Life Style

ပုရိသတွေ ဝိုင်းဝိုင်းလည်နေအောင် ထက်မြက်လွန်းတဲ့ မိန်းကလေးတွေရဲ့ လက္ခဏာရပ်များ

လူတိုင်းမှာ ဘယ်လိုလူတွေကိုတော့ သဘောကျလိုက်တာဆိုတာမျိုး ရှိတတ်ကြပါတယ်။ သူ့ပုံစံလေးကတော့ ငါ သဘောကျတဲ့ ပုံစံမျိုး ဆိုသလို လူတိုင်းမှာ ကိုယ်ကြိုက်တဲ့ ပုံစံတွေ ရှိနေတတ်ကြပါတယ်။ တစ်ချို့သူတွေကတော့ သူတို့နဲ့ တွေ့မိတဲ့ သူတိုင်းက သူတို့ကို သဘောကျသွားစေမိတဲ့ အချက်တွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။ သူတို့ကို လိုချင်မိလောက်အောင် ဖမ်းစားနိုင်တဲ့ မိန်းကလေးတွေမှာတော့ ဒီလိုအချက်တွေ ရှိနေတတ်ကြပါတယ်။

(၁) အမှီအခိုကင်းတယ်

သူတို့တွေကတော့ မိဘနဲ့ ချစ်သူတွေကို မှီခိုမှ ဘဝကို ရပ်တည်နိုင်ကြတဲ့သူတွေ မဟုတ်ကြပါဘူး။ ကိုယ့်အိပ်မက်တွေနဲ့ ရည်မှန်းချက်တွေကို အကောင်းဆုံး လုပ်နိုင်ဖို့ ကြိုးစားရပ်တည်တတ်ကြပါတယ်။ ကိုယ်တိုင် လုပ်နိုင်တဲ့ စွမ်းရည်တွေလည်း ပိုင်ဆိုင်ထားတတ်ကြပါတယ်။

(၂) အတင်းမပြောဘူး

အတင်းပြောတယ်ဆိုတာ မရင့်ကျက်တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ အချိန်တွေ မနှမြောတဲ့သူတွေသာ သူများအကြောင်းကို ခေါင်းထဲထည့်ပြီး တကူးတက ပြောတတ်ကြတာ ဖြစ်ပါတယ်။ ဒီလို မလိုအပ်တဲ့အရာထက်စာရင် ကိုယ့်အတွက် အကျိုးရှိမယ့် အရာကိုပဲ လုပ်တတ်ကြပါတယ်။

(၃) ရိုးသားကြတယ်

ဘဝကို ရိုးရိုးသားသားနဲ့ပဲ ဖြတ်သန်းချင်တတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲ ရှိတဲ့အတိုင်းသာ ထုတ်ပြောတတ်ကြပြီး ကိုယ့်အပေါ် ရိုးသားတဲ့သူတွေကိုလည်း ခင်မင်တတ်ကြပါတယ်။ ရိုးသားမှုရှိကြတဲ့သူတွေကို လူတွေကလည်း ပိုပြီး သဘောကျတတ်ကြပါတယ်။

(၄) ကိုယ့်ကိုယ်ကို ချစ်ကြတယ်

ကိုယ့်ကိုယ်ကို ဘယ်လိုလူလဲဆိုတာကို သိပြီး ကိုယ့်ကိုယ်ကို ချစ်တတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို မကျေမနပ် ဖြစ်မနေဘဲ အမြဲ စိတ်ကျေနပ်မှု ရှိပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရှိနဲ့ သက်တောင့်သက်တာ ဖြစ်အောင် နေတတ်ကြပါတယ်။

(၅) အချစ်မှာ မရူးသွပ်ဘူး

ကိုယ့်ဘဝအတွက် အကောင်းဆုံး သိနားလည်ပြီး အမြဲ ကြိုးစားနေတဲ့သူတွေက ခံစားချက်တွေကို ထိန်းညှိနိုင်ကြပါတယ်။ ဒါကြောင့် အချစ်မှာ ရူးသွပ်ပြီး ကိုယ့်ရဲ့ ရည်မှန်းချက်တွေ ပျောက်တာမျိုး မဖြစ်တတ်ကြပါဘူး။ ခံစားချက်တွေကြောင့် ကိုယ့်ကိုယ်ကိုပါ ပျောက်သွားတဲ့အထိ မဖြစ်စေတတ်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။

(၆) ဉာဏ်ကောင်းကြတယ်

သူတို့တွေမှာ ထူးခြားတဲ့ အချက်ကတော့ ဉာဏ်ကောင်းတာပါပဲ။ ဘယ်အရာမဆို သူတို့က သဘောပေါက်ဖို့ အချိန်ခဏပဲ ပေးကြရပါတယ်။ လူတွေနဲ့ စကားပြောတဲ့အခါမှာလည်း သူတို့တွေက ပြောသင့်တာ မပြောသင့်တာတွေကို ချင့်ချိန်ပြီး တွေးတတ်ကြပါသေးတယ်။