမှာ
ရှိနေတာမဟုတ်လေတော့ လိုတစ်မျိုး၊မလိုတစ်မျိုးပြောတဲ့သူတွေရဲ့
စကားကို သံယောင်လိုက် တုံပြန်နေရင်အမုန်းသံသရာရှည်တာကလွဲပြီး
ဘာအကျိုးထူးမှာလဲဆိုတဲ့ စိတ်ထားလေးတွေ မွေးနိုင်ရင်။ ကိုယ့်ဘဝနဲ့ကိုယ်အေးချမ်းမှာ အမှန်ပါပဲ။
ဒါကြောင့် ဘယ်သူက ကိုယ့်ကို ဘာပြောပြောသိပ်ပြီး ဘဝအတွက်အရေးမပါရင်။
သူ့ကိုပြန်တုံ့ပြန်ပြီး ကိုယ့်တန်ဖိုးကို သူ့ဆီမှာ သွန်ချဖို့မကြိုးစားလိုက်ပါနဲ့၊
ကိုယ့်တန်ဖိုးကျသွားတာပဲ ရှိပါလိမ့်မယ်။
မေတ္တာဖြင့်
အရှင်ဇနက(မန္တလေးစာသင်သား)
Unicode