အခ်စ္ေရး

အချစ်ကို စိတ်ကုန်သွားပြီ ဆိုတဲ့စကားက တကယ်ရှိပါတယ်….

အချစ်ကို စိတ်ကုန်သွားပြီ ဆိုတဲ့စကားက တကယ်ရှိပါတယ်….ħ

အရင်က သူငယ်ချင်းတွေကြားမှာ တစ်ခါတစ်လေ ကြားရလေ့ရှိတယ် ငါတော့ အချစ်ကိုစိတ်ကုန်သွားပြီး ဘယ်သူ့ကိုမှ မချစ်ချင်တော့ဘူး ချစ်ရမှာလဲကြောက်သွား

ပြီး ဆိုတဲ့စကားမျိုးကြားရရင် နှာခေါင်းလေးရှုံ့ပြီး လျှာအရိုးမရှိတိုင်း လျှောက်ပြောမနေနဲ့ “ဆိုပြီး အပြစ်ပြောခဲ့ဖူးတယ်

လူတိုင်းဟာ အချစ်နဲ့မှမကင်းနိုင်တာ အချစ်ကို စိတ်ကုန်တယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာဆိုပြီးတော့လဲ မှတ်ချက်တွေပေးခဲ့ဖူးတယ်နောက်တော့ ကိုယ်ကိုတိုင်ကြုံလာ

ရမှ အော် သူတို့ပြောတာဟုတ်ပါ့လား အချစ်က တကယ်စိတ်ကုန်ချင်စရာကြီး ဘဲငါလဲ အချစ်ကိုစိတ်ကုန်သွားပြီး ဆိုတဲ့စိတ်မျိုး ဝင်လာ ခံစားလာရမှ တကယ်ရှိတယ်

ဆိုတာ လက်ခံလိုက်ရတာ

ဒီစိတ်ကလဲ လူတိုင်းဆီမှာ မရှိတတ်ဖူး ဘယ်လိုလူမျိုးတွေဆီမှာ ရှိလဲဆိုတော့ အချစ်တစ်ခုကို တစ်ကမ္ဘာထင်ခဲ့ဖူးသူတွေ အချစ်မခံရတဲ့သူတွေ အချစ်ကြောင့်နာနာ

ကျင်ကျင်ခံစားဖူးတဲ့သူတွေ လိုက်လေ ပြေးလေဖြစ်နေတဲ့ အချစ်မျိုးနဲ့ ကြုံဖူးတဲ့သူတွေ ပလစ်ခံရဖူးတဲ့သူတွေဆီမှာ ဖြစ်ကျလေ့ရှိတယ်

အချစ်လို့ကြားယုံနဲ့ ရယ်ချင်တာလိုလို ရွံတာလိုလို အန်ချင်သလိုလို တစ်ခုခုကို သတိရသလိုလိုတွေ ဖြစ်ဖူးကြလား နောက်ပြီး ရက်ရက်ရောရောလာပေးနေရင်တောင်

ခါခါသီးသီးနဲ့မလိုချင်တော့တဲ့ အဆင့်ထိရောက်ဖူးကြလား ဒါဆိုရင် အချစ်ကို စိတ်ကုန်စပြုလာတဲ့ Level ရောက်လာပြီ

ဘယ်လောက်ချစ်ချစ် အချိန်တန်ရင် ပြတ်မှာဘဲဆိုတဲ့ အသိကြီးက ခေါင်းထဲကထုတ်မရတာမျိုးတွေ ကတိတွေ ဘယ်လောက်ပေးပေးအချိန်တန်ရင် ခွေးမှီးကောက်

ကျည်ထောက်စွပ်ဖြစ်မှာကို ကြိုသိနေတာမျိုးတွေ ဘယ်လောက်ဘဲ ကိုယ့်အပေါ် ဂရုစိုက်ပြပြ အချိန်တန်ရင်

game လောက်တောင် အရေးမပါတော့မှာကို သိနေတာမျိုးတွေကြောင့် ဘယ်လိုအချစ်မျိုးဘဲ ဖြစ်ဖြစ် မလိုချင်တော့တဲ့ ခံစားချက်ကြီးဝင်လာပြီး စိတ်ကုန်နေတာမျိုး

ဖြစ်ဖူးလား

ဒါကို ခေါင်းစဥ်တပ်ရရင် အချစ်ကို စိတ်ကုန်သွားတာမျိုးပေါ့အချစ်ကို စိတ်ကုန်သွားပြီ ဆိုတဲ့စကားဟာ တကယ်ရှိတယ်ဒါပေမဲ့ ကိုယ်ကိုတိုင်ကြုံးဖူးမှဘဲ သိမဲ့ စိတ်မျိုး

နော် လူတိုင်းတော့ ဒါကို မသိနိုင်ဘူး ရင့်ကျက်သွားတဲ့လူတွေလောက်ဘဲ ဒီစကားကို သိကြ လက်ခံကြတာ ။

Credit

အခ်စ္ကို စိတ္ကုန္သြားၿပီ ဆိုတဲ့စကားက တကယ္ရွိပါတယ္….ħ

အရင္က သူငယ္ခ်င္းေတြၾကားမွာ တစ္ခါတစ္ေလ ၾကားရေလ့ရွိတယ္ ငါေတာ့ အခ်စ္ကိုစိတ္ကုန္သြားၿပီး ဘယ္သူ႔ကိုမွ မခ်စ္ခ်င္ေတာ့ဘူး ခ်စ္ရမွာလဲေၾကာက္သြားၿပီး

ဆိုတဲ့စကားမ်ိဳးၾကားရရင္ ႏွာေခါင္းေလးရႈံ႕ၿပီး လွ်ာအ႐ိုးမရွိတိုင္း ေလွ်ာက္ေျပာမေနနဲ႔ “ဆိုၿပီး အျပစ္ေျပာခဲ့ဖူးတယ္

လူတိုင္းဟာ အခ်စ္နဲ႔မွမကင္းႏိုင္တာ အခ်စ္ကို စိတ္ကုန္တယ္ဆိုတာ ျဖစ္မွမျဖစ္ႏိုင္တာဆိုၿပီးေတာ့လဲ မွတ္ခ်က္ေတြေပးခဲ့ဖူးတယ္ေနာက္ေတာ့ ကိုယ္ကိုတိုင္ႀကဳံလာရမွ ေ

အာ္ သူတို႔ေျပာတာဟုတ္ပါ့လား အခ်စ္က တကယ္စိတ္ကုန္ခ်င္စရာႀကီး ဘဲငါလဲ အခ်စ္ကိုစိတ္ကုန္သြားၿပီး ဆိုတဲ့စိတ္မ်ိဳး ဝင္လာ ခံစားလာရမွ တကယ္ရွိတယ္ဆိုတာ လက္ခံလိုက္ရတာ

ဒီစိတ္ကလဲ လူတိုင္းဆီမွာ မရွိတတ္ဖူး ဘယ္လိုလူမ်ိဳးေတြဆီမွာ ရွိလဲဆိုေတာ့ အခ်စ္တစ္ခုကို တစ္ကမာၻထင္ခဲ့ဖူးသူေတြ အခ်စ္မခံရတဲ့သူေတြ အခ်စ္ေၾကာင့္နာနာက်င္က်

င္ခံစားဖူးတဲ့သူေတြ လိုက္ေလ ေျပးေလျဖစ္ေနတဲ့ အခ်စ္မ်ိဳးနဲ႔ ႀကဳံဖူးတဲ့သူေတြ ပလစ္ခံရဖူးတဲ့သူေတြဆီမွာ ျဖစ္က်ေလ့ရွိတယ္

အခ်စ္လို႔ၾကားယုံနဲ႔ ရယ္ခ်င္တာလိုလို ႐ြံတာလိုလို အန္ခ်င္သလိုလို တစ္ခုခုကို သတိရသလိုလိုေတြ ျဖစ္ဖူးၾကလား ေနာက္ၿပီး ရက္ရက္ေရာေရာလာေပးေနရ

င္ေတာင္ ခါခါသီးသီးနဲ႔မလိုခ်င္ေတာ့တဲ့ အဆင့္ထိေရာက္ဖူးၾကလား ဒါဆိုရင္ အခ်စ္ကို စိတ္ကုန္စျပဳလာတဲ့ Level ေရာက္လာၿပီ

ဘယ္ေလာက္ခ်စ္ခ်စ္ အခ်ိန္တန္ရင္ ျပတ္မွာဘဲဆိုတဲ့ အသိႀကီးက ေခါင္းထဲကထုတ္မရတာမ်ိဳးေတြ ကတိေတြ ဘယ္ေလာက္ေပးေပးအခ်ိန္တန္ရင္ ေခြးမွီးေကာက္

က်ည္ေထာက္စြပ္ျဖစ္မွာကို ႀကိဳသိေနတာမ်ိဳးေတြ ဘယ္ေလာက္ဘဲ ကိုယ့္အေပၚ ဂ႐ုစိုက္ျပျပ အခ်ိန္တန္ရင္

game ေလာက္ေတာင္ အေရးမပါေတာ့မွာကို သိေနတာမ်ိဳးေတြေၾကာင့္ ဘယ္လိုအခ်စ္မ်ိဳးဘဲ ျဖစ္ျဖစ္ မလိုခ်င္ေတာ့တဲ့ ခံစားခ်က္ႀကီးဝင္လာၿပီး စိတ္ကုန္ေန

တာမ်ိဳး ျဖစ္ဖူးလား

ဒါကို ေခါင္းစဥ္တပ္ရရင္ အခ်စ္ကို စိတ္ကုန္သြားတာမ်ိဳးေပါ့အခ်စ္ကို စိတ္ကုန္သြားၿပီ ဆိုတဲ့စကားဟာ တကယ္ရွိတယ္ဒါေပမဲ့ ကိုယ္ကိုတိုင္ႀကဳံးဖူးမွဘဲ သိမဲ့ စိတ္မ်ိဳးေနာ္ လူတိုင္းေ

တာ့ ဒါကို မသိႏိုင္ဘူး ရင့္က်က္သြားတဲ့လူေတြေလာက္ဘဲ ဒီစကားကို သိၾက လက္ခံၾကတာ ။

Credit