အထွေအထွေဗဟုသုတ

ဒီမှာတော့ လမင်းပုံ (၆) ခုထဲကမှ ၅ စက္ကန့်အတွင်း သင့်စိတ်ကိုဖမ်းအစားနိုင်ဆုံး ပုံတစ်ပုံကိုရွေးပါ။ သင်ရွေးလိုက်တဲ့ပုံကနေမှ သင်ဟာ ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

သင်ဟာဘယ်လိုလူမျိုးလဲဆိုတာသိရဖို့ ဒီလမင်း (၆) စင်းထဲက တစ်ခုကိုရွေးချယ်လိုက်ပါ။

ဒီမှာတော့ လမင်းပုံ (၆) ခုထဲကမှ ၅ စက္ကန့်အတွင်း သင့်စိတ်ကိုဖမ်းအစားနိုင်ဆုံး ပုံတစ်ပုံကိုရွေးပါ။ သင်ရွေးလိုက်တဲ့ပုံကနေမှ သင်ဟာ ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

နံပါတ် (၁) ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့

သင့်ဘဝဟာ အိပ်မက်တွေ၊ ပန်းတိုင်တွေနဲ့ပြည့်နှက်နေပါတယ်။ အောင်မြင်မှုကို ဆာလောင်သလို တကယ်လည်း အောင်မြင်အောင် စွမ်းဆောင်နိုင်သူတစ်ယောက်ပါ။ ဒီအပြင် အရာရာကို စိတ်ပါလက်ပါ အင်တိုက်အားတိုက်နဲ့ လုပ်ဆောင်နိုင်ပြီး အကောင်းမြင်စိတ်လည်း ကြီးစိုးနေသူတစ်ယောက်ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှုအပြည့်အဝရှိနေတာကြောင့်လည်း ဘယ်လိုအခက်အခဲကိုမဆို အေးဆေးကျော်လွှားနိုင်သူတစ်ယောက်ပါ။ ဒါပေမဲ့ သင်ဟာ လောဘသိပ်ကြီးလွန်းတယ်။ ပန်းတိုင်တစ်ခုကို မရောက်ခင်မှာတင် နောက်ထပ်ပန်းတိုင်တစ်ခုကို ကြိုစဉ်းစားထားတတ်တာကြောင့် တိုးတက်ရာတိုးတက်ကြောင်းအတွက် အဆက်မပြတ်မနားမနေ ပြေးလွှားနေသူလေးပေါ့။

နံပါတ် (၂) ကို ရွေးချယ်လိုက်ပြီဆိုရင်တော့

သင်ဟာ ဖန်တီးမှုစွမ်းအားမြင့်တဲ့သူတစ်ယောက်ပါပဲ။ ကြင်နာတတ်ပေမယ့် စိတ်ခံစားလွယ်တယ်။ လူတိုင်းကို ကူညီတတ်တာကြောင့် လူချစ်လူခင်ပေါ့များပါသေးတယ်။ သတိထားရမယ့်အချက်ကတော့ ဒီလို စိတ်သဘောကောင်းမှုကြောင့်ပဲ တချို့လူတွေရဲ့အသုံးချခြင်းကို မခံဖို့ပါပဲ။ ဒါကြောင့်အရာရာကို သေချာစဉ်းစားပြီးကာမှ ကူညီပါလို့။

နံပါတ် (၃) သာ သင့်ရဲ့အရွေးချယ်မှုဖြစ်ခဲ့မယ်ဆိုရင်

သင်ဟာဘဝရဲ့နေ့ရက်တိုင်းကို ခွန်အားအပြည့်နဲ့ ဖြတ်သန်းနေသူတ်ယောက်ပါ။ ဒီအပြင်သင်ဟာ သင့်ကိုသစ္စာဖောက်မှာကို သေမတတ်ကြော်ကသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကိုယ်ချစ်တဲ့သူတွေရဲ့ သစ္စာဖောက်ခြင်းကိုပဲ ထပ်ခါထပ်ခါ ခံနေရတာပါပဲ။ ဒါကြောင့်လည်း တော်ရုံ သင့်အနားမှာ ရှိနေပေးဖို့ လက်မခံတတ်ကြတော့ပါဘူးတဲ့။ မေတ္တာဆိုတာ ယောင်ပြန်ဟပ်ပါတယ်။ ကိုယ့်ဖက်ကသာ အပြည့်အဝစိတ်နှစ်ကာ မေတ္တာပေးလိုက်ပါ။ အဲဒီလူသစ္စာဖောက်သွားသည့်တိုင်အောင် သင်ပေးနေတဲ့ မေတ္တာတွေအတွက် ဒဏ်ခံရမှာပါပဲ။

နံပါတ် (၄) ကိုရွေးချယ်လိုက်ပြီဆိုရင်တော့

သင်ဟာ ထိလွယ်ရှလွယ်တယ်၊ နောက် ပြိုင်ဆိုင်လိုစိတ်လည်း ပြင်းပြကာ တစ်ကိုယ်ကောင်းဆန်တဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ သင်ချစ်တဲ့လူတွေဆိုရင်တော့ အနစ်နာခံဖို့ အမြဲတမ်းအသင့်ပါပဲတဲ့။ စိတ်ကြီးဝင်နေတတ်တာကြောင့် သင်သတိထားရမှာကတော့ ကိုယ့်ရဲ့အခြေအနေအမှန်ကို သုံးသပ်ပြီး တကယ်တိုးတက်မယ့်အရာတွေကို စလုပ်သင့်နေပြီဆိုတာပဲဖြစ်ပါတယ်။

နံပါတ် (၅) ကိုရွေးလိုက်ပြီဆိုရင်တော့

သင့်မှာ စပ်စုတတ်တဲ့အကျင့်တစ်ခုရှိနေပါတယ်။ ဒါကြောင့်လည်း ဘယ်သူနဲ့ပဲဖြစ်ဖြစ် သူတို့ပြောလာတဲ့စကားတွေကို ရင်ဘတ်ကြီးနဲ့ ခံစားနားထောင်ပေးတယ်၊ လိုအပ်တဲ့အကြံတွေပေးတတ်သူလေးပါပဲ။ သင့်ခေါင်းထဲမှာဆိုတာဟာလည်း ကိစ္စတွေအများကြီးအတွက် ဖြေရှင်းမယ့်နည်းလမ်းတွေ၊ ပိုကောင်းအောင်လုပ်မယ့်နည်းလမ်းတွေနဲ့ ပြည့်နေတတ်တာကြောင့် အကြံပေးပုဂ္ဂိုလ်အဖြစ် လုပ်ကိုင်ရင် သင့်လျော်မှာပါနော်။

နံပါတ် (၆) ကတော့ နောက်ဆုံးပါပဲ။

 

သင်ဟာ ငြိမ်းချမ်းခြင်းကို လိုလားတဲ့သူတစ်ယောက်ပါ။စိတ်ရှည်တယ်၊ တစ်ဖက်က မှားနေတယ်ဆိုတာ သိတာတောင်မှပဲ သည်းခံတယ် နောက် ကိုယ့်တန်ဖိုးကိုယ်လည်း သိပြီး အမြဲတမ်းလေးစားတတ်တယ်။ စိတ်အေးချမ်းတာကြောင့် ဘဝမှာ သင့်ရဲ့နေ့ရက်တွေဟာလည်း အေချမ်းနေမှာပါပဲ။