အခ်စ္ေရး

ဒီလိုချစ်သူကောင်မလေး ရထားပြီဆိုရင် ဘယ်တော့မှလက်လွတ်မခံပါနဲ့…

ဒီလိုချစ်သူကောင်မလေး ရထားပြီဆိုရင် ဘယ်တော့မှလက်လွတ်မခံပါနဲ့…
ကိုယ့်ဘဝရဲ့လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်ပြီဆိုတာနဲ့ သူဟာ ဘဝတစ်ခုလုံးစာနီးပါး အရေးကြီးသွားပါပြီ။ ဒါပေမယ့် ကိုယ့်ရွေးချယ်မှုမှာ လိုအပ်ချက် ရှိမရှိပေါ်မူတည်ပြီး အနည်းနဲ့အများတော့ ဒုက္ခခံရ တတ်ပါတယ်။ သိပ်ဆိုးလွန်းတဲ့ ချစ်သူကို ရွေးထားမိရင်လည်း အကြောက်တရားကြီးပြီး

မိန်းမတွေကို စိတ်နာသွားတတ်သလို၊ သိပ်ကောင်းလွန်းတဲ့ မိန်းမမျိုးကို ရွေးမိထားရင်လည်း ကိုယ်မကောင်းခဲ့တာတွေအတွက် ပူပန်ရ တတ်ပါတယ်။ အောက်ပါ အချက်တွေ သင့် ကောင်မလေးမှာ ရှိရင်တော့ သူမကို သင့်ဘဝလက်တွဲဖော်အဖြစ် မြတ်မြတ်နိုးနိုး တွဲသင့်ပါတယ်နော် …။

(၁) သူမက သင်နဲ့ အကြိုက်တူတယ်”

သမီးရည်းစားဘ၀ လက်တွဲခိုင်မြဲဖို့အတွက် ဝါသနာတူ၊ အကြိုက်တူ ဖြစ်ချင်းဟာ သိပ်ကို အရေးပါ လွန်းပါတယ်။ ဒါကို အများကြီးရှင်းပြနေစရာမလိုပါဘူး။ ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိသွားတဲ့အခါ တစ်ယောက်အကြိုက်ကို တစ်ယောက်က လိုက်ပြီး ကြိုက်တဲ့ အထိ နားလည်မှု ရသွားတတ်ပါတယ် ။

(၂) သူမကသင့်အလုပ်နဲ့ပတ်သက်ပြီး ဝင်မရှုပ်ဘူး”

တစ်ချို့က ပိုင်ဆိုးပိုင်နင်းနဲ့ အလုပ်ထိလိုက်ပြီး သောင်းကျန်းတာတွေ ရှိတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ပင် ဂျာနယ်တိုက်တစ်ခုမှာ အလုပ်လုပ်စဉ်က အမျိုးသမီးတစ်ယောက်ဟာ သူ့ရည်းစားဖြစ်တဲ့ တစ်ခြားဝန်ထမ်းတစ်ယောက် ရှုံးမှာရှိမရှိ ခဏခဏ ဖုန်းဆက်စုံစမ်းပါတယ်။ မယုံလို့စုံစမ်းတာက စုံစမ်းနိုင်ပါတယ်။ ဒါပေမယ့် အလုပ်ခွင် ဆိုတာကိုတော့ သိထားသင့်တယ်လေ ။

(၃) သူမက သင့်ရဲ့ဖြစ်တည်ခြင်းကို ချစ်တာ၊ သင့်မှာရှိတာတွေကို ချစ်တာမဟုတ်ဘူး”

သူက သင့်ကိုချစ်တဲ့အချစ်က သင်ဟာ သင်ဖြစ်နေလို့ ချစ်တာပါ။ သင် ဘာအလုပ်ကို လုပ်လို့ချစ်တာ၊ သင်ဘယ်လို ရုပ်ရည်ကြောင့်ချစ်တာ၊ ဘယ်လောက်ချမ်းသာလို့ ချစ်တယ်ဆိုတာတွေဟာ သာမန်လူပြိန်းတွေကတောင် အချစ်စစ်လို့ မတွေးကြပါဘူး။

ကောင်မလေးတစ်ယောက် ကိုယ့်ကိုတစ်ကယ်ချစ်ပြီဆိုရင် ဘာဖြစ်နေနေ ချစ်တာ။ ခြေကျိုးလေးမို့ချစ်တာ၊ လက်ပြတ်လေးမို့ချစ်တာ၊ နူနာစွဲနေတာကိုက မိတ်ကပ်လှလှလေးလိမ်းထားသလိုပဲ ဆိုတဲ့ အချစ်စစ် အချစ်မှန်မျိုးကို သင် ရပါလိမ့်မယ် ။

(၄) သင့်ကို ပြောင်းလဲဖို့ ကြိုးစားမှာမဟုတ်ပါဘူး”

အခုခေတ်မှာ ရည်စားမရခင်က သောင်းကျန်းခဲ့သမျှ ရည်းစားရပြီးမှ အပိုးကျိုးသွားတဲ့ ကောင်လေးတွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ဆေးလိပ်မသောက်ရဘူး၊ ကွမ်းမစားရဘူး၊ သူ့နာမည်ကို လက်မောင်းမှာတက်တူးထိုးရမယ် စတဲ့ ပြန်တမ်းတွေလို ခပ်ပေါပေါ ကန့်သတ်ချက်တွေနဲ့ သင့်ချစ်သူက သင့်ကို ကန့်သတ်ချုပ်ချယ်မှာ မဟုတ်ပါဘူး။ ပြောင်းလဲစရာ ညှိစရာရှိရင်တော့ သူမဘာသာ ပြောင်းလဲတာတွေ ညှိတာတွေလုပ်ယူပါလိ့မ်မယ်။ ဘာကြောင့်ဆို … နံပတ်(၃)အချက်ကြောင့်ပါပဲ ။

(၅) သင့်ရဲ့အားလပ်ချိန် အားလုံးကို သူအပိုင်မစီးဘူး”

တစ်ချို့က အားပြီဆိုတာနဲ့ ဟိုလိုက်ပို့ခိုင်း၊ ဒီလိုက်ပို့ခိုင်း လုပ်ကြပါတယ်။ ဒါကို မနှစ်သက်သူများအတွက်တော့ အတော်လေး ကသိကအောက်နိုင်တဲ့ ကိစ္စတွေပါ။ အခုလို မိန်းမမျိုးကျတော့ မင်းရဲ့ အားလပ်ချိန်ကို မေးမှာမဟုတ်ပါဘူးနော် …။

(၆) သင့်ရဲ့ စိုးရိမ်သောကတွေကို သူက မျှဝေယူလိမ့်မယ်”

တစ်ခါတလေ အလိုက်ကမ်းဆိုးမသိတဲ့ အမျိုးသမီးတွေဟာ ကိုယ်က ဘောလုံးပွဲရှုံးလို့ စိတ်ညစ်နေတဲ့အချိန်မျိုး၊ ဒေါက်ဖိနပ် ပူဆာတာမျိုးတွေ ရှိတတ်ပါတယ်။ ခင်ဗျားကို တကယ်ချစ်တဲ့ အမျိုးသမီးဆိုရင် သူ ဘာဖြစ်ချင်တယ် ဆိုတာထက် သင် ဘာဖြစ်နေတယ်ဆိုတာကို ပိုပြီး စိတ်ဝင်စားတတ်ပါတယ်။ ပြီးတော့ သောကတွေကို မျှဝေယူတယ်၊ နှစ်သိမ့်ပေးတယ်၊ ပျော်စရာတွေ၊ စိတ်ချမ်းသာစရာတွေကိုတော့ သင်ကိုယ်တိုင် မျှဝေမှ သူက ယူတာမျိုးပါ …။

(၇) သူမဟာ သင့်အတွက် အကောင်းဆုံးနားထောင်သူ”

သူမဟာ သင်ရဲ့ တိုင်ပင်တဲ့စကားတွေကို လိုလိုချင်ချင် နားထောင်သူပါ။ ဖြစ်လာသမျှ အဖြစ်အပျက်တွေကိုဖြစ်နိုင်ရင် ဆယ်ရက်စာ တစ်ခါတည်းပြောလည်း သူမအတွက်တော့ ကိစ္စမရှိ၊ ပြုံးစရာရှိရင် ပြုံးလိုက်၊ မဲ့စရာရှိရင် မဲ့လိုက်နဲ့ သင်ပြောတဲ့စကားသံမှာ နစ်မြောနေပါလိမ့်မယ် …။

(၈) ရယ်စရာတွေကို ဖန်တီးပေးလိမ့်မယ်”

အထူးသဖြင့် သင်စိတ်ညစ်တဲ့အခါမျိုးမှာ သူမက ရယ်စရာတွေ ပြောမယ်၊ သို့တည်းမဟုတ် သင် စိတ်ပြေပျောက်စေနိုင်တဲ့ Movie တစ်ခုခု ကြည့်တာမျိုးတွေကို သင်နဲ့အတူတူ သူလုပ်ပေးပါလိမ့်မယ် …။

(၉ ) သင့်ရဲ့မိသားစု၊ သူငယ်ချင်းတွေကို ဆွေမျိုးအရင်းအချာလို ချစ်ခင်မှာပါ”

သင့်ကို တကယ်ချစ်ပြီဆိုရင် သင့်မိဘဟာ သူ့မိဘလို့ သဘောပိုက်ပြီးသားပါ။ သင့်သူငယ်ချင်းဟာ သူမ သူငယ်ချင်းဖြစ်လို့ မကြာခင်မှာပဲ ပြောမနာဆိုမနာဖြစ်တဲ့အထိ ရင်းနီးသွားမှာပါ …။

(၁၀) ဘယ်တော့မှ နားပူနားဆာလုပ်မှာ မဟုတ်ဘူး”

အထူးသဖြင့် သင့်ရဲ့ဘဏ္ဍာရေးအခြေအနေကို အပြည့်အဝနားမလည်ထားတောင် များသောအားဖြင့် တန်းဖိုးကြီးတဲ့ လက်ဆောင်ပစ္စည်းတွေကို ဝယ်ခိုင်းမှာမဟုတ်ပါ။ သင် သဘောကျလို့ပေးတဲ့ပစ္စည်းကိုလည်း မြတ်မြတ်နိုးနိုးသိမ်းထားပါလိ့မ်မယ်။ မယုံရင် စမ်းကြည့်လိုက်ပါ …။

(၁၁) သူမရင်ခွင်ဟာ သင့်ဘဝအတွက် စိတ်ချမ်းသာစေတဲ့ နေရာ”

မိဘအရိမ်ဟာ သားသမီးအတွက် လုံခြုံတဲ့အိမ်ဆိုရင် ချစ်သူရဲ့အရိပ်ဟာ ကိုယ့်ဘဝအတွက်တော့ စိတ်ချမ်းသာစေတဲ့ အိမ်တစ်လုံးပါ။ ဟုတ်ပါတယ်။ နှစ်ဦးကြည်ဖြူ ချစ်နေပါမှ ဘဝလမ်းကြောင်းကို တည့်တည့်မက်မက်လျှောက်နိုင်တာပါ။ တူညီသော အိမ်ထောင်ရေး ရှိမှ လှပတဲ့ ဘဝရပ်တည်မှု ရှိတာပါ။ သင့်ကို တစ်ကယ်ချစ်တဲ့သူထက်တော့ ဘယ်သူက ပိုပြီး သင့်ကို စိတ်ချမ်းသာစေချင်မလဲနော် …။ ။

Source: lifehack.org