Life Style

ေကာင္ေလးေတြ တကယ္ခ်စ္လာတဲ့အခါ ခ်စ္သူေကာင္မေလးကို ေမးတတ္တဲ့ ေမးခြန္းေလးေတြ

ေကာင္ေလးေတြ တကယ္ခ်စ္လာတဲ့အခါ ခ်စ္သူေကာင္မေလးကို ေမးတတ္တဲ့ ေမးခြန္းေလးေတြ

ကိုယ္ခုလက္ရွိတြဲေနတဲ့ ေကာင္ေလးက အခုေဖာ္ျပေပးမယ့္ ေမးခြန္းေလးေတြ ေမးဖူးတယ္ ဆိုရင္ေတာ့ သင့္ကိုဘဝလက္တြဲေဖာ္အျဖစ္ သတ္မွတ္ထားလို႔ပါပဲ။ ေကာင္ေလးေတြ အေနနဲ႔လည္း ကိုယ့္ရဲ႕ ဘဝလက္တြဲေဖာ္ ခ်စ္သူ မိန္းကေလးကို ဒီလိုေမးခြန္းေလးေတြ ေမးထားသင့္ ပါတယ္။

(၁) တြဲလာတဲ့တစ္ေလွ်ာက္လုံးဘာခံစားမိလဲ

ေကာင္ေလးအမ်ားစု ေမးတတ္တဲ့ ေမးခြန္းမ်ိဳးပါပဲ။ အထူးသျဖင့္ သင့္ကို လက္တြဲေဖာ္အျဖစ္ သတ္မွတ္ထားသူက ေလးေလးနက္နက္ေမးတတ္ပါတယ္။ သင္နဲ႔ခ်စ္သူရည္းစားျဖစ္တဲ့ ကာလတစ္ေလွ်ာက္လုံး အခ်စ္ကို ဘယ္လိုခံစားမိလဲ ဆိုတာကို sharing လုပ္တတ္ပါတယ္။

ဘာလို႔လဲဆိုေတာ့ ခ်စ္သူအျဖစ္ တြဲလာတဲ့ ကာလအတြင္းမွာ သူ႔ေၾကာင့္ အခ်စ္ကို ဘယ္လို ခံစားမိတယ္၊ ေပ်ာ္႐ႊင္ရတာမ်ားလား၊ ျပႆနာေတြမ်ားခဲ့လားဆိုတာကို သုံးသပ္ၿပီး အမွားမ်ားကို ျပင္ဆင္ဖို႔ အသင့္ရွိေနသူေတြက ဒီလိုေမးခြန္းမ်ိဳး ေမးတတ္ပါတယ္။ ဒါက သင့္ကို တကယ္ခ်စ္လို႔သာ ေမးတာပါ။

(၂) ဘဝမွာ အေပ်ာ္ဆုံးအခ်ိန္နဲ႔ ဝမ္းနည္းရဆုံးအခ်ိန္ကဘာလဲ

သင့္ကို သူ႔ဘဝထဲ ဆြဲေခၚဖို႔အတြက္ သင့္ဘဝရဲ႕ တစ္စိတ္တစ္ပိုင္းကိုလည္း သူစပ္စုခ်င္ေနပါၿပီ။ သင့္အေပၚ ျမတ္ႏိုးတန္ဖိုးထားသူက သင့္ဘဝမွာ ျဖစ္ပ်က္ခဲ့တဲ့ အရာေလးေတြကအစ စိတ္ဝင္စား ေနတတ္ပါတယ္။

ဒါ့ေၾကာင့္ သင့္ဘဝရဲ႕ အေပ်ာ္႐ႊင္ရဆုံးအခ်ိန္၊ ဝမ္းနည္းရဆုံး အခ်ိန္ေတြကို ေမးၿပီး ေသခ်ာနားေထာင္ေပးတတ္တဲ့သူက သင့္ဘဝရဲ႕ လက္တြဲေဖာ္ေကာင္း တစ္ေယာက္ပါပဲ။

(၃) ကိုယ္တို႔ႏွစ္ဦးရဲ႕ အခ်စ္ကိုဘယ္လိုအဓိပၸါယ္ဖြင့္ဆိုလဲ

အခ်စ္ရဲ႕ အဓိပၸါယ္ ဖြင့္ဆိုခ်က္ကို ေမးတာကေတာ့ ခ်စ္သူစုံတြဲေတြတိုင္း ေမးတတ္တဲ့ ေမးခြန္းမ်ိဳးပါပဲ။ တကယ္ခ်စ္တတ္တဲ့ ေကာင္ေလးေတြက်ေတာ့ ကိုယ္တို႔ႏွစ္ဦးရဲ႕ အခ်စ္ေရးကို ဘယ္လို သေဘာ ထားလဲ ဆိုတဲ့အေပၚပဲ ဂ႐ုစိုက္ၾကတာ မ်ားပါတယ္။

သင့္အေနနဲ႔ ႏွစ္ဦးသား အခ်စ္ေရးကို ဘယ္ေလာက္ ထိ စဥ္းစားထားလဲ၊ ေရရွည္အတြက္ ဘယ္လိုေတြးေတာထားလဲ ဆိုတာကို စမ္းသပ္တဲ့ အေနနဲ႔ ေမးတတ္တဲ့ ေမးခြန္းမ်ိဳးပါ။

(၄) အိမ္ေထာင္ေရးတစ္ခုမွာဘာေတြလိုအပ္လဲ

အိမ္ေထာင္တစ္ခု တည္ေထာင္ဖို႔အတြက္ ဘာေတြလိုအပ္လဲ၊ ဘယ္လိုျဖစ္ေစခ်င္လဲ ဆိုတာကိုလည္း တကယ္ခ်စ္တဲ့ေကာင္ေလးေတြက သူတို႔ခ်စ္သူရဲ႕ သေဘာထားကို ေမးျမန္းတတ္ၾကပါေသးတယ္။

ေကာင္မေလးေျပာတဲ့ လိုအပ္ခ်က္ေတြ၊ ျဖစ္ခ်င္တဲ့ ဆႏၵေတြ၊ ဘယ္အခ်ိန္ေလာက္ အိမ္ေထာင္ျပဳမယ္ စတာေတြအတြက္ အေကာင္းဆုံး ႀကိဳးစားျပင္ဆင္ဖို႔ အတြက္ အဆင္သင့္ရွိေန တတ္သူေတြပါ။

(၅) မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးခ်င္လား

သင့္ကိုဘဝလက္တြဲေဖာ္အျဖစ္ သတ္မွတ္ထားတဲ့ ေကာင္ေလးကေတာ့ သင့္ရဲ႕ မိသားစု၊ အသိုင္းအဝိုင္းၾကားမွာ သင့္ရဲ႕ခ်စ္သူအျဖစ္ ထင္ထင္ေပၚေပၚ တြဲခ်င္ၾကပါတယ္။

မိသားစုနဲ႔ မိတ္ဆက္ေပးခိုင္းတာ၊ သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးခိုင္းတာက သင့္ကိုတကယ္ခ်စ္လို႔ သင့္ပတ္ဝန္းက်င္က လူေတြနဲ႔ ရင္းႏွီးကြၽမ္းဝင္ခ်င္တဲ့ သေဘာပါပဲ။

Credit:

Unicode,

ကောင်လေးတွေ တကယ်ချစ်လာတဲ့အခါ ချစ်သူကောင်မလေးကို မေးတတ်တဲ့ မေးခွန်းလေးတွေ

ကိုယ်ခုလက်ရှိတွဲနေတဲ့ ကောင်လေးက အခုဖော်ပြပေးမယ့် မေးခွန်းလေးတွေ မေးဖူးတယ် ဆိုရင်တော့ သင့်ကိုဘဝလက်တွဲဖော်အဖြစ် သတ်မှတ်ထားလို့ပါပဲ။ ကောင်လေးတွေ အနေနဲ့လည်း ကိုယ့်ရဲ့ ဘဝလက်တွဲဖော် ချစ်သူ မိန်းကလေးကို ဒီလိုမေးခွန်းလေးတွေ မေးထားသင့် ပါတယ်။

(၁) တွဲလာတဲ့တစ်လျှောက်လုံးဘာခံစားမိလဲ

ကောင်လေးအများစု မေးတတ်တဲ့ မေးခွန်းမျိုးပါပဲ။ အထူးသဖြင့် သင့်ကို လက်တွဲဖော်အဖြစ် သတ်မှတ်ထားသူက လေးလေးနက်နက်မေးတတ်ပါတယ်။ သင်နဲ့ချစ်သူရည်းစားဖြစ်တဲ့ ကာလတစ်လျှောက်လုံး အချစ်ကို ဘယ်လိုခံစားမိလဲ ဆိုတာကို sharing လုပ်တတ်ပါတယ်။

ဘာလို့လဲဆိုတော့ ချစ်သူအဖြစ် တွဲလာတဲ့ ကာလအတွင်းမှာ သူ့ကြောင့် အချစ်ကို ဘယ်လို ခံစားမိတယ်၊ ပျော်ရွှင်ရတာများလား၊ ပြဿနာတွေများခဲ့လားဆိုတာကို သုံးသပ်ပြီး အမှားများကို ပြင်ဆင်ဖို့ အသင့်ရှိနေသူတွေက ဒီလိုမေးခွန်းမျိုး မေးတတ်ပါတယ်။ ဒါက သင့်ကို တကယ်ချစ်လို့သာ မေးတာပါ။

(၂) ဘဝမှာ အပျော်ဆုံးအချိန်နဲ့ ဝမ်းနည်းရဆုံးအချိန်ကဘာလဲ

သင့်ကို သူ့ဘဝထဲ ဆွဲခေါ်ဖို့အတွက် သင့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကိုလည်း သူစပ်စုချင်နေပါပြီ။ သင့်အပေါ် မြတ်နိုးတန်ဖိုးထားသူက သင့်ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ အရာလေးတွေကအစ စိတ်ဝင်စား နေတတ်ပါတယ်။

ဒါ့ကြောင့် သင့်ဘဝရဲ့ အပျော်ရွှင်ရဆုံးအချိန်၊ ဝမ်းနည်းရဆုံး အချိန်တွေကို မေးပြီး သေချာနားထောင်ပေးတတ်တဲ့သူက သင့်ဘဝရဲ့ လက်တွဲဖော်ကောင်း တစ်ယောက်ပါပဲ။

(၃) ကိုယ်တို့နှစ်ဦးရဲ့ အချစ်ကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲ

အချစ်ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို မေးတာကတော့ ချစ်သူစုံတွဲတွေတိုင်း မေးတတ်တဲ့ မေးခွန်းမျိုးပါပဲ။ တကယ်ချစ်တတ်တဲ့ ကောင်လေးတွေကျတော့ ကိုယ်တို့နှစ်ဦးရဲ့ အချစ်ရေးကို ဘယ်လို သဘော ထားလဲ ဆိုတဲ့အပေါ်ပဲ ဂရုစိုက်ကြတာ များပါတယ်။

သင့်အနေနဲ့ နှစ်ဦးသား အချစ်ရေးကို ဘယ်လောက် ထိ စဉ်းစားထားလဲ၊ ရေရှည်အတွက် ဘယ်လိုတွေးတောထားလဲ ဆိုတာကို စမ်းသပ်တဲ့ အနေနဲ့ မေးတတ်တဲ့ မေးခွန်းမျိုးပါ။

(၄) အိမ်ထောင်ရေးတစ်ခုမှာဘာတွေလိုအပ်လဲ

အိမ်ထောင်တစ်ခု တည်ထောင်ဖို့အတွက် ဘာတွေလိုအပ်လဲ၊ ဘယ်လိုဖြစ်စေချင်လဲ ဆိုတာကိုလည်း တကယ်ချစ်တဲ့ကောင်လေးတွေက သူတို့ချစ်သူရဲ့ သဘောထားကို မေးမြန်းတတ်ကြပါသေးတယ်။

ကောင်မလေးပြောတဲ့ လိုအပ်ချက်တွေ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ ဘယ်အချိန်လောက် အိမ်ထောင်ပြုမယ် စတာတွေအတွက် အကောင်းဆုံး ကြိုးစားပြင်ဆင်ဖို့ အတွက် အဆင်သင့်ရှိနေ တတ်သူတွေပါ။

(၅) မိသားစု၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချင်လား

သင့်ကိုဘဝလက်တွဲဖော်အဖြစ် သတ်မှတ်ထားတဲ့ ကောင်လေးကတော့ သင့်ရဲ့ မိသားစု၊ အသိုင်းအဝိုင်းကြားမှာ သင့်ရဲ့ချစ်သူအဖြစ် ထင်ထင်ပေါ်ပေါ် တွဲချင်ကြပါတယ်။

မိသားစုနဲ့ မိတ်ဆက်ပေးခိုင်းတာ၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးခိုင်းတာက သင့်ကိုတကယ်ချစ်လို့ သင့်ပတ်ဝန်းကျင်က လူတွေနဲ့ ရင်းနှီးကျွမ်းဝင်ချင်တဲ့ သဘောပါပဲ။

Credit: