ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မနက်အိပ်ယာနိုးတာနဲ့ တစ်နေ့ခင်းလုံး ရုန်းကန်လှုပ်ရှားဖို့ရာ အားအင်ပြည့်ဝအောင်လို့ မနက်မိုးလင်းတိုင်း ကိုယ့်ကိုယ်ကို စိတ်အားတင်းပြီး ဆုံးဖြတ်ထားသင့်တာမျိုးတွေ ရှိနေပါတယ်။ အဲဒါတွေကတော့..
(၁) မိမိသည်သာအရေးကြီးဆုံး။ အနစ်နာခံတာ၊ သူများကို ကူညီတာဟာ ကောင်းတဲ့လုပ်ရပ်ပေမယ့်လို့ ကိုယ်အခက်အခဲဖြစ်ပြီး ဒုက္ခရောက်အောင်တော့ လုံးဝမလုပ်မိအောင် သတိထားပါ။ ငြင်းသင့်ရဲ့ငြင်းမယ်၊ ပြန်ခုခံသင့်ရင် ခုခံမယ်။ မိမိ သည်သာ အရေးအကြီးဆုံးပါပဲ။
(၂) ကိုယ့်ကိုယ်ကို ပျော်အောင်ထားမယ်။ ဘဝမှာနေရသမျှ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့လိုပါမယ်။ သင့်ကိုယ်သင်သင် ပျော်ရွှင်အောင် တစ်နေ့တာလုံးထားနိုင်ခြင်းဟာ နေ့တိုင်းအတွက် အောင်မြင်မှုလေးတွေပါပဲ။ သင့်ရဲ့ပျော်ရွှင်မှုဟာ သင့်လက်ထဲမှာပဲရှိပါတယ်။ ဘယ်သူ့အပေါ်မှာမှ သင့်ရဲ့ပျော်ရွှင်မှုကို ပုံအပ်မထားပါနဲ့။
(၃) ဘာမဆိုဆို အကောင်းဆုံးကျော်ဖြတ်နိုင်ရမယ်။ ပြဿနာတိုင်းကိုဖြေရှင်းနိုင်ဖို့ဆိုတာ စိတ်ခွန်အားလည်း လိုအပ်ပါသေးတယ်။ ဒီနေ့တစ်နေ့လုံးမှာ ဘယ်လိုကိစ္စတွေပဲ ကြုံလာရ ကြုံလာရ သင့်အနေနဲ့ အကောင်းဆုံး ကျော်ဖြတ်မယ်ဆိုတဲ့ စိတ်ကိုပဲ အားတင်းထားပါ။
(၄) အကောင်းမြင်စိတ်ကို တတ်နိုင်သသလောက်ထားမယ်။ စိတ်ကျန်းမာ၊ ချမ်းသာစေဖို့အတွက် အကောင်းမြင်စိတ်ဆိုာလည်း သိပ်ကိုအရေးကြီးပါတယ်။ အရာတိုင်းကို မကောင်းတဲ့ဖက်ကတွေးနေမယ်ဆိုရင် ဘယ်ကိစ္စမှာမဆို သင့်ရဲ့ မူရင်းလုပ်ဆောင်နိုင်မှုစွမ်းအားတွေကို နိမ့်ပါးစေပါလိမ့်မယ်။
(၅) တိုးတက်မှုတစ်ခုခုလုပ်ရမယ်။ ကြီးကြီးမားမားမဟုတ်တောင်မှပဲ ဥပမာ ဖြတ်မယ်ဆိုတဲ့အလုပ်လေး ပြီးသွားတာတို့၊ လေ့ကျင့်ခန်းလုပ်လိုက်တာတို့ စတဲ့ သေးသေးမွှားမွှားလေးတွေဟာလည်း သင့်ရဲ့ တိုးတက်မှုတွေပါပဲ။ ဒီနေ့မှာ တစ်ခုခုကိုတော့ ပြီးမြောက်အောင် လုပ်လိုက်ပါ။Source.ATM