Life Style
ယောကျာ်းလေးတိုင်းကို အသည်းတယားယားဖြစ်စေနိုင်တဲ့ မိန်းကလေးတွေရဲ့ အမူအရာ(၆)မျိုး
ယောကျာ်းလေးတိုင်းကို အသည်းတယားယားဖြစ်စေနိုင်တဲ့ မိန်းကလေးတွေရဲ့ အမူအရာ(၆)မျိုး
တစ်ခါတစ်လေ မိန်းကလေးတစ်ယောက် ပြုမူလိုက်တဲ့ အပြုအမူလေးတစ်ချို့က ယောကျာ်းလေးတွေအတွက်တာ့ အရမ်းကို ချစ်စရာကောင်းတဲ့ ပုံစံလေး ဖြစ်နေတတ်ပါတယ်နော်။ မိန်းကလေးတွေရဲ့ ဒီလိုအပြုအမူလေးတွေက ယောကျာ်းလေးတွေရဲ့အမြင်မှာ အရမ်းကိုချစ်စရာကောင်းပြီး အသည်းယားချင်စရာ အမူအရာလေးတွေ ဖြစ်နေတတ်ပါတယ်။
ပွင့်ပွင့်လင်းလင်း ရယ်မောတတ်တာ
မိန်းကလေးတစ်ယောက်ရဲ့ အပြုံးက ယောကျာ်းလေးတွေ ပထမဆုံးစိတ်ဝင်စားမိတဲ့ အရာတစ်ခုပါ။ ဒီလိုပဲ မိန်းကလေးတစ်ယောက် ပွင့်ပွင့်လင်းလင်း ရယ်မောတတ်တဲ့ ပုံစံလေးကလည်း ယောကျာ်းလေးတွေရဲ့ အမြင်မှာ အရမ်းကိုချစ်စရာကောင်းနေတတ်ပါတယ်။ တကယ်တော့ အသံထွက်ပြီး ရယ်တတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံစံလေးက ကလေးတစ်ယောက်လို ဖြူစင်နေတဲ့အတွက်ကြောင့်ပါနော်။
ဆံပင်သပ်တင်တာ
မိန်းကလေးတွေ အမှတ်တမဲ့နဲ့ ဆံပင်သပ်တင်လိုက်တဲ့ပုံစံလေးက ယောကျာ်းလေးတွေအတွက်တော့ တကယ့်ကို အသည်းယားချင်စရာ ကောင်းလှပါတယ်နော်။ နားသယ်စ ဆံစနုနုလေးတွေနဲ့ လည်တိုင်အလှက မိန်းကလေးတစ်ယောက်ကို ဆန့်ကျင်ဖက်ယောကျာ်းလေးတွေရဲ့ အမြင်မှာ ပိုဆွဲဆောင်မှုရှိပြီး အသည်းတယားယားဖြစ်သွားစေနိုင်ပါတယ်။
နှုတ်ခမ်းကိုက်တာ
ယောကျာ်းလေးတွေ ကြွယ်တတ်ကြတဲ့ မိန်းကလေးတစ်ယောက်ရဲ့ နှုတ်ခမ်းကိုက်တဲ့အမူအရာလေးက အရမ်းကိုချစ်စရာကောင်းသလိုပဲ ဆွဲဆောင်မှုလည်း ရှိနေပါတယ်။ မိန်းကလေးတွေ နှုတ်ခမ်းကိုက်တတ်တာက တစ်ဖက်လူကို ဆွဲဆောင်သလိုဖြစ်သွားစေတယ်ဆိုတာကို မမေ့ပါနဲ့နော်။
ရုတ်တရက် ရှက်သွားတဲ့ ပုံစံလေး
မိန်းကလေးတွေ တစ်ခုခုကိုရှက်သွားတဲ့အခါမျိုးမှာ ပါးမို့မို့လေးတွေ နီရဲပြီး မျက်နှာလေးက ရှက်သွေးလေးပြေးနေတတ်ပါတယ်။ ဒီပုံစံလေးက ယောကျာ်းလေးတွေအတွက်တော့ အရမ်းကို အသည်းယားပြီး ချစ်စရာကောင်းနေတတ်ပါတယ်။
စိတ်ကောက်နေတဲ့ အချိန်
မိန်းကလေးတွေက စိတ်ဆိုးစိတ်ကောက်နေတဲ့အချိန်ဆို ချစ်စရာကောင်းတယ်လို့ ယောကျာ်းလေးတော်တော်များများက ဆိုကြပါတယ်။ ဒါကြောင့်လည်း ချစ်သူကောင်လေးတွေက သူတို့ရဲ့ကောင်မလေးတွေကို မကြာခဏ စိတ်ကောက်အောင် စချင်ကြတာပါနော်။
အမှားလုပ်မိလို့ မျက်နှာငယ်လေး ဖြစ်နေတဲ့အချိန်နောက်ထပ် မိန်းကလေးတွေ ချစ်စရာကောင်းတဲ့အချိန်လေးက အမှားလုပ်မိလို့ ခွင့်လွှတ်ခံချင်တဲ့ အချိန်မျိုုးပါ။ အမှားလုပ်မိတဲ့အချိန် မျက်နှာငယ်လေးနဲ့ ဖြစ်နေတတ်တဲ့ ပုံစံလေးက ယောကျာ်းလေးတွေ ခွင့်မလွှတ်ပဲမနေနိုင်လောက်အောင် ချစ်စရာကောင်းနေတတ်ပါတယ်။
Khin
Zawgyi
ဆံပင်သပ်တင်တာ
နှုတ်ခမ်းကိုက်တာ
Khin