Life Style

ရန္ကုန္သားေတြရဲ႕ ထူးျခားဆန္းၾကယ္လြန္းတဲ့ ေပါင္းသင္းဆက္ဆံေရး ( ရန္ကုန္သားတိုင္း မဟုတ္ပါ)

ဒါဖတ္ၿပီးမွ ရန္ကုန္သားေတြနဲ႔ အေပါင္အသင္း လုပ္ပါ။

ရန္ကုန္မွာ ၃ ႏွစ္အထက္ေနေနတဲ့သူေတြဆို မေပါင္းတာေကာင္းတယ္။ အမွန္တကယ္ ေပါင္းသင္းဖူးရင္သိလိမ့္မယ္၊ ရန္ကုန္မွာေနတဲ့သူနဲ႔ နယ္မွာေနတဲ့သူ၊ ဘာကြာလဲဆိုတာ

က်ေနာ္ကေတာ့ နယ္ေပါင္းစုံေရာက္ဖူးသလို လူမ်ိဳးေပါင္းစုံလည္းေပါင္းသင္းဖူးတဲ့ ၁၂/ ကိုင္ ရန္ကုန္သားတေယာက္ပဲ။

ဒါေပမယ့္ ေပါင္းရသင္းရတာ ရန္ကုန္ကသူေတြေလာက္ အေၾကာႀကီးနဲ႔ေပါင္းတာမရွိဘူး (လူတိုင္းလို႔ေတာ့မဆိုလိုေပမယ့္ ရာခိုင္ႏႈ

န္းေတာ္ေတာ္မ်ားမ်ား အဲလိုပုံစံပဲ)

ဘာတဲ့ ငါမန္းေလးလာေနတာ သူငယ္ခ်င္း၊ နင္ရွိတယ္မလား၊ မုန႔္လိုက္ေကြၽးအုံးေနာ္က အစ၊ ငါတို႔ျပဴးလြင္တက္ခ်င္လို႔ ကားငွားမရျဖစ္ေနတာ မင္းကားေလးတရက္ေလာက္အားလား အထိ၊ အဟက္ မန္းေလးမွာ ရန္ကုန္လို ကားမေပါဘူးထင္ေနပုံရတယ္။

ကိုယ္ေတြမ်ား ရန္ကုန္မသြားလိုက္နဲ႔ ငါ့႐ုံးက Sunday တရက္ပဲနားရတာ အဲတရက္ေလးပဲ အနားရတာမို႔ ေနာက္အပတ္ကြာဆိုတာမ်ိဳး၊ ကိုယ္ကပဲ သူ႔ေတြ႕ခ်င္ရင္ ရန္ကုန္မွာ တပတ္ေစာင့္ေပါ့။

လမ္းမွာမ်ား မေတာ္တဆ ထိပ္တိုက္ မဆုံလိုက္နဲ႔၊ စကားစမေျပာရေသးဘူး ေအးသူငယ္ခ်င္း ေအးေဆးလည္အုံး ေနာက္ရက္ဆုံမယ္ဆိုၿပီး တန္းႏႈတ္ဆက္ေနၿပီ၊ ကိုယ္ေတြကို ၿမိဳ႕တက္လည္တယ္ထင္ပုံရတယ္။

ဘီယာဆိုင္မွာထိုင္ေနတုန္း ဆုံၾကည့္ ေနေနသယ္ရင္း ငါရွင္းမယ္ဆိုၿပီး ပိုက္ဆံအိတ္ႏႈိက္တာ ၁၅ မိနစ္ေလာက္ ပိတ္ၾကာပစ္တာ၊ ၂ မိ

နစ္ေလာက္ေနလို႔မွ ကိုယ့္ပိုက္ဆံအိတ္မထြက္လာရင္က် ဒီနား ATM ရွိလားမသိဘူးဆိုၿပီး စားပြဲထိုးလွမ္းေမးေသးတာ၊ ATM ေတြေငြထုတ္မရတာ မန္းေလးသားေတြ မသိဘူးထင္ေနပုံပဲ။

ကိုယ္ျပန္ေလာက္ၿပီဆို ဖုန္းထဆက္လာၿပီ၊ ေအးသယ္ရင္း ဘယ္နားမွာလဲ ငါအခုလာေနတာ မင့္ဆီဆိုပဲ၊ ဒီကျဖင့္ မန္းေလးျပန္ေရာက္လို႔ အသားေတာင္မဲႏွင့္ေနဘီ။

ခရီးသြားရေအာင္ေလလို႔ တခါေလာက္ေျပာၾကည့္တယ္၊ ေအးကြာ သူငယ္ခ်င္း ငါတို႔လည္းလိုက္ခ်င္တယ္ ဒါမဲ့ မိန္းမအလုပ္က ခြင့္မရဘူးတဲ့၊ သူတို႔ခရီးသြားခ်င္ရင္က် ငါတို႔ေတာ့ ဒီၿမိဳ႕သြားမွာ မင္းတို႔ တက္လာခဲ့ေလဆိုတာမ်ိဳး၊ ကိုယ္ေတြက အလုပ္အကိုင္မရွိ အၿမဲအားယားေနသလိုမ်ိဳး။

ရန္ကုန္သားေတြလို႔ မေျပာဘူးေနာ္၊ ရန္ကုန္မွာအေနၾကာသူေတြ ေတာ္ေတာ္မ်ားမ်ားက အဲပုံစံပဲ၊ နယ္ကတက္လာၿပီး ရန္ကုန္ပုံစံဝင္သြားရင္လည္း အဲအတိုင္းပဲ၊

မယုံရင္ ကိုယ့္ၿမိဳ႕ကေန ရန္ကုန္ေရာက္တာၾကာေနသူေတြဆီ ငါတို႔လာလည္မလို႔ ဘယ္ေန႔ဘယ္ရက္လို႔ ေျပာၾကည့္ ဒါမွမဟုတ္ အေမေဆး႐ုံတက္ေနလို႔လို႔ ေျပာၾကည့္ တခုမဟုတ္တခု အေၾကာင္းျပၿပီး ပတ္ေျပးသြားလိမ့္မယ္၊

လူတိုင္းလို႔မဆိုလိုဘူးေနာ္၊ ရာခိုင္ႏႈန္းအေတာ္မ်ားမ်ားကအဲအတိုင္းပဲ။ မေက်နပ္ၾကရင္လည္း မတတ္ႏိုင္ဘူး အဟင္းဟင္း။

credit

unicode

ဒါဖတ်ပြီးမှ ရန်ကုန်သားတွေနဲ့ အပေါင်အသင်း လုပ်ပါ။

ရန်ကုန်မှာ ၃ နှစ်အထက်နေနေတဲ့သူတွေဆို မပေါင်းတာကောင်းတယ်။ အမှန်တကယ် ပေါင်းသင်းဖူးရင်သိလိမ့်မယ်၊ ရန်ကုန်မှာနေတဲ့သူနဲ့ နယ်မှာနေတဲ့သူ၊ ဘာကွာလဲဆိုတာ

ကျနော်ကတော့ နယ်ပေါင်းစုံရောက်ဖူးသလို လူမျိုးပေါင်းစုံလည်းပေါင်းသင်းဖူးတဲ့ ၁၂/ ကိုင် ရန်ကုန်သားတယောက်ပဲ

ဒါပေမယ့် ပေါင်းရသင်းရတာ ရန်ကုန်ကသူတွေလောက် အကြောကြီးနဲ့ပေါင်းတာမရှိဘူး (လူတိုင်းလို့တော့မဆိုလိုပေမယ့် ရာခိုင်နှုန်းတော်တော်များများ အဲလိုပုံစံပဲ)

ဘာတဲ့ ငါမန်းလေးလာနေတာ သူငယ်ချင်း၊ နင်ရှိတယ်မလား၊ မုန့်လိုက်ကျွေးအုံးနော်က အစ၊ ငါတို့ပြူးလွင်တက်ချင်လို့ ကားငှားမရဖြစ်နေတာ မင်းကားလေးတရက်လောက်အားလား အထိ၊ အဟက် မန်းလေးမှာ ရန်ကုန်လို ကားမပေါဘူးထင်နေပုံရတယ်။

ကိုယ်တွေများ ရန်ကုန်မသွားလိုက်နဲ့ ငါ့ရုံးက Sunday တရက်ပဲနားရတာ အဲတရက်လေးပဲ အနားရတာမို့ နောက်အပတ်ကွာဆိုတာမျိုး၊ ကိုယ်ကပဲ သူ့တွေ့ချင်ရင် ရန်ကုန်မှာ တပတ်စောင့်ပေါ့။

လမ်းမှာများ မတော်တဆ ထိပ်တိုက် မဆုံလိုက်နဲ့၊ စကားစမပြောရသေးဘူး အေးသူငယ်ချင်း အေးဆေးလည်အုံး နောက်ရက်ဆုံမယ်ဆိုပြီး တန်းနှုတ်ဆက်နေပြီ၊ ကိုယ်တွေကို မြို့တက်လည်တယ်ထင်ပုံရတယ်။

ဘီယာဆိုင်မှာထိုင်နေတုန်း ဆုံကြည့် နေနေသယ်ရင်း ငါရှင်းမယ်ဆိုပြီး ပိုက်ဆံအိတ်နှိုက်တာ ၁၅ မိနစ်လောက် ပိတ်ကြာပစ်တာ၊ ၂ မိနစ်လောက်နေလို့မှ ကိုယ့်ပိုက်ဆံအိတ်မထွက်လာရင်ကျ ဒီနား ATM ရှိလားမသိဘူးဆိုပြီး စားပွဲထိုးလှမ်းမေးသေးတာ၊ ATM တွေငွေထုတ်မရတာ မန်းလေးသားတွေ မသိဘူးထင်နေပုံပဲ။

ကိုယ်ပြန်လောက်ပြီဆို ဖုန်းထဆက်လာပြီ၊ အေးသယ်ရင်း ဘယ်နားမှာလဲ ငါအခုလာနေတာ မင့်ဆီဆိုပဲ၊ ဒီကဖြင့် မန်းလေးပြန်ရောက်လို့ အသားတောင်မဲနှင့်နေဘီ။

ခရီးသွားရအောင်လေလို့ တခါလောက်ပြောကြည့်တယ်၊ အေးကွာ သူငယ်ချင်း ငါတို့လည်းလိုက်ချင်တယ် ဒါမဲ့ မိန်းမအလုပ်က ခွင့်မရဘူးတဲ့၊ သူတို့ခရီးသွားချင်ရင်ကျ ငါတို့တော့ ဒီမြို့သွားမှာ မင်းတို့ တက်လာခဲ့လေဆိုတာမျိုး၊ ကိုယ်တွေက အလုပ်အကိုင်မရှိ အမြဲအားယားနေသလိုမျိုး။

ရန်ကုန်သားတွေလို့ မပြောဘူးနော်၊ ရန်ကုန်မှာအနေကြာသူတွေ တော်တော်များများက အဲပုံစံပဲ၊ နယ်ကတက်လာပြီး ရန်ကုန်ပုံစံဝင်သွားရင်လည်း အဲအတိုင်းပဲ၊

မယုံရင် ကိုယ့်မြို့ကနေ ရန်ကုန်ရောက်တာကြာနေသူတွေဆီ ငါတို့လာလည်မလို့ ဘယ်နေ့ဘယ်ရက်လို့ ပြောကြည့် ဒါမှမဟုတ် အမေဆေးရုံတက်နေလို့လို့ ပြောကြည့် တခုမဟုတ်တခု အကြောင်းပြပြီး ပတ်ပြေးသွားလိမ့်မယ်၊

လူတိုင်းလို့မဆိုလိုဘူးနော်၊ ရာခိုင်နှုန်းအတော်များများကအဲအတိုင်းပဲ။ မကျေနပ်ကြရင်လည်း မတတ်နိုင်ဘူး အဟင်းဟင်း။

credit