Life Style

ခ်စ္သူေကာင္ေလးအေပၚ မိန္းကေလးေတြ အျမဲလိမ္ေနက် စကား(၅)ခြန္း

ခ်စ္သူေကာင္ေလးအေပၚ မိန္းကေလးေတြ အျမဲလိမ္ေနက် စကား(၅)ခြန္း

Relationship တစ္ခုမွာ ေယာက်ာ္းေလးေတြကပဲ လိမ္တတ္တယ္လို႔ထင္ထားရင္ေတာ့ သင္လုံးဝကို မွားသြားပါလိမ့္မယ္။

ေယာက်ာ္းေလးေတြနည္းတူ မိန္းကေလးေတြလည္း လိမ္တတ္ၾကပါတယ္။

မိန္းကေလးေတြ လိမ္တယ္ဆိုတာကေတာ့ သူတို႔ရဲ့ စိတ္ထဲအရာေတြကို လက္ေတြ႕မွာေျပာင္းျပန္အေနအထားေျပာဆို လိမ္ညာၾကတာျဖစ္ပါတယ္။

ဘယ္လိုစကားေတြက သင့္ေကာင္မေလး သင့္ကို လိမ္ေနၿပီဆိုတာသိရေအာင္ ဆက္ဖတ္ၾကည့္လိုက္ပါဦးေနာ္။

(၁) စိတ္မဆိုးပါဘူး

မိန္းကေလးေတြစီက စိတ္မဆိုးပါဘူးဆိုတဲ့စကားဟာ သိပ္ကိုေၾကာက္ဖို႔ေကာင္းတဲ့ အင္အားျပင္းလက္နက္ႀကီးတစ္ခုပါ ေနာ္။

စိတ္မဆိုးပါဘူးလို႔ေျပာလာရင္ေတာ့ ေသခ်ာပါတယ္ သူတို႔ရဲ့ ရင္ထဲက ေဒါသအလိပ္လိပ္ကို ၿမိဳခ်ကာ ဟန္ေဆာင္ေနတာျဖစ္ပါတယ္။

စိတ္မဆိုးပါဘူးဆိုရင္ေတာ့ ဘာအမွားလုပ္မိလည္း ျပန္ေတြးၿပီး ေခ်ာ့ဖို႔သာျပင္ထားပါေတာ့ ကြီးတို႔ေရ။

(၂) လာမေခ်ာ့နဲ႔

အေခ်ာ့မႀကိဳက္တဲ့ မိန္းကေလးတစ္ေယာက္ေလာက္ ဒီကမၻာမွာရွိနိုင္လားလို႔ ရိုးရိုးေလးပဲေတြးၾကည့္ပါ။

စိတ္ဆိုးစိတ္ေကာက္တာဟာ မိန္းကေလးေတြရဲ့သဘာဝျဖစ္ၿပီး ေခ်ာ့ရမွာက ကြီးတို႔ တာဝန္ျဖစ္တာေၾကာင့္ လာမေခ်ာ့နဲ႔လို႔ေျပာလာရင္ေတာ့ ေျပာတဲ့အတိုင္း ပစ္မထားပါနဲ႔။

သူတို႔စိတ္ထဲက ေခ်ာ့ေစခ်င္ေနရင္ေတာင္မွ မေခ်ာ့နဲ႔လို႔လိမ္ေျပာတတ္ၾကတာမလို႔ တစ္နည္းနည္းနဲ႔ေခ်ာ့ျဖစ္ေအာင္ေခ်ာ့လိုက္ပါ။

(၃) လုပ္ခ်င္တာလုပ္ဂ႐ုမစိုက္ဘူး

ဒီစကားကေတာ့ ဂ်စ္ကန္ကန္တဲ့အခါ ေျပာေလ့ရွိတဲ့စကားပါ။ ဥပမာ သင္ဟာသူငယ္ခ်င္းေတြနဲ႔ Night Out ထြက္မယ္လို႔ ခြင့္ေတာင္းတယ္ဆိုပါစို႔။

သူတို႔ရင္ထဲမွာေတာ့ ခြင့္မျပဳခ်င္ေပမယ့္ ဂ်စ္ကန္ကန္ၿပီး လုပ္ခ်င္တာလုပ္ဂ႐ုမစိုက္ဘူးလို႔ ဆိုတတ္ၾကပါတယ္။

ဒီလိုစကားမ်ိဳးနဲ႔လိမ္လိုက္ေပမယ့္ သူတို႔ရင္ထဲမွာေတာ့ဝမ္းနည္းမႈေတြ စိတ္မေကာင္းျဖစ္မႈေတြနဲ႔ ျပည့္ႏွက္သြားတယ္ဆိုတာေတာ့ သင့္အေနနဲ႔ သိထားသင့္ပါတယ္။

(၄) အတိတ္ကျဖစ္ခဲ့တာေတြကို အျပစ္မယူပါဘူး

တစ္ခါတစ္ေလမိန္းကေလးေတြအက်င့္က ေကာက္စရာမရွိ ႀကံဖန္ေကာက္ဖို႔ ေတြးေနတတ္ၾကပါတယ္။

စိတ္ေကာက္ဖို႔ လုံေလာက္တဲ့အေၾကာင္းအရာမရွိရင္ေတာ့ ကိုယ္ရဲ့ အရင္ရည္းစားေဟာင္းအေၾကာင္း စေမးပါတယ္။

အတိတ္ကျဖစ္ခဲ့တာေတြကို လုံးဝစိတ္မဆိုးပါဘူးလို႔ဆိုေပမယ့္ ျဖစ္ေၾကာင္းကုန္စဥ္ ကိုယ္ရဲ့ ဇာတ္ထုပ္ေဟာင္းကို ျဖည္ခ်လို႔ၿပီးတဲ့အခ်ိန္မွာေတာ့

“ကိုက သဲထက္ ရည္စားေဟာင္းကိုပိုခ်စ္တာ” ဘာညာနဲ႔ စတင္စိတ္ေကာက္ၿပီျဖစ္ပါတယ္။

ဒါေၾကာင့္ အတိတ္ကအရာေတြ ေမးလာရင္ ပညာသားပါပါေျဖတတ္ဖို႔ ေတြးထားပါေနာ္။

(၅) သဝန္မတိုပါဘူး

မိန္းကေလးေတြေျပာတဲ့ သဝန္မတိုဘူးဆိုတာ လိမ္တာပါ။ သူမကလြဲၿပီး သင့္ကိုတျခားဘယ္အမ်ိဳးသမီးနဲ႔မဆို သဝန္တိုတတ္ၾကပါတယ္။

သဝန္မတိုဘူးေျပာထားေပမယ့္ သင့္ BFF မိန္ကေလးသူငယ္ခ်င္းေတြ လုပ္ေဖာ္ကိုင္ဖက္ေတြ စသည့္ျဖင့္ သင္နဲ႔ နီးနီးကပ္ကပ္ရွိတဲ့ မိန္းကေလးေတြ မွန္သမၽွကို အကုန္လိုက္စုံစမ္းေထာက္လွမ္းထားၿပီးသားျဖစ္ပါတယ္။

တစ္ခါတစ္ေလကိုယ္မသိတဲ့အရာေတြေတာင္ သူကသိေနတက္ပါတယ္။ ဒါေၾကာင့္ သဝန္မတိုဘူးဆိုတာ အလိမ္အညာစကားတစ္ခုသာျဖစ္ပါတယ္။

Crd.

Unicode,

ချစ်သူကောင်လေးအပေါ် မိန်းကလေးတွေ အမြဲလိမ်နေကျ စကား(၅)ခွန်း

Relationship တစ်ခုမှာ ယောကျာ်းလေးတွေကပဲ လိမ်တတ်တယ်လို့ထင်ထားရင်တော့ သင်လုံးဝကို မှားသွားပါလိမ့်မယ်။

ယောကျာ်းလေးတွေနည်းတူ မိန်းကလေးတွေလည်း လိမ်တတ်ကြပါတယ်။

မိန်းကလေးတွေ လိမ်တယ်ဆိုတာကတော့ သူတို့ရဲ့ စိတ်ထဲအရာတွေကို လက်တွေ့မှာပြောင်းပြန်အနေအထားပြောဆို လိမ်ညာကြတာဖြစ်ပါတယ်။

ဘယ်လိုစကားတွေက သင့်ကောင်မလေး သင့်ကို လိမ်နေပြီဆိုတာသိရအောင် ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။

(၁) စိတ်မဆိုးပါဘူး

မိန်းကလေးတွေစီက စိတ်မဆိုးပါဘူးဆိုတဲ့စကားဟာ သိပ်ကိုကြောက်ဖို့ကောင်းတဲ့ အင်အားပြင်းလက်နက်ကြီးတစ်ခုပါ နော်။

စိတ်မဆိုးပါဘူးလို့ပြောလာရင်တော့ သေချာပါတယ် သူတို့ရဲ့ ရင်ထဲက ဒေါသအလိပ်လိပ်ကို မြိုချကာ ဟန်ဆောင်နေတာဖြစ်ပါတယ်။

စိတ်မဆိုးပါဘူးဆိုရင်တော့ ဘာအမှားလုပ်မိလည်း ပြန်တွေးပြီး ချော့ဖို့သာပြင်ထားပါတော့ ကွီးတို့ရေ။

(၂) လာမချော့နဲ့

အချော့မကြိုက်တဲ့ မိန်းကလေးတစ်ယောက်လောက် ဒီကမ္ဘာမှာရှိနိုင်လားလို့ ရိုးရိုးလေးပဲတွေးကြည့်ပါ။

စိတ်ဆိုးစိတ်ကောက်တာဟာ မိန်းကလေးတွေရဲ့သဘာဝဖြစ်ပြီး ချော့ရမှာက ကွီးတို့ တာဝန်ဖြစ်တာကြောင့် လာမချော့နဲ့လို့ပြောလာရင်တော့ ပြောတဲ့အတိုင်း ပစ်မထားပါနဲ့။

သူတို့စိတ်ထဲက ချော့စေချင်နေရင်တောင်မှ မချော့နဲ့လို့လိမ်ပြောတတ်ကြတာမလို့ တစ်နည်းနည်းနဲ့ချော့ဖြစ်အောင်ချော့လိုက်ပါ။

(၃) လုပ်ချင်တာလုပ်ဂရုမစိုက်ဘူး

ဒီစကားကတော့ ဂျစ်ကန်ကန်တဲ့အခါ ပြောလေ့ရှိတဲ့စကားပါ။ ဥပမာ သင်ဟာသူငယ်ချင်းတွေနဲ့ Night Out ထွက်မယ်လို့ ခွင့်တောင်းတယ်ဆိုပါစို့။

သူတို့ရင်ထဲမှာတော့ ခွင့်မပြုချင်ပေမယ့် ဂျစ်ကန်ကန်ပြီး လုပ်ချင်တာလုပ်ဂရုမစိုက်ဘူးလို့ ဆိုတတ်ကြပါတယ်။

ဒီလိုစကားမျိုးနဲ့လိမ်လိုက်ပေမယ့် သူတို့ရင်ထဲမှာတော့ဝမ်းနည်းမှုတွေ စိတ်မကောင်းဖြစ်မှုတွေနဲ့ ပြည့်နှက်သွားတယ်ဆိုတာတော့ သင့်အနေနဲ့ သိထားသင့်ပါတယ်။

(၄) အတိတ်ကဖြစ်ခဲ့တာတွေကို အပြစ်မယူပါဘူး

တစ်ခါတစ်လေမိန်းကလေးတွေအကျင့်က ကောက်စရာမရှိ ကြံဖန်ကောက်ဖို့ တွေးနေတတ်ကြပါတယ်။

စိတ်ကောက်ဖို့ လုံလောက်တဲ့အကြောင်းအရာမရှိရင်တော့ ကိုယ်ရဲ့ အရင်ရည်းစားဟောင်းအကြောင်း စမေးပါတယ်။

အတိတ်ကဖြစ်ခဲ့တာတွေကို လုံးဝစိတ်မဆိုးပါဘူးလို့ဆိုပေမယ့် ဖြစ်ကြောင်းကုန်စဉ် ကိုယ်ရဲ့ ဇာတ်ထုပ်ဟောင်းကို ဖြည်ချလို့ပြီးတဲ့အချိန်မှာတော့

“ကိုက သဲထက် ရည်စားဟောင်းကိုပိုချစ်တာ” ဘာညာနဲ့ စတင်စိတ်ကောက်ပြီဖြစ်ပါတယ်။

ဒါကြောင့် အတိတ်ကအရာတွေ မေးလာရင် ပညာသားပါပါဖြေတတ်ဖို့ တွေးထားပါနော်။

(၅) သဝန်မတိုပါဘူး

မိန်းကလေးတွေပြောတဲ့ သဝန်မတိုဘူးဆိုတာ လိမ်တာပါ။ သူမကလွဲပြီး သင့်ကိုတခြားဘယ်အမျိုးသမီးနဲ့မဆို သဝန်တိုတတ်ကြပါတယ်။

သဝန်မတိုဘူးပြောထားပေမယ့် သင့် BFF မိန်ကလေးသူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေ စသည့်ဖြင့် သင်နဲ့ နီးနီးကပ်ကပ်ရှိတဲ့ မိန်းကလေးတွေ မှန်သမျှကို အကုန်လိုက်စုံစမ်းထောက်လှမ်းထားပြီးသားဖြစ်ပါတယ်။

တစ်ခါတစ်လေကိုယ်မသိတဲ့အရာတွေတောင် သူကသိနေတက်ပါတယ်။ ဒါကြောင့် သဝန်မတိုဘူးဆိုတာ အလိမ်အညာစကားတစ်ခုသာဖြစ်ပါတယ်။

Crd.