အချစ်ရေး


ကျွန်မ

လူတယောက်ကို တကယ်ချစ်မိတဲ့အခါ

သူ့ရဲ့အချစ်တွေကို အကုန်လိုချင်တယ်။

ဒါမိန်းကလေး တယောက်ရဲ့ အတ္တပါ

ဂရုစိုက်တာ အလေးထားတာ အင်မတန်လိုချင်တယ်။

ဒါပေမဲ့ ကိုယ်ပြောမှ လိုက်လုပ်ပေးတဲ့ အရာမျိုးလဲ မလိုချင်ပြန်တော့ဘူး။

ဒါကို အပြောင်းလဲမြန်တယ်လို့ ခေါင်းစဉ်တပ်ကြတယ် မဟုတ်ဘူး

ငါ့ကိုဂရုစိုက်ပါလား ဆိုပီး ကြည်နူး ချင်တဲ့ ဆန္ဒပါ။

ပြတ်စဲမယ် လမ်းခွဲမယ်လို့ ခနခန ပြောတတ်တယ်။

ဒါမချစ်လို့မဟုတ်ဘူး

အဲလိုပြောတဲ့ အခုမှာတောင် ဖက်တွယ်ထားပါလားဆိုတဲ့ ပျော်ရွှင်မှုလေး လိုချင်မိရုံပါ။

အလုပ်လုပ်ပါ ငွေရှာပါဆိုပီး

အမြဲတွန်းအားပေးနေတာ ကျွန်မ ငွေမက်လို့ မဟုတ်ပါဘူး။

ကျွန်မ ချစ်သူ အဲလိုတော်တာ ဆိုပီး ကြွားချင်လို့ပါ။

ကျွန်မ အမှာသေးသေးလေးကအစ အပြစ်ရှာတယ်တဲ့

ကျွန်မ သိပ်ချစ်တဲ့ ရှင့်ကို ကျွန်မပဲပြောမယ် သူများပြောလာတဲ့အခါ ကျွန်မ မခံနိုင်ဘူး။

ဒါကြောင့် အမှားသေးသေးလေးက အစဆင်ခြင်စေချင်တာပါ။

ဆေးလိပ်မသောက်နဲ့ အရက်မသောက်နဲ့ ဒါကိုချုပ်ချယ်တယ်လို့ထင်တယ်။

ဆေးလိပ် အရက်သောက်တဲ့သူတွေဟာ အသက်ကို တိုစေတယ်တဲ့

ကျွန်မ အနာဂါတ်အထိ ရှင့်လက်ကို ဆွဲထားချင်တာလေ

အိုအောင် မင်းအောင် ပေါင်းရပါစေဆိုတဲ့ ဆုပြည့်ချင်လို့ ရှောင်စေချင်တာပါ။

ကျွန်မရင်ထဲ ရှိတဲ့အတိုင်း မခြွင်းမချန် ပဲအမှန်တိုင်းပြောပါတယ် နားလည်တာ နားမလည်တာက ရှင့်အပိုင်းပေါ့

ကျွန်မ…ရှင့်ကိုချစ်တယ်။

Crd;

ကြၽန္မ

လူတေယာက္ကို တကယ္ခ်စ္မိတဲ့အခါ








ဒါမချစ်လို့မဟုတ်ဘူး














Crd;