အချစ်ကို ကိုးကွယ်မှာမဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ လက္ခဏာ (၅) ခု
မိန်းကလေးတွေဟာ အရမး်ချစ်မိသွားတဲ့ အခါမျိုးမှာ ဘာကိုမှမမြင်နိုင်တော့ လောက်အောင် အချစ်ကိုကိုးကွယ်တတ် ကြပါတယ်။
ဒါပေမယ့် တစ်ချို့ မိန်းကလေး တွေကတော့ ဘယ်လောက် ချစ်ချစ် အချစ်ကို ကိုးကွယ်မယ့် သူတွေ မဟုတ်ကြပါဘူး။
အချစ်ကို ကိုုးကွယ်မှာ မဟုတ်တဲ့ အသိဉာဏ်မြင့် မိန်းမတွေရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်
(၁) မဟုတ်မခံ
အသိဉာဏ် မြင့်တဲ့ မိန်းကလေးတွေက သူတို့ မှန်နေတဲ့ ကိစ္စတွေကို ချစ်သူက အတင်း စွပ်စွဲတာတွေ ၊ ချစ်သူက အနိုင်ကျင့်တာ ၊ မမျှမတ လာလုပ်တာ မျိုးဆိုရင် ငြိမ်ခံနေမယ့် သူမျိုးတွေ မဟုတ်ပါဘူး။
သူတို့ကို ဘလိုင်းကြီး အနိုင်လာယူတာ ၊ လာကျောတာတွေကို ခွင့်လွှတ်ပြီး နှုတ်ဆိတ်နေမယ့် သူတွေ မဟုတ်ပါဘူး။အဆုံးစွန်ထိ ပြန်ချေပပြီး လိုအပ်ရင် ချစ်သူကို စွန့်လွှတ်လိုက်ဖို့ပါ ဝန်မလေးကြပါဘူး။
(၂) အနာဂတ်ကို အလေးထားတယ်
အသိဉာဏ်မြင့်တဲ့ မိန်းကလေးတွေဟာ အချစ်နဲ့ အနာဂတ်မှာ အနာဂတ်ကို ဦးစားပေးတဲ့ သူမျိုးတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ဘယ်လောက်ပဲ ချစ်ချစ် သူတို့ရဲ့ အနာဂတ်တွေ ၊ ရည်မှန်းချက်တွေကို စွန့်လွှတ်မယ့် သူမျိုးတွေ မဟုတ်ပါဘူး။
သူတို့လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို လုပ်ဖို့ ၊ သူတို့ရဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ အချစ် အပါအဝင် အတား အဆီးတွေ အားလုံးကို ရင်ဆိုင် ကျော်လွှားမယ့်သူတွေ ဖြစ်ပါတယ်။အကြောင်းကတော့ အချစ်ဆိုတာ တည်မြဲဖို့ မသေချာဘူး ဆိုတာကို ကောင်းကောင်း သိထားကြလို့ပါ။
(၃) ဂုဏ်သိက္ခာကို အလေးထားတယ်
ဉာဏ်ရည်မြင့်တဲ့ မိန်းကလေးတွေဟာ ဂုဏ်သိက္ခာကို တန်ဖိုး ထားကြသူတွေ ဖြစ်ပါတယ်။ ချစ်သူနဲ့ပတ်သက်လို့ ၊ အသွားအလာ ၊ အနေအထိုင် အစစအရာရာကို သတိထားမယ့် သူတွေ ဖြစ်ပါတယ်။
လူတစ်ယောက် အတွက်နဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာတွေ ၊ မာနတွေနဲ့ နာမည်ကို လုံးဝအထိခိုက်ခံမယ့် သူမျိုးတွေ မဟုတ်ကြပါဘူး။
အထူးသဖြင့် လူမှုရေး ဖောက်ပြန်တဲ့ ကိစ္စတွေ ၊ စနိုက်ကျော်တာတွေ ၊ သူများအိမ်ထောင်ရေးကို ပြိုကွဲစေမယ့် အလုပ်တွေကို ဘယ်တော့မှ လုပ်မယ့် သူမျိုးတွေ မဟုတ်ပါဘူး။အကြောင်းကတော့ သူတို့ဟာ အချစ်ကို ကိုးကွယ်တဲ့သူတွေ မဟုတ်ကြလို့ပါ ။
(၄) ဆန္ဒကို သိက္ခာနဲ့ထိန်းတယ်
ဉာဏ်ရည်မြင့်တဲ့ မိန်းကလေးတွေဟာ ဘယ်တော့မှ အိန္ဒြေမရတဲ့ အပြုအမူမျိုး ၊ သိက္ခာကျမယ့် အရာမျိုး မလုပ်ကြပါဘူး ။အကြောင်းကတော့ သူတို့ကို သူတို့ ကောင်းကောင်း ထိန်းနိုင်ကြပါတယ်။
မချစ်သင့်တဲ့သူ ၊ ကိုယ့်ကိုယ် ပြန်မချစ်နိုင်မယ့် သူမျိုးကို ချစ်မိနေရင်တောင် ဘယ်တော့မှ ရှေ့ဆက်တိုးမယ့် သူတွေ မဟုတ်ပါဘူး။ချစ်နေတဲ့ နေရာမှာပဲ ရပ်ပြီး လုပ်စရာရှိတာ ဆက်လုပ်သွားမယ့်သူမျိုးတွေပါ။
သူတို့ရဲ့ ဆန္ဒတစ်ခုတည်းကြောင့်နဲ့ အရာရာကို စွန့်လွှတ်ပြီး နာမည် အပျက်ခံကြမယ့် သူမျိုးတွေ မဟုတ်ပါဘူး။
(၅) ကိုယ့်ကိုယ်ကို အချစ်ဆုံး
ဉာဏ်ရည် မြင့်တဲ့ မိန်းကလေးတွေက သူတို့ကို သူတို့ အချစ်ဆုံး ဖြစ်ပါတယ်။သူတို့ကို ထိခိုက်စေမယ့် အရာတွေ ၊ နာကျင်စေမယ့် အရာတွေ ၊ စိတ်ဒုက္ခပေးတဲ့ သူမျိုးတွေ ၊ ကိုယ်ချစ်သလောက် ကိုယ့်ကိုယ် ပြန်မချစ်တဲ့ သူတွေကို စိတ်အဆင်းရဲခံပြီး ဖက်တွယ်ထားမယ့် သူမျိုးတွေ မဟုတ်ပါဘူး။
သူတို့ မပျော်တော့ဘူး ၊ သည်းမခံနိုင်တော့ဘူး ၊ စိတ်ကုန်ပြီဆိုရင် အချစ်ဆိုတဲ့ အရာကို အတင်းဆုပ်ကိုင်ထားမယ့် သူမျိုးတွေ မဟုတ်ပါဘူး။အကြောင်းကတော့ သူတို့ကိုသူတို့ အချစ်ဆုံး ၊ တန်ဖိုးအထားဆုံး ဖြစ်နေလို့ပါ။
Credit: Nalonetardiary