လူပျိုကြီး၊ အပျိုကြီး ကျိန်းသေ ဖြစ်လာမယ့်သူတွေမှာသာ မြင်တွေ့ရမယ့် စရိုက်လက္ခဏာများ
အပျိုကြီး၊ လူပျိုကြီးဆိုတာ လွယ်လွယ်လေး ဖြစ်သွားကြတာတော့ မဟုတ်ပါဘူး။
သူတို့တွေမှာ တခြားသူတွေထက် ထူးခြားနေတတ်တဲ့ အရာတွေ ရှိနေတတ်ပါတယ်။
ဒီအချက်တွေကပဲ သူတို့ကို လူပျိုကြီး၊ အပျိုကြီးတွေ ဖြစ်သွားစေတာ ဖြစ်ပါတယ်။
ဒါကြောင့် လူပျိုကြီး၊ အပျိုကြီး ဖြစ်လာမယ့် သူတွေမှာ ဒီလို အချက်တွေ တွေ့ရမှာ ဖြစ်ပါတယ်နော်။
၁။ ဇီဇာကြောင်တယ်
ဒါကတော့ အဓိက အချက် ဖြစ်ပါတယ်။
ဇီဇာကြောင်တတ်တဲ့ အကျင့်ကတော့ တနည်းနည်းနဲ့ ရှိနေတတ်ပါတယ်။
သန့်ရှင်းမှု အပိုင်းမှာ ဇီဇာကြောင်တာ၊ လူတွေနဲ့ ဆုံရင် ဇီဇာကြောင်တာ၊
အစားအသောက်နဲ့ ပတ်သတ်ရင် ဇီဇာကြောင်တာ စသဖြင့်
တစ်ခုခုမှာ ပုံမှန်ထက် လွန်လွန်ကဲကဲ ဇီဇာကြောင်လွန်းတာက လူပျိုကြီး၊
အပျိုကြီးတွေမှာ ရှိနေတတ်တဲ့ အချက်လည်း ဖြစ်နေပါတယ်။
၂။ တခြားသူနဲ့ ယှဉ်တွဲ မနေတတ်ဘူး
လူပျိုကြီး၊ အပျိုကြီးတွေက အိမ်မှာ တခြားသူတွေနဲ့ ယှဉ်တွဲနေတဲ့အခါ အခက်အခဲတွေ ရှိနေတတ်ပါတယ်။
တဗျစ်တောက်တောက် လိုက်အပြစ်မြင်မိတာမျိုး၊ တခြားသူတွေနဲ့ ပျော်ပြီး မနေနိုင်တာမျိုး၊
ဆူညံသံတွေကို လုံးဝ သည်းမခံနိုင်တာ စတဲ့ အကျင့်တွေကလည်း တစ်ကိုယ်တည်းနေရသူတွေမှာ ရှိနေတတ်ပါတယ်။
၃။ ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိနေတယ်
တစ်ချို့သူတွေက ဘဝကို ကိုယ်ပိုင်စည်းမျဉ်းနဲ့ ရပ်တည်ကြတာ ဖြစ်ပါတယ်။
မနက်ခင်းမှာ ဘာလုပ်မယ်၊ ညဘက်မှာ ဘာလုပ်မယ်၊
ထမင်းစားရင် ရေနွေးသောက်မယ် စတဲ့ စည်းမျဉ်းတွေကို သေချာလိုက်နာပြီး
တခြားသူတွေကိုပါ လိုက်နာဖို့ ဖိအားပေး တိုက်တွန်းတတ်ကြပါတယ်။
ဒါကြောင့်လည်း လူပျိုကြီး၊ အပျိုကြီး ဖြစ်သွားတတ်တာ ဖြစ်ပါတယ်။
၄။ ချစ်သူ မထားတတ်ကြဘူး
လူပျိုကြီး၊ အပျိုကြီးတွေကို ချစ်မယ့်သူ မရှိဘူးလို့ ထင်လေ့ ရှိကြပေမယ့်
တစ်ချို့သူတွေကတော့ မချစ်လို့ မဟုတ်ဘဲ ဆက်ဆံရေးတစ်ခုကို ကောင်းကောင်း မတည်ဆောက်တတ်လို့ ဖြစ်ပါတယ်။
ချစ်သူထားတိုင်း ကိုယ့်အလိုအတိုင်းပဲ ပြုမူတတ်တာ၊
ကိုယ့်ဆန္ဒကို ချိုးနှိမ်ပြီး တဖက်လူဆန္ဒအတိုင်း လိုက်လုပ်ပေးနေတာ စတဲ့ ပုံစံတွေနဲ့
အချစ်ရေးက ကြာရှည် မရှိတာကလည်း လူပျိုကြီး၊ အပျိုကြီး ဘဝကို ဖြတ်သန်းရစေတာ ဖြစ်ပါတယ်။
၅။ တစ်ယောက်တည်းလည်း နေတတ်တယ်
လူပျိုကြီး၊ အပျိုကြီးတွေရဲ့ ထူးခြားချက်တစ်ခုက တစ်ယောက်တည်း နေတတ်တာပါပဲ။
တစ်ယောက်တည်း သွားလာ၊ လှုပ်ရှားရတာကို လုံးဝ စိတ်မလှုပ်ရှားဘဲ ပြုမူတတ်ကြသူတွေ ဖြစ်ပါတယ်။
ဒီအချက်ကြောင့်လည်း လူပျိုကြီး၊ အပျိုကြီးတွေအဖြစ် ရှိနေကြတာလည်း ဖြစ်ပါတယ်။
Credit
Unicode