Life Style

ကောင်လေးတွေ ပြောတဲ့ အကောင်းဆုံး ချစ်သူမိန်းကလေးမှာ ရှိတဲ့ လက္ခဏာရပ်များ

ကောင်မလေးတွေ ယူဆတတ်ကြတာက ကောင်လေးတွေက လှတပတ ကောင်မလေးတွေကို စိတ်အဝင်စားဆုံး သဘောအကျဆုံးလို့ပဲ ဖြစ်ပါတယ်။

တကယ်က အဲ့သည့် ယူဆချက်က မှားပါတယ်။ ကောင်လေးတွေက လှတပတလေးတွေကို ကြိုက်တယ်ဆိုတာက အပေါ်ယံပဲ ဖြစ်ပါတယ်။

တကယ်တမ်း ကောင်လေးတွေ အများစု လက်ခံထားကြတဲ့ အကောင်းဆုံး ချစ်သူမိန်းကလေးဆိုတာကတော့ ဒီအချက်တွေနဲ့ ကိုက်ညီနေတဲ့သူတွေ ဖြစ်ပါတယ်။

(၁) ကိုယ့်ကိုယ်ကို လက်ခံယုံကြည်တယ်

ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့သူက ချစ်စရာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ အသားအရေ ကိုယ့်ရဲ့ နေထိုင်မှု ပုံစံတွေအတွက် ကျေကျေနပ်နပ် လက်ခံပြီး

နှစ်သက်တတ်သူတွေက သဘောကျစရာကောင်းတယ်လို့ အမျိုးသားတွေက လက်ခံထားပါတယ်။

(၂) စမတ်ကျတယ်

ကလေးတွေလို မရင့်ကျက်တဲ့ ဟန်တွေ မရှိတာကလည်း စိတ်ဝင်စားစရာ တစ်ချက်ပါ။

ကလေးဆန်တဲ့ ဟန်တွေက ချစ်ဖို့ကောင်းတယ်လို့ ယူဆပေမယ့် လက်တွေ့ဘဝအတွက်တော့ မရွေးချင်တတ်ကြပါတယ်။

စမတ်ကျပြီး အရည်အချင်း ရှိတဲ့ ရင့်ကျက်တဲ့ အမျိုးသမီးတွေကသာ ကိုယ့်နဲ့အတူ ဘဝကို တည်ဆောက်နိုင်မယ်လို့ တွေးတတ်ကြပါသေးတယ်။

(၃) အမှီအခို ကင်းတယ်

ကိုယ့် ခြေထောက်ပေါ် ကိုယ် လွတ်လွတ်လပ်လပ် ရပ်တည်နိုင်တဲ့ မိန်းကလေးတွေက တစ်ခြားသူကို မှီခိုလေ့ မရှိပါဘူး။

သူတို့က ပြဿနာတွေကိုလည်း ကောင်းကောင်း ဖြေရှင်းနိုင်စွမ်း ရှိကြသလို အလွယ်တကူနဲ့ အကူအညီ မတောင်းတတ်သူတွေ ဖြစ်ပါတယ်။

ကောင်လေးတွေအတွက်တော့ အမြဲ မိန်းကလေးတစ်ယောက်ကို ကလေးထိန်းရသလို မထိန်းချင်တာကြောင့် ဒီလို ကောင်မလေးမျိုးကို နှစ်သက်ကြပါတယ်။

(၄) ကိုယ်စိတ်နှစ်ပါးလုံးကို ဂရုစိုက်တယ်

ဘယ်သူ့ ဘယ်သူအတွက်မှ မဟုတ်ပဲ ကိုယ့်အတွက် စိတ်အေးချမ်းမှုနဲ့ အနားယူမှုတွေ ရဖို့အတွက် ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ကြပါတယ်။

ယောင်္ကျားတွေအတွက် ကိုယ့်ကိုယ်ကို ဂရုစိုက်တာမျိုး လုပ်စရာ မလိုအပ်ပဲ ကိုယ့်အတွက် ကိုယ် လုပ်ဖို့ လိုအပ်တယ်လို့ တွေးကြပါတယ်။

ဒီလို ကောင်လေးမျိုးက သူတို့အတွက် စိတ်အေးချမ်းစေတဲ့ကောင်မလေးမျိုးလို့ ကောင်လေးတွေက ယူဆပါတယ်။

(၅) သစ္စာရှိတယ်

သူမကတော့ တစ်ခြားတစ်ယောက်ကို ဘယ်လို ဂရုစိုက်မှု ပေးသင့်တယ်ဆိုတာကို သိပါတယ်။

ဒါပေမယ့် မှားနေတဲ့အရာတွေကိုတော့ သူမက လက်ခံ မပေးနိုင်ပါဘူး။ သစ္စာရှိတဲ့ ကောင်မလေးတွေကို ကောင်လေးတွေက စွန့်ခွာဖို့ စိတ်ကူးမရှိတာ များပါတယ်။

(၆) ပစ္စည်းဥစ္စာ မမက်မောသူ

ကောင်လေးတွေ မနှစ်မြို့ဆုံးကတော့ ငွေမက်တဲ့ ဥစ္စာဓနတွေကို မက်မောတတ်တဲ့ မိန်းကလေးတွေ ဖြစ်ပါတယ်။

သူတို့ကို ဝန်ပိစေတယ်လို့လည်း ခံစားရသလို သူတို့ရဲ့ ဖြစ်တည်မှုကို တကယ် မနှစ်သက်ဘဲ ပစ္စည်းဥစ္စာကိုသာ အာရုံစိုက် မက်မောသူတွေလို့ ခံစားရတာကြောင့်

လောဘ နည်းတဲ့ မိန်းကလေးတွေကို အမျိုးသားတွေက သဘောကျတတ်ပါတယ်။

(၇) ယောင်္ကျားတစ်ယောက်အဖြစ် မြင်တယ်

ဒီလို မိန်းကလေးမျိုးက ကိုယ့်ကောင်လေးကို အကောင်းဆုံး လမ်းကို လျှောက်လှမ်းစေချင်တဲ့သူတွေ ဖြစ်ပါတယ်။

မလုပ်သင့် မလုပ်ထိုက်တာတွေ မလုပ်မိအောင် ဘေးကနေ သတိပေး ထိန်းကျောင်းနေတတ်ပါတယ်။

ယောင်္ကျားတစ်ယောက် ပီသစွာ ရပ်တည်နိုင်စေဖို့ အထောက်အပံ့ပေးနေတတ်သူ ဖြစ်ပါတယ်။

Kham