တခ်ဳိ႕ မိန္းကေလးေတြမွာ ခ်စ္ရင္ လုပ္တတ္တဲ႔ အက်င့္တခုရွိတယ္ ။အဲဒါက ကိုက္တာ အားတိုင္းယားတိုင္း ကိုက္တာသူတို႕ေျပာတာက ခ်စ္လို႕ကိုက္တာပါတဲ႔
မညွာမတာကို ကိုက္တာသူတို႕ေျပာရင္ေတာ့ ဖြဖြေလးကိုက္တာေပါ့…..က်ဳပ္ အဲ႔လိုမိန္းကေလးတေယာက္နဲ႕ ႀကံဳဖူးတယ္….လူလစ္ပီဆို ကိုက္ပီ႐ုပ္ရွင္႐ံုထဲမွာလဲ ကိုက္တယ္ …..
ပန္း ျခံထဲ ခ်ိန္းေတြ႕ရင္လဲ ကိုက္တယ္…..အလကားေနရင္းကို သြားယားေနတာပီး လက္ေမာင္းေတြခ်ည္း ေ႐ြးကိုက္တာ….နဲနဲ အနာ သက္သာေအာင္…..
“ေျခသလံုးေလး ဘာေလး ေျပာင္းကိုက္ပါလား သဲရယ္” ဆိုေတာ့ “ဟဲ႔ … ငါက ေခြးမွမဟုတ္တာ” တာ ဆိုပီးေကာက္ေကာ….
က်ဳပ္မွာ ျပန္ေခ်ာ့ပီး ၾကည္ၾကည္ျဖဴျဖဴ အကိုက္ခံရတယ္…..ခဲနဲ႔ထုလႊတ္လို႕လဲမရ သူကိုက္သလို ျပန္ကိုက္လို႕လဲ မေကာင္း…..တခါတေလမ်ားဆို ငံုပီးေမွးေတာင္ ေမွးေနေသးတယ္…..
က်ဳပ္မွာ နာတာေတာင္ အသံမထြက္ရဲဘူး။သူ႕ျပန္ေဟာင္ပါတယ္ ။ဆိုပီးထပ္ေကာက္မွာ စိုးလို႔ အဲ႔သည္ အခ်ိန္ေလးေတာ့ က်ဳပ္နားညည္းသက္သာတာေပါ့ေလ….ဒင္း ပါးစပ္မွ မအားဘဲ….
ဒါေပမဲ႔ အိမ္ေရာက္ေတာ့ ျပႆနာတက္ေကာ က်ဳပ္အေမက က်ဳပ္ လိုင္းကားေပၚကေန ေပြးေတြကူးလာပီမွတ္ပီး ေပြးေဆးဖမ္းလူးတာ….ကိုက္ထားတဲ႔ အရာေတြကလဲ အကြင္းလိုက္ကိုး….
က်ဳပ္အေမက ေပြးေဆးဖမ္းလူး က်ဳပ္အေဖက အပ္တေခ်ာင္းကိုင္ပီး ဟိုထိုး ဒီထိုးနဲ႕….အနာႀကီးေရာဂါ ဟုတ္မဟုတ္စမ္းသပ္တာတဲ႔….နာတယ္ မေအာ္မခ်င္း လွိမ့္ပိတ္ထိုးတာ….
က်ဳပ္မွာ မဟုတ္ပါဘူး ေျပာလဲမရ….အမွန္အတိုင္း ေျပာျပဖို႕ကလဲခက္….ေတာ္ေတာ္ဂြက်တာဗ်…..လက္ဖက္ရည္ဆိုင္ ထိုင္ေတာ့လဲ ဝိုင္းေမးၾကတယ္။“ဘာျဖစ္တာလဲ ေပြးေတြလား” တဲ႔…..
ေခြးကိုက္တာလို႕ လိမ္ေျပာရေအာင္လဲ က်ဳပ္မွာ ေခြးမွ မရွိဘဲ…..။ေနာက္ပီး ဒီေကာင္ေတြက မိန္းမဆိုရင္ ေကတီဗီတို႕မာဆတ္တို႕မွာေလာက္ဘဲတို႕ဖူးထိဖူးတာေလ….
ရည္းစားတေယာက္ေတာင္ ျဖစ္ျဖစ္ေျမာက္ေျမာက္တြဲဖူးတာ မဟုတ္ေတာ့ အမွန္အတိုင္းေျပာရင္ ယံုၾကမွာလဲ မဟုတ္ဘူး။အိမ္ကေပးစားတဲ႔ မိန္းမကိုယူမဲ႕ေကာင္ေတြ…..
အဲ႔သည္အခါက်မွ ခ်စ္လို႕ပန္းတာပါ ဆိုပီးေစာေစာစီးစီး ကုတင္ေပၚတက္ မ်က္ႏွာကိုရွဴးတက္ပန္းမွ မ်က္ခြက္ေလးတကြက္ ကြက္ကြက္ကေလး ႏူမဲ႔ေကာင္ေတြ….
(ရည္းစားဘဝမွာေတာင္ ကိုက္တာဆိုေတာ့ ညားပီးရင္ အဲ႔သေလာက္ အေျခအေနဆိုးခ်င္ဆိုးသြားမွာေလ )ဒီေကာင္ေတြ အဲ႔သည့္ေတာ့မွက်ဳပ္ကို ကိုယ္ခ်င္းစာတတ္မယ္ခုေတာ့ ရင္နာနာနဲ႕ဘဲ လိမ္ေျပာရတာေပါ့….
“အင္း ေပြးေတြဘဲ ဆိုပါေတာ့ကြာ” ဆိုပီး ငိုသံဝဲႀကီးနဲ႕ ေျဖလိုက္ရတယ္။ေနရင္းထိုင္ရင္း ကိုယ့္စရိတ္နဲ႕ကိုယ္ အႏူျဖစ္ေရာ…..ေနာက္ေတာ့ က်ဳပ္အႀကံတခုရသြားတယ္။
ေရမခ်ဳိးေတာ့ဘူူး … လံုးဝကို မခ်ဳိးတာ ခ်ိန္းရင္ ဒီတိုင္းသြားေတြ႕လိုက္တယ္….ထံုးစံအတိုင္း လူလစ္ေတာ့ ကိုက္တာေပါ့…..“အို … ငန္လိုက္တာ ” တဲ႔ …..မငန္ခံႏိုင္႐ိုးလား….ေရကလဲ မခ်ဳိး….။
ေခြ်းထြက္ရင္လဲ လံုးဝကို မသုတ္တာ အဲ႔ေတာ့ အသားက ေခြ်းေတြနဲ႕ ဝေနတာေပါ့….တပတ္ေလာက္ၾကာေတာ့ က်ဳပ္အသား ဒင္း ငံုေတာင္မငံုႏိုင္ေတာ့ဘူး။
ငံုလိုက္တာနဲ႕ တံေတြးနဲ႕အသားနဲ႕ထိပီေလ….ဆယ္ရက္ေလာက္ ေရလံုးဝ အထိမခံဘဲ ေခြ်းေတြ ဂ်ီးေတြနဲ႕ ႏွပ္ထားတဲ႔ အသားတံေတြးစိုေတာ့ ဂ်ီးအလိပ္လိုက္ ပြတက္လာေတာ့တာေပါ့….။
“နင္တမင္ ေရမခ်ဳိးတာမွတ္လား လူယုတ္မာႀကီး … လူ႕ညစ္ပတ္ႀကီး…..ထီြ ထီြ ထီြ နင္နဲ႕ငါနဲ႕ ျပတ္ပီ….ထီြ ေအာ့” ဆိုပီး ေျပးပါေလေရာ….
သူ႕ခမ်ာ ဝမ္းေတာင္ေလွ်ာတယ္ဆိုဘဲ က်ဳပ္လဲဘာထူးလဲ အပုပ္နံ႕ပါ ထြက္တယ္….လမ္းေလွ်ာက္သြားရင္ မသာႀကီး ဖုတ္ဝင္ေနသလိုဘဲ…ယင္ေကာင္ တဝီဝီနဲ႕ က်ဳပ္မွာ ၄ နာရီေလာက္ ေရျပန္စိမ္လိုက္ရတယ္။
ဒါနဲ႕ဘဲ …သူေကာက်ဳပ္ေကာ ဘယ္သူကမွ စမဆက္သြယ္ေတာ့….လူမသိ သူမသိ ဇာတ္လမ္းပီးသြားတာေပါ့…..တခ်ဳိ႕သိတဲ႔ လူေတြက ဘာလို႕ျပတ္သြားတာလဲ ေမးေတာ့
ငတိမ က ခပ္တည္တည္နဲ႕ ဘာျပန္ေျဖတယ္ မွတ္လဲ “အရသာ မေကာင္းလို႕” တဲ႔ဗ်….
အဲ႔ဒီ႕ စကား သူနဲ႕က်ဳပ္ဘဲ နားလည္တယ္။
Zay Yar
Unicode,
ချစ် ရင်ကိုက်တတ်တဲ့ မိန်းကလေး တွေအတွက်…
တချို့ မိန်းကလေးတွေမှာ ချစ်ရင် လုပ်တတ်တဲ့ အကျင့်တခုရှိတယ် ။အဲဒါက ကိုက်တာ အားတိုင်းယားတိုင်း ကိုက်တာသူတို့ပြောတာက ချစ်လို့ကိုက်တာပါတဲ့
မညှာမတာကို ကိုက်တာသူတို့ပြောရင်တော့ ဖွဖွလေးကိုက်တာပေါ့…..ကျုပ် အဲ့လိုမိန်းကလေးတယောက်နဲ့ ကြုံဖူးတယ်….လူလစ်ပီဆို ကိုက်ပီရုပ်ရှင်ရုံထဲမှာလဲ ကိုက်တယ် …..
ပန်း ခြံထဲ ချိန်းတွေ့ရင်လဲ ကိုက်တယ်…..အလကားနေရင်းကို သွားယားနေတာပီး လက်မောင်းတွေချည်း ရွေးကိုက်တာ….နဲနဲ အနာ သက်သာအောင်…..
“ခြေသလုံးလေး ဘာလေး ပြောင်းကိုက်ပါလား သဲရယ်” ဆိုတော့ “ဟဲ့ … ငါက ခွေးမှမဟုတ်တာ” တာ ဆိုပီးကောက်ကော….
ကျုပ်မှာ ပြန်ချော့ပီး ကြည်ကြည်ဖြူဖြူ အကိုက်ခံရတယ်…..ခဲနဲ့ထုလွှတ်လို့လဲမရ သူကိုက်သလို ပြန်ကိုက်လို့လဲ မကောင်း…..တခါတလေများဆို ငုံပီးမှေးတောင် မှေးနေသေးတယ်…..
ကျုပ်မှာ နာတာတောင် အသံမထွက်ရဲဘူး။သူ့ပြန်ဟောင်ပါတယ် ။ဆိုပီးထပ်ကောက်မှာ စိုးလို့ အဲ့သည် အချိန်လေးတော့ ကျုပ်နားညည်းသက်သာတာပေါ့လေ….ဒင်း ပါးစပ်မှ မအားဘဲ….
ဒါပေမဲ့ အိမ်ရောက်တော့ ပြဿနာတက်ကော ကျုပ်အမေက ကျုပ် လိုင်းကားပေါ်ကနေ ပွေးတွေကူးလာပီမှတ်ပီး ပွေးဆေးဖမ်းလူးတာ….ကိုက်ထားတဲ့ အရာတွေကလဲ အကွင်းလိုက်ကိုး….
ကျုပ်အမေက ပွေးဆေးဖမ်းလူး ကျုပ်အဖေက အပ်တချောင်းကိုင်ပီး ဟိုထိုး ဒီထိုးနဲ့….အနာကြီးရောဂါ ဟုတ်မဟုတ်စမ်းသပ်တာတဲ့….နာတယ် မအော်မချင်း လှိမ့်ပိတ်ထိုးတာ….
ကျုပ်မှာ မဟုတ်ပါဘူး ပြောလဲမရ….အမှန်အတိုင်း ပြောပြဖို့ကလဲခက်….တော်တော်ဂွကျတာဗျ…..လက်ဖက်ရည်ဆိုင် ထိုင်တော့လဲ ဝိုင်းမေးကြတယ်။“ဘာဖြစ်တာလဲ ပွေးတွေလား” တဲ့…..
ခွေးကိုက်တာလို့ လိမ်ပြောရအောင်လဲ ကျုပ်မှာ ခွေးမှ မရှိဘဲ…..။နောက်ပီး ဒီကောင်တွေက မိန်းမဆိုရင် ကေတီဗီတို့မာဆတ်တို့မှာလောက်ဘဲတို့ဖူးထိဖူးတာလေ….
ရည်းစားတယောက်တောင် ဖြစ်ဖြစ်မြောက်မြောက်တွဲဖူးတာ မဟုတ်တော့ အမှန်အတိုင်းပြောရင် ယုံကြမှာလဲ မဟုတ်ဘူး။အိမ်ကပေးစားတဲ့ မိန်းမကိုယူမဲ့ကောင်တွေ…..
အဲ့သည်အခါကျမှ ချစ်လို့ပန်းတာပါ ဆိုပီးစောစောစီးစီး ကုတင်ပေါ်တက် မျက်နှာကိုရှူးတက်ပန်းမှ မျက်ခွက်လေးတကွက် ကွက်ကွက်ကလေး နူမဲ့ကောင်တွေ….
(ရည်းစားဘဝမှာတောင် ကိုက်တာဆိုတော့ ညားပီးရင် အဲ့သလောက် အခြေအနေဆိုးချင်ဆိုးသွားမှာလေ )ဒီကောင်တွေ အဲ့သည့်တော့မှကျုပ်ကို ကိုယ်ချင်းစာတတ်မယ်ခုတော့ ရင်နာနာနဲ့ဘဲ လိမ်ပြောရတာပေါ့….
“အင်း ပွေးတွေဘဲ ဆိုပါတော့ကွာ” ဆိုပီး ငိုသံဝဲကြီးနဲ့ ဖြေလိုက်ရတယ်။နေရင်းထိုင်ရင်း ကိုယ့်စရိတ်နဲ့ကိုယ် အနူဖြစ်ရော…..နောက်တော့ ကျုပ်အကြံတခုရသွားတယ်။
ရေမချိုးတော့ဘူူး … လုံးဝကို မချိုးတာ ချိန်းရင် ဒီတိုင်းသွားတွေ့လိုက်တယ်….ထုံးစံအတိုင်း လူလစ်တော့ ကိုက်တာပေါ့…..“အို … ငန်လိုက်တာ ” တဲ့ …..မငန်ခံနိုင်ရိုးလား….ရေကလဲ မချိုး….။
ချွေးထွက်ရင်လဲ လုံးဝကို မသုတ်တာ အဲ့တော့ အသားက ချွေးတွေနဲ့ ဝနေတာပေါ့….တပတ်လောက်ကြာတော့ ကျုပ်အသား ဒင်း ငုံတောင်မငုံနိုင်တော့ဘူး။
ငုံလိုက်တာနဲ့ တံတွေးနဲ့အသားနဲ့ထိပီလေ….ဆယ်ရက်လောက် ရေလုံးဝ အထိမခံဘဲ ချွေးတွေ ဂျီးတွေနဲ့ နှပ်ထားတဲ့ အသားတံတွေးစိုတော့ ဂျီးအလိပ်လိုက် ပွတက်လာတော့တာပေါ့….။
“နင်တမင် ရေမချိုးတာမှတ်လား လူယုတ်မာကြီး … လူ့ညစ်ပတ်ကြီး…..ထွီ ထွီ ထွီ နင်နဲ့ငါနဲ့ ပြတ်ပီ….ထွီ အော့” ဆိုပီး ပြေးပါလေရော….
သူ့ခမျာ ဝမ်းတောင်လျှောတယ်ဆိုဘဲ ကျုပ်လဲဘာထူးလဲ အပုပ်နံ့ပါ ထွက်တယ်….လမ်းလျှောက်သွားရင် မသာကြီး ဖုတ်ဝင်နေသလိုဘဲ…ယင်ကောင် တဝီဝီနဲ့ ကျုပ်မှာ ၄ နာရီလောက် ရေပြန်စိမ်လိုက်ရတယ်။
ဒါနဲ့ဘဲ …သူကောကျုပ်ကော ဘယ်သူကမှ စမဆက်သွယ်တော့….လူမသိ သူမသိ ဇာတ်လမ်းပီးသွားတာပေါ့…..တချို့သိတဲ့ လူတွေက ဘာလို့ပြတ်သွားတာလဲ မေးတော့
ငတိမ က ခပ်တည်တည်နဲ့ ဘာပြန်ဖြေတယ် မှတ်လဲ “အရသာ မကောင်းလို့” တဲ့ဗျ….
အဲ့ဒီ့ စကား သူနဲ့ကျုပ်ဘဲ နားလည်တယ်။
Zay Yar