ချစ်ပြီဆိုရင် အမျိုးသားတွေ လိုချင်တဲ့ အရာ (၆) ခု
အစပိုင်းမှာ မသိသာပေမဲ့ နောက်ပိုင်းမှာတော့ ဒီအရာတွေ မရတာကြောင့် ပြဿနာ ဖြစ်လာနိုင်ပါတယ်။နှစ်ဦးသားချစ်မိပြီဆိုရင် အမျိုးသား တွေ လက်တွဲဖော် ဆီက မျှော်လင့်တဲ့အရာမျိုးတွေ ရှိပါတယ်။
စစတွဲချင်းမှာ ဒီအရာတွေမရလို့ ဘာမှ မဖြစ်ပေမဲ့ အချိန်ကြာလာရင်တော့ ပြဿနာ ရှိလာနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မဝေးနိုင်တဲ့အခါ နှစ်ဦးသား ပြဿနာ က တအုံ့နွေးနွေး ဖြစ်နေတတ်ပါတယ်။
ဒီ့အတွက် ယေဘုယျအားဖြင့် ယောကျာ်း တစ်ယောက် မျှော်လင့်တတ်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။
( ၁ ) လေးစားမှု
လေးစားမှု နဲ့ လူ အထင်ကြီးခံချင်တာမျိုးမဟုတ်ပါဘူး။ အမျိုးသား တွေဟာ သူတို့လက်တွဲဖော် က လေးစားတဲ့အပြုအမူမျိုးပြတဲ့အခါ အဆိုပါ လေးစားမှု ကို လေးနက်တဲ့အချစ်အဖြစ် မှတ်ယူလေ့ရှိကြတာ ဖြစ်ပါတယ်။
ဒီလိုလေးစားမှု မပြနိုင်ရင်တောင် သူတို့အလေးအနက်ထားတဲ့အရာတွေ၊ သူတို့နေ့စဉ်ပတ်သက်နေတဲ့ အရာတွေကို အထင်သေးတဲ့ အပြုအမူ မျိုး မပြပါနဲ့။
ဒီ အပြုအမူ တွေဟာ စချစ်တဲ့အချိန်တွေမှာ မသိသာပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒုက္ခ ပေးလာပါလိမ့်မယ်။
( ၂ ) ချီးကျူးမှု
ပါးစပ် ကနေ တော်တယ်၊ တတ်တယ်လို့ ထုတ်ဖော်ပြောဆိုတာမျိုး မဟုတ်ပါဘူး။ သူတို့လုပ်ရပ်ကြောင့် သင်ပျော်ရွှင်ရတယ်….
သင်နှစ်သက် သဘောကျ ရတယ်ဆိုတာမျိုး သူ့ဘက်က သိရုံပါပဲ။ ရုပ်ပိုင်းဆိုင်ရာတွေထက် ညဏပိုင်းဆိုင်ရာကိစ္စတွေမှာ ပိုမို အလေးပေး ဂရုပြုသင့်ပါတယ်။
( ၃ ) စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု
နှစ်တွေကြာလာတာနဲ့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု ကို လိုချင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု ဆိုတာ ထုတ်ဖော်ပြောပြဖို့ ခက်ပေမဲ့ တစ်ဦးကို တစ်ဦး နားလည်တာမျိုး ဖြစ်ပါတယ်။
ဘယ်သူမှ နားမလည်နိုင်တဲ့ ပုံစံမျိုးနဲ့ တစ်ဦးကိုတစ်ဦး နားလည် နေတာမျိုး ဖြစ်ပါတယ်။
( ၄ )ကိုယ်ပိုင် အချိန်
တစ်ဦးနဲ့ တစ်ဦး ဘယ်လောက်ပဲ ချစ်ပါစေ ကိုယ်ပိုင် အချိန် ကိုတော့ တောင့်တကြပါတယ်။ သူငယ်ချင်း တွေနဲ့ အချိန်ဖြုန်းချင်တာ၊ တစ်ယောက်တည်းနေချင်တာ…
ကိုယ်နှစ်သက်တဲ့ ဝါသနာတစ်ခုလုပ်နေချင်တာ စတဲ့ပုဂ္ဂလိက အချိန်လေးတွေ ရှိပါတယ်။ ဒါမျိုးတွေ ပျောက်ဆုံးတာမျိုးကြောင့် နှစ်ဦးသားဆက်ဆံရေးကို စိတ်ညစ်လာနိုင်ပါတယ်။
( ၅ )ရုပ်ပိုင်းဆိုင်ရာ
လက်တွေ့ကျကျ ပြောရရင်တော့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ကိုလည်း အမျိုးသား တွေ လိုချင်ပါတယ်။
( ၆ ) လုံခြုံမှု
အချိန်ကြာလာတဲ့အခါ ဘယ်သူ့ကိုမှ မတိုင်ပင်တာတွေ တိုင်ပင်ပါမယ်၊ ဘယ်သူ့ကိုမှ မပြောတာတွေ ပြောပြပါမယ်။ ဒီလိုဖြစ်လာတာဟာ သူတို့တွဲနေတဲ့ မိန်းကလေးက သူတို့အတွက် ….
အလုံခြုံဆုံးပုဂ္ဂိုလ်လို့ ခံစားရတာကြောင့် ဖြစ်ပါတယ်။ ဒီလို လုံခြုံမှု မျိုး မရတဲ့အခါ အဆိုပါဆက်ဆံရေးဟာ အချိန်ကြာတဲ့အခါ နီးလျက်နဲ့ ဝေးသလို ဖြစ်လာပါတယ်။
Credit : Duuwn