တစ်နေ့ကစျေးထဲ မှာ သူတောင်းစား တစ်ယောက် တောင်းစားနေတာတွေ့မိတယ်။
သူတောင်းစားနေပုံက ထူးခြားနေတယ်။
“အစ်ကိုကြီး အစ်မကြီးတို့ရယ် သနားကြပါနော်…ပိုက်ဆံလေးများ ထည့်ပြီးရင် လိပ်စာလေးပါ ပေးခဲ့ပါ”
သူ့ ရှေ့မှာ ချထားတဲ့ ခွက် ထဲကို ပိုက်ဆံလာထည့်ကြတဲ့ လူတိုင်းရဲ့ လိပ်စာကို မေးပြီး စာအုပ်တစ်အုပ်နဲ့မှတ်နေတယ်။
ဒါပေမယ့် လူတော်တော်များများက အိမ်အထိများ လာတောင်းမလားဆိုတဲ့အတွေးနဲဲသူ့ခွက်ထဲကို ဘာပိုက်ဆံမှ ထည့်မသွားကြဘူး။
တစ်ချို့ကတော့ သနားတာနဲ့ထည့်သွားကြတာပေါ့ဗျာ။သိပ်မကြာပါဘူး…
သူက ခွက်ကို သိမ်းပြီး ခုနက ခွက်ထဲ ပိုက်ဆံထည့်သွားတဲ့ သူတွေရဲ့ အိမ်တွေကိုအပင်ပန်းခံ ပြီး
သူတို့ထည့်ခဲ့တဲ့ငွေတန်ဖိုး ရဲ့အ ဆ ၁၀၀၀ ကို လိုက်ပေးတယ်။
အဲ့ဒီ သတင်းက စျေးထဲမှာ ချက်ချင်းပျံ့သွားတာပေါ့။ သူ့ကိုလည်းလူတွေကဝေဖန်ကြတယ်။ အမျိုးမျိုးပြော ကြနဲ့ပေါ့လေ။
နောက်နေ့ မနက်…စျေးထဲက အဲဒီနေရာမှာပဲ သူတောင်းစား ပြန်တောင်းနေပြန်တာတွေ့ရရော
အဲဒီနေ့တော့သူ့ဘေးမှာ ပိုက်ဆံထည့်မယ်သူတွေ အများကြီးဖြစ်နေတော့တယ်။
သူ့ခွက်ထဲထည့်ကြတဲ့ပိုက်ဆံတွေကလည်းတစ်ထောင်တန်တွေ ငါးထောင်တန်တွေ တစ်သောင်းတန်တွေ
ထပ်ပြီးလာထည့်ကြသလို ရွှေတွေ လက်ဝတ်ရတနာတွေ တောင်ထည့်ကြပါရောလား။
လိပ်စာမှတ်တဲ့ စာအုပ်တောင် လေးငါးအုပ်တောင် ကုန်သွားတယ်လေ။ညနေပိုင်းရောက်တော့ ပြန်သွားတယ်။
ဒါပေမယ့် နောက်နေ့ကစပြီး အဲဒီစျေးထဲမှာ သူတောင်းစားကိုဘယ်တော့မှ ပြန်မတွေ့တော့ဘူးလေ။