ဗိုက်ကြောပြတ် ပေါင်ကြောပြတ်ပီး အသားအရည်တွန့်နေတာတွေအတွက် ဆေးကောင်းတလက်
ကိုယ်တိုင် အရင်ကပေါင်ကြောပြတ်ဖူးလို့ အိမ်မှာလုပ်ပီး အသုံးပြုနေတာ နှစ်နဲ့ချီနေပါပီနော် တကယ်လည်းကောင်းလို့ပြန်လည်မျှဝေပေးလိုက်တာပါ ပိုက်ဆံမကုန်ပဲထိရောက်တဲ့ ဆေးလေးပါ
ကိုယ်ဝန်ဆောင်လို့ပဲ ဗိုက်ကြောပြတ်ပြတ် / ဝလာလို့ပဲ ပေါင်ကြောပြတ်ပြတ် ဘယ်လိုအကြောင်းရာကြောင့်
ပေါင်ကြောပြတ်ပြတ် ဆေးကောင်းရှိပါတယ်နော်လုပ်ရတာလည်း မခက်ပဲ အရမ်းကို လွယ်ကူ ရိုးရှင်းပါတယ်
ရှားစောင်းလက်ပတ်အပင်ကြီးက အနှစ်တုံး ငါးခုခြောက်ခုခန့်နဲ့ အုန်းဆီစစ်စစ် သံပုရာအနည်းငယ်ပဲလိုတာပါနော်။
အုန်းဆီက M150 ပုလင်း တစ်ပုလင်းခွဲလိုပါတယ်
သံံအိုးတစ်ခုထဲမှာ ရှားစောင်းအနှစ်ချည်းထည့်ပါ အုန်းဆီလောင်းထည့်ပါ အဲ့ဒီအိုးကို မီးဖိုပေါ်တင်ပီး မီးခပ်အေးအေးလေးနဲ့သာ ပေးဆူထားပါ မိနစ် 30ခန့်
တည်ပီး ရှားစောင်းတွေမဲတဲ့ထိ တည်ပီး မီးဖိုပေါ်မှချကာ ရှားစောင်းအမဲတွေကိုဖယ်ပါ ဆီရည်တွေကို ဖန်ဘူးတစ်ခုတည်း လောင်းထည့်ထားပါ
အကြေားပြတ်တဲ့နေရာတွေကို ထိုဆီရေဖြင့် အသားထဲ စိမ့်ဝင်အောင် နေ့စဉ်တစ်ကြိမ်မှ နှစ်ကြိမ်လိမ်းပေးသွားရင်သိသိသာသာ တစ်ပတ်အတွင်းလျော့လာမှာပါ
ဂျွတ်တတ်နေတဲ့ နေရာတွေနဲ့ အမာရွတ်နေရာတွေကို သံပုရာရည်အနည်းငယ်ရောစပ်ကာလိမ်းပေးနိုင်ပါတယ်နော်
နှစ်ပတ်အတွင်း လျော့သွားမှာပါညအိပ်ခါနီးတိုင်း Bodyအနှံ့ လိမ်းပေးသွားရင်လည်းစိုပြေဝင်းလက်တင်းရင်းတဲ့ အသားအရည်ကို ရစေမှာပါနော်
ခရစ်ဒစ်
Zawgyi
သံအိုးတစ်ခုထဲမှာ ရှားစောင်းအနှစ်ချည်းထည့်ပါ အုန်းဆီလောင်းထည့်ပါ အဲ့ဒီအိုးကို မီးဖိုပေါ်တင်ပီး မီးခပ်အေးအေးလေးနဲ့သာ ပေးဆူထားပါ မိနစ် 30ခန့်
ခရစ်ဒစ်