Unicode
ဒီကာလကြီးမှာ အမျိုးသမီးတွေအနေနဲ့ လုံးဝမလုပ်သင့်တဲ့ အလုပ်များ…လုပ်မိနေရင် ချက်ချင်း ရပ်ပစ်လိုက်ပါ
အမျိုးသမီးများဖတ်ရန်…. ဒီကာလကြီးမှာ အမျိုးသမီးတွေ အဓိက အိမ်ထောင်ရှင် အမျိုးသမီးတွေပေါ့နော်…။ လုံးဝမလုပ်သင့်တဲ့ အလုပ် ၁၂ ခုကို ဖော်ပြပေးလိုက်ပါတယ်။ အနာဂတ်မှာ အခက်အခဲ မတွေ့ချင်ရင် ဒါတွေမလုပ်ပါနဲ့
၁။ နေ့တိုင်း ဝင်ငွေမရှိပဲ စုမဲများစုခြင်း
၂။ ထီအမျိုးမျိုး ထိုးခြင်း
၃။ အတိုးမက်ပြီး ငွေချေးခြင်း
၄။ အားနာပြီး ငွေချေးခြင်း
၅။ မျက်နှာရမလားလို့ ကြားဝင် အာမခံခြင်း
၆။ သူများအထင်ကြီးအောင် မရှိကို အရှိဟန်ဆောင်ခြင်း
၇။ သူများကို အထင်ကြီးပြီး လုပ်ငန်း နားမလည်ပဲ ရှယ်ယာ ထည့်ခြင်း။
၈။ လုပ်ငန်းနားမလည်ပဲ သူများအကြံပေးသည့်အတိုင်း အလုပ် လုပ်ခြင်း။
၉။ လုပ်ငန်း မကျွမ်းကျင်ပဲ တိုးချဲ့ခြင်း။
၁၀။ လင်နှင့်ဆွေမျိုးများထံမှ မျက်နှာရအောင်ငွေချေး ငှားပေးခြင်း။
၁၁။ အတိုးပေါ် အတိုးဆင့် ငွေချေး သံသရာမှ မထွက်ခြင်း။
၁၂။ ဘာမှ နားမလည်ပဲ အောင်မြင်မှု့ကို အလျင်အမြန် လိုချင်ခြင်း။
အထက်ပါ ၁၂ချက်ကို တချက်ခြင်းစီ စဉ်းစားပါ။ ဒီအထဲမှာ ကိုယ်ပါနေပြီလား စီစစ်ပါ။ မလုပ်ရသေးရင် လုံးဝ မလုပ်ပါနဲ့ ။ လုပ်လက်စ ဖြစ်နေရင် ရပ်တန့်ပါ ။
လုပ်ပြီးသားဖြစ်လို့ ဒုက္ခပင်လယ်ဝေနေရင် ကိုယ့်အပြစ်ကို သေချာဆင်ခြင် သုံးသပ်ပြီး သင်ခန်းစာယူပါ။ aခါင်းအေးအေးထားပြီး ရင်ဆိုင်ဖြေရှင်းပါ။ ရှောင်မပြေးပါနဲ့ ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။
ကျွန်မမှာ သိန်း (၅၀) ရှိပါတယ်… အခုချိန် ဘာလုပ်သင့်လဲ မေးနေသူတွေအတွက် အဖြေက… မကြာခင် အပြောကောင်းသူ နဲ့ တွေ့ပြီး အလိမ်ခံရတော့မယ် ဖြစ်ပါတယ် ။
ဘာလုပ်ရမလဲ မသိရင်… ဘာမှ မလုပ်ပါနဲ့ ။ ရှိတဲ့ ပိုက်ဆံကို ကြေငြာနေမှတော့ လူလိမ်ခံရတာ မဆန်းပါဘူး ။ စီးပွားရေး မကောင်းတာကို အခွင့်အရေးယူပြီး လူလိမ်တွေ ခြေချင်းလိမ်နေတဲ့ ယနေ့ခေတ် အချိန်ခါဝယ် မျှဝေပါ၏။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။