“မိန်းကလေးတိုင်းဖတ်ပါ စကားလက်ဆောင်”
မိန်းကလေးတိုင်း လှလှပပလေးနေပါပေါ့ပါးလွှတ်စွာ ဘဝ ကိုရှင်သန်နိုင်ဖို့ဗဟုသုတ ရှိမယ့် စာတွေလည်း ဖတ်ရမယ်ပြီးတော့ ကိုယ့်အားကို ကိုးပြီး အလုပ်လည်းလုပ်ပါ။
မိန်းကလေးဆိုတာ အလှအပလည်း မက်တယ်။ကိုယ် အလှအပကြောင့် ဘဝ မလှတဲ့ အဖြစ်တော့အမြဲသတိထား စည်းကမ်းရှိရှိနေထိုင်ပါ။
သန့်ရှင်းမူနဲ့အမြဲတမ်း သပ်ရပ်စွာ လှလှလေးနေတတ်ဖို့ မမေ့ပါနဲ့။ မိန်းကလေးတစ်ယောက်က သပ်ရပ် သန့်ရှင်းမူတွေ နဲ့လှလှပပနေခြင်းက ကိုယ့်ကိုကိုယ် ယုံကြည်မူတိုးစေပါတယ်။
မိန်းကလေးဆိုတာ ဒီကမ္ဘာမြေကြီးရဲ့မိခင်ဖြစ်လို့အတတ်နိုင်ဆုံး အချိန်ပေးပြီး အသိပညာရစေမယ့်ခွန်အား ရှိစေမယ့် စာပေတွေကို ဖတ်ရှုလေ့လာသင့်တယ်။
စာဖတ်တဲ့ မိန်းကလေး တစ်ယောက်ဟာအမြဲတမ်း တက်တက်ကြွကြွနဲ့ လန်းဆန်းစေတယ်။ တည်ငြိမ်ရင့်ကျက်မူတွေရှိတဲ့ ဘဝကို ပိုင်ဆိုင်ရစေတယ်။ စိတ်နှလုံးသား လှပပြီး သိမ်မွေ့နူးညံ့လာ စေတယ်။ဘဝရဲ့ လောကဓံ ကိုပြုံးပြုံးလေးနဲ့ ရင်ဆိုင်နိုင်စေတယ်။
ကိုယ့်ကိုကိုယ် အားနွဲ့တဲ့ မိန်းမသားတစ်လောက်နဲ့မတူအောင် စိတ်ဓာတ်တွေလည်း ကြံခိုင်သန်မာလာ စေတယ်။မိန်းကလေးဆိုတာ သနားကြင်နာတတ်တဲ့စိတ်ကိုယ်ချင်းစာနာစိတ်နဲ့ ကူညီတတ်တဲ့ စေတနာခွင့်လွှတ်နားလည်ပေးနိုင်တတ်တဲ့ သဘောထားရိုးသားဖြုစင်တဲ့ နှလုံးသား ပိုင်ရှင်ဖြစ်နေဖို့လည်းအလွန်အရေးကြီးပါတယ်။
တခါတလေ ဘဝမှာအားနာတတ်တဲ့ လူနဲ့ ရိုးသားတဲ့လူတွေတွက် လက်ဆောင်အဖြစ် ဆုံးရှူံးမှု တွေ့ရတတ်တယ်။ အခြေနေအရ ဘာကိုပဲ
စွန့်လွှတ်ရ စွန့်လွှတ်ရပါစေ..ရိုးသားတဲ့ အကျင့်စာရိတ္တရယ်လှပတဲ့ အပြုံးတွေရယ် ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေရယ် ဘယ်တော့မှ မစွန့်လွှတ်ရဘူး။
အဲဒီအရာတွေက ဘဝ ကိုလှပစေဖို့ ပံ့ပိုးပေးနေတဲ့ ကိုယ်ရည်ကိုယ်သွေးတွေချည်းပါ။ အနာဂတ် ဘဝမှာ အလှတရားတွေ ပိုရှိလာစေမှာပါ။ မိန်းကလေးဆိုတာ ဘယ်လောက်ပဲပြည့်စုံချမ်းသာနေပါစေ။
မေတ္တာရေး လူမူရေး ငွေရေး ကြေးရေး ပညာရေး အရပါ သူတစ်ပါးကို အားကိုးရရင် ကိုးရမယ်။ ဒါပေမယ့် အကောင်းဆုံးကတော့ သိက္ခာရှိရှိနဲ့နေပြီး ကိုယ့်အားကို အားကိုးခြင်းပါပဲ။
မိန်းကလေးဆို ခက်ခဲမူနဲ့ကြုံတိုင်း အတွေးများတယ်အတွေးအခေါ်ကစပြီး ပြုပြင်ပြောင်းလဲနိုင်ရမယ်။ တစ်ခုခုကို အာရုံစူးစိုက် လုပ်သင့်တယ်။
ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရမယ်။ လောကကြီးမှာ ခေါင်းမော့ ရင်ကော့ပြီးနေနိုင်ရမယ်။ ဘဝကိုပေါ့ပျက်ပျက်နဲ့ လုံးဝ မနေပါနဲ့ ။
ကိုယ့်ဘဝကိုပဲ့ကိုင်ထိန်းကျောင်းနိုင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားပြီး နေထိုင်ရမယ်။ ဒါကြောင့် စာပေ ဗဟုသုတ နဲ့ အနီးဆုံးမှာ နေပါ။
မိန်းကလေးတစ်ယောက်က ဆင်းရဲတဲ့ ဘဝကိုကြောက်တာမဟုတ်ဘူး။ ပိုက်ဆံတွေက လူ စကားမပြောပေမယ့် လူ တွေကတော့ ပိုက်ဆံစကားတွေပြောပြီး အဆင့်တန်းတွေ ခွဲခြား အထင်သေးတဲ့ အကြည့်တွေနဲ့ နှိမ်တတ်တဲ့ လူတွေရဲ့ မျက်နှာဆိုးတွေရဲ့ အောက်မှာ မျက်နှာငယ်ပြီး မနေနိုင်လို့ပဲ။
မိန်းကလေးတစ်ယောက်ရဲ့ အရည်အချင်း မိန်းကလေးတစ်ယောက်ရဲ့ ကိုယ့်ကျင့်တရားနဲ့ တန်ဖိုး မိန်းကလေးတစ်ယောက်ရဲ့ စည်းကမ်းနဲ့ သိက္ခာ ရှိခြင်း မိန်းကလေးတစ်ယောက်ရဲ့ အလှဆုံး အပြုံး ဒါတွေက တနေ့ကျရင် ပတ္တမြားကြားက အတောက်ပဆုံး စိန်တစ်ပွင့် ဖြစ်လာစေရမယ်။ ငွေရောင်လက်ပတ် နာရီတွေကြားကတောက်ပြောင်နေတဲ့ ရွှေရောင်နာရီလေး ဖြစ်လာစေရမယ်။
ရောင်စုံပန်းတွေကြားက အနံအသင်းဆုံး တော်ဝင် သဇင်ပန်းလေး ဖြစ်စေရမယ် လို့ ယုံကြည်မူ အပြည့်ရှိထားပါ။ ဒီလောက်ဆို လုံလောက်ပါပြီ။
လောကကြီးရဲ့ နတ်သမီးလေးတွေရေ..မိမိတို့ရဲ့ဘဝကို စာဖတ်ခြင်းများဖြင့်မိတ်ဆွေဖွဲပါ။ ပညာရှာပြီး စိတ်ဓာတ်ခွန်အားတွေ မွေးပါ။ စာအုပ်စာပေ တွေနဲ့ အဖော်ပြုပါ။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ..