Life Style

ပျော်ရွှင်မှု အစစ်ကို ဘယ်လိုရှာမလဲ ?

ဒီတစ်ခါတော့ ဘဝမှာနေပျော်အောင် ၊ ဟန်ဆောင်ပြီး မပျော်ရအောင် ကိုယ့်ဘာသာ ဖန်တီးနိူင်မဲ့ ကိုယ်ပိုင် ပျော်ရွှင်မှု အစစ်အကြောင်း ဝေမျှပေးချင်ပါတယ်။
ဘဝမှာ စိတ်ချမ်းသာဖို့က အရေးကြီးတဲ့ အပြင် အသက်ရှည်ရှည် ကျန်းကျန်းမာမာနေရဖို့ကလည်း စိတ်နဲ့ ဆိုင်ပါတယ်။ ဟန်ဆောင်ပြုံးနေ ၊ ရယ်နေရမဲ့ အစား ပျော်ရွှင်မှု အစစ်ဆိုတာကို ဘယ်လိုနည်းလမ်းတွေနဲ့ ရှာဖွေရမလဲ သိချင်လား?

သိချင်ရင် အဆုံးထိ ဖတ်ပေးနော်။

1. ကိုယ့်ကို ချစ်တဲ့သူတွေနားမှာနေမယ်။

ကိုယ့်ကို ချစ်တဲ့ သူတွေကို မစွန့်ပစ်လိုက်ပါနဲ့။ ဘဝမှာ ကိုယ့်ကို လူတစ်ယောက်က ချစ်နေတာက တန်ဖိုးအကြီးဆုံးပါဘဲ။ ဒီလို လူတွေ ရှိနေတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ပါ။ ကိုယ်တိုင်လည်း တန်ဖိုးထားပါ။ ကိုယ့်ရဲ့ မိဘ ၊ သူငယ်ချင်း ၊ မိသားစု ၊ မိတ်ဆွေ တွေထဲမှာ ကိုယ့်ကို ချစ်တဲ့ သူတွေကို ရှာဖွေပါ။

2ကိုယ့်ဘဝကိုယ် လက်ခံမယ်။

ရှိတာနဲ့ သုံးမယ်။ ရှိတာနဲ့စားမယ်။ လက်ရှိကို လက်ခံ မယ်ဆိုတဲ့ စိတ်နဲ့ နေကြည့်ပါ။ ကိုယ့် အတွေးတွေနောက် မလိုက်ဘဲ ကိုယ့်ရဲ့ လက်တွေ့မှာသာနေပါ။ ဖြစ်ချင်တာတွေ များလာတဲ့ အခါ စိတ်ပိုပင်ပန်းလာပြီး ပျော်ရွှင်မှုကို ရဖို့ ခက်ခဲသွားပါတယ်။

3. ကိုယ်ပိုင် အချိန် ပေးမယ်။

ချစ်သူအတွက် ၊ မိသားစုအတွက် ၊ သူငယ်ချင်းအတွက် စတဲ့ တခြားသော ဘဝ တွေ အတွက် အချိန်ပေးတာတွေ လျော့ပါ။ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်နဲ့ လူဖြစ်ရကျိုးနပ်အောင် နေပါ။ ကိုယ့်တစ်ဘဝလုံးကို သူများနဲ့ မရှင်သန်လိုက်ပါနဲ့နော်။

4. အလုပ် လျော့လုပ်မယ်။

ညမအိပ်ဘဲ အလုပ်လုပ်တာ၊ တရေးမှ မအိပ်ဘဲ အလုပ်လုပ်တာ၊ ပိတ်ရက်တွေမှာ မနားရတာ စတဲ့ များပြားလွန်းပြီး ကိုယ့်ကို Stress ဖြစ်စေတဲ့ အလုပ်တွကို လျော့ပါ။ ဒီအလုပ်တွေကို ကိုယ်ပိုင် အချိန်ကနေ ပေးရလောက်အောင် အားနာစရာမလိုသလို ၊ ကိုယ်က ငြင်းတတ်ရပါမယ်။

5. အမှန်တရားဘက်က ရပ်တည်မယ်။

မှန်တဲ့ အရာတွေဘက်မှာ ရပ်တည်နိူင်ဖို့ ကြိုးစားပါ။ ဘယ်သူဘယ်ဝါရဲ့ လွှမ်းမိုးမှုကြောင့် မဟုတ်ဘဲ ကိုယ်တိုင် အမှန်တရားကို ဆုံးဖြတ်ပါ။ အမှားအမှန် လိုက်ငြင်းပြီး ရှင်းပြစရာမလို ပါဖူး။ ကိုယ့် စိတ်ထဲ မှာ အမှန် ကို သိတဲ့ စိတ်နဲ့ ပျော်နေမှာပါ။

6. ကျန်းမာရေးကို ဂရုစိုက်ပါ။

ဒီကျန်းမာရေးအတွက်ကို အသေးစိတ်လေး ရေးပေးချင်ပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုစီကို နေကောင်းအောင် ကျန်းမာအောင်ကျွန်တော်တို့ဖန်တီးလို့ရပါတယ်။ ဒီလို ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရင် အပျော်ဆုံးလူက သင်ဖြစ်မှာပါ။

7. အမှိုက်တွေကို ရှင်းထုတ်မယ်။

ခေါင်းထဲမှာအမှိုက်တွေ ရှိနေတုံးလား? မဖယ်နိူင်သေးဖူးလား ? ဒါဆိုရင် ပျော်ရွှင်မှုကို မရသေးဖူးနော်။ လူ့အမှိုက်တွေ ၊ အတိတ်က အမှိုက်တွေ ၊ ရင်ထဲက အမှိုက်တွေ ရှင်းထုတ်ပြီး ပေါ့ပေါ့ပါးပါး နေကြည့်ပါ။

8ကိုယ့်စိတ်ကိုယ် လုံအောင်နေမယ်။

မှားရင် ဝန်ခံ ၊ တာဝန်ယူ ၊ ဖြေရှင်း ပေးပြီး ဘဝမှာ နောက်ကျောလုံလုံနဲ့ နေထိုင်ပါ။ ကိုယ့်ကြောင့် သူများ မထိခိုက်အောင် ၊ မနာကျင်အောင် အပြောနဲ့ရော လက်တွေ့မှာပါ နေနိုင်ဖို့ ကြိုးစားပါ။ သမ္မာအာဇီဝ ကျကျ နဲ့ နေထိုင်ခဲ့တဲ့ ဘဝကသာ ပျော်ရွှင်မှုကို ပေးနိူင်မှာပါ။

9. သူများကို ကူညီမယ်။

ကူညီတဲ့နေရာမှာ အများစုက အကျိုးကို မျှော်တတ်ကြတယ်။ ကိုယ် ကူညီလိုက်လို့ တစ်ဖက်သူအဆင်ပြေသွားတဲ့ အချိန်ကို ဘဲ စိတ်ထဲမှာ သိမ်းထားပါ။ ကိုယ် မြင်နေရတဲ့ လိုအပ်မှုတွေကို ကျော်မသွားပါနဲ့နော်။

10။ခရီးထွက်မယ်။

ပိုက်ဆံစုပြီး ခရီးထွက်တဲ့ အလုပ်ကို လုပ်ပါ။ ဒီကာလအတွက်တော့ အဆင်မပြေပင်မဲ့ ကိုယ့်တစ်ယောက်တည်းသွားတဲ့ခရီးက အစ သူငယ်ချင်းတွေနဲ့ သွားတဲ့ ခရီးထိ ဖန်တီးပါ။ နေရာ အသစ်မှာ အလုပ်မရှိဘဲ စိတ်လွတ် ကိုယ်လွတ် ပျော်ပါ။ တစ်ခြားအရာတွေ မှာ ပိုက်ဆံဖြုန်းမဲ့ အစား ခရီးထွက်ဖို့ အကြံပေးပါတယ်နော်။
ကိုယ်က ပျော်ရွှင်တဲ့ သူတစ်ယောက်ဖြစ်လာတာနဲ့ တခြားသော ဘဝမှာ လိုအပ်တဲ့ ငွေကြေး၊ အလုပ်၊ မိသားစုက လိုက်လာပါလိမ့်မယ်။ မဖြစ်သေးတာတွေကို ပူနေမဲ့ အစား ကိုယ့် စိတ်ကိုသာ ကောင်းကောင်းမွေးမြူကြည့်ပါ။
ဒီဘဝမှာ သူများတွေထက်ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်သွားပါ။

ဒီထဲက ဘယ်နည်းလမ်းတွေ လုပ်ဖြစ်နေပြီလဲ ?

မူးရင်းရေးသားသူ -bymonica