Life Style



(၁) အပြုံးလှသူ


(၂) ထက်မြက်သူ






(၅) ဟာသဉာဏ်ရွှင်သူ


Credit : Aunty may

=============

Unicode,

ယောကျာ်းလေးတွေ ပိုသဘောကျလေ့ရှိတဲ့ မိန်းကလေးပုံစံများ

ယောကျာ်းတွေရဲ့ အကြိုက်က ခန့်မှန်းရ လွယ်ပါတယ်။ ယောကျာ်းအများစုကတော့ ဒီလိုပုံစံရှိတဲ့ မိန်းကလေးမျိုးကို ပိုသဘောကျကြပါတယ်။ သင့်ချစ်သူကောင်လေးကိုလည်း သင့်ကိုဘာကြောင့် ကြိုက်တာလဲ မေးကြည့်ပါ ၊ ဒီထဲက တစ်ချက်နဲ့တော့ ငြိနေဖို့ သေချာနေပါလိမ့်မယ်။ တစ်ယောက်တည်းသမား ဖြစ်နေရင်လည်း စိတ်ပူစရာ မရှိပါဘူး။ ဒီထဲက အချက်လေးတွေ ပိုင်ဆိုင်နေရင်တော့ သင့်နားမှာ ဝိုင်းဝိုင်းလည်နေကျမှာပါ ….

(၁) အပြုံးလှသူ

ယောကျာ်းတွေက ရုပ်ရှင်မင်းသမီးဆိုရင်တောင် အပြုံးလှတဲ့ မင်းသမီးကိုမှ ပိုကြိုက်ကြတာပါ။ ဒီလိုပဲ သူတို့အတွက် သူတို့ကို ရင်ခုန်စေတဲ့ မိန်းကလေးကလည်း အပြုံးလှတဲ့ မိန်းကလေးတွေပဲဖြစ်ပါတယ်။

(၂) ထက်မြက်သူ

ထက်မြတ်တဲ့မိန်းကလေးတိုင်းက ဆွဲဆောင်မှုတစ်မျိုးစီ ရှိနေပါတယ်။ ယောကျာ်းလေးတွေအတွက်လည်း ထက်မြတ်တဲ့မိန်းကလေးက အလိုလိုနေရင်းကို စွဲဆောင်မှု ရှိနေတတ်တာပါ။ ဒါကြောင့်လည်း ထက်မြတ်သူတွေကို ယောကျာ်းတွေက ပိုသဘောကျ ကြတာဖြစ်ပါတယ်။

(၃) ရိုးရှင်းတဲ့အလှရှိသူ

မိတ်ကပ်တွေ အများကြီးလိမ်းထားတဲ့ မိန်းကလေးထက် မျက်နှာပေါ်မှာ ရိုးရှင်းတဲ့အလှ ပေါ်လွင်နေသူကို ယောကျာ်းလေးတွေက ပိုသဘောကျလေ့ ရှိကြပါတယ်။ ယောကျာ်းလေးတွေက မိတ်ကပ်တွေထက် သဘာဝအလှကို ပိုကြိုက်ကြပါတယ်။ သင့်ချစ်သူကောင်လေးကို သင့်ရဲ့မိတ်ကပ်နဲ့မျက်နှာကို ကြိုက်လား ၊ မိတ်ကပ်မပါတဲ့ သဘာဝမျက်နှာလေးကို ကြိုက်လား မေးကြည့်လိုက်ပါ။

(၄) ကိုယ်ကျင့်တရား ကောင်းမွန်သူ

ယောကျာ်းလေးတွေက ကိုယ်ကျင့်တရားကောင်းမွန်ပြီး ကြင်နာတတ်တဲ့ မိန်းကလေးတွေလောက် ဘယ်အရာမှ မလှပါဘူးလို့ ယူဆထားတတ်ကြပါတယ်။ သူတို့တွေက ဒရာမာတွေအရမ်းခင်းတတ်တဲ့ မိန်းကလေးမျိုးထက် ကြင်နာပြီး ချစ်စဖွယ်ဖြစ်နေတတ်တဲ့ ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတတ်တဲ့ မိန်းကလေးမျိုးကို ပိုသဘောကျကြပါတယ်။

(၅) ဟာသဉာဏ်ရွှင်သူ

ယောကျာ်းတွေက ဟာသဉာဏ်ရွှင်သူကို ကြိုက်တယ်ဆိုပြီး တစ်ချိန်လုံး ဟာသပြောပြီး ရယ်မောဖို့မလိုပါဘူး။ ဆိုလိုချင်တာကတော့ ယောကျာ်းလေးတွေက သူတို့က ဟာသပြောပြရင် တည်တည်ကြီးနေနေတာထက် ရယ်တတ်တဲ့မိန်းကလေးမျိုးကို သဘောကျပါတယ်။

Credit : Aunty may