ဒီမနက္လဲ နံနက္ (၁-၀၀)ေလာက္မွာႏိုးလာပါတယ္။ခါတိုင္းဆို ဘုရားကန္ေတာ႕သစၥာျပဳျပီး စာဖတ္၊ျပီးရင္ တရားထိုင္ျပီးက ေရးျခင္တဲ႕စာေရးတင္္ပါတယ္။ျပီးရင္ျပန္လွဲပါတယ္။
ဒီမနက္ကေတာ႕ စာမဖတ္အားဘဲ ေရးျခင္ေဖာ္ျပျခင္ေနတဲ႕ကိစၥ ရပ္ေလး တစ္ခု ရွိေနပါတယ္။ ဒါကေတာ႕ ငါးပါးသီလ လုံစြာေနထိုင္ေနေပမဲ႕ ေလာကဓံဒါဏ္ကို ခံေနရတဲ႕ မိတ္ေဆြမ်ားအတြက္ပါ။
မေန႕ကေတာ႕ ဘုရားစာေတြရြတ္ေပမဲ႕ ဘ၀မတိုးတက္သူေတြ အေႏွာင္႕အရွက္ခံေနရသူေတြကို ပရိကံလိုအပ္ခ်က္ျဖန္႔ေ၀ေပး ခဲ႕ျပီးပါျပီ။ ဒီေန႕ကေတာ႕ ငါးပါးသီလ လုံပါလ်က္ မျပည္႕မစုံျဖစ္ေနႀကရေသာ မိတ္ေတြအတြက္ပါ။
စာေတြလိုက္ဖတ္တဲ႕အခါမွာ ဂမၻီရ ႀကက္ေျခ ပါရင္ အရာရာျပည္႕စုံမယ္ ႀကီးပြားမယ္လို႕ ေရးထားတာေတြ ဖတ္ရပါတယ္။
သုေတသနအရ တ၀က္မွန္တ၀က္မွားပါတယ္လို႕က်ြန္ေတာ္ အခိုင္အမာေျပာပါ မယ္။ ဘာေႀကာင္႕ေျပာႏိုင္သလဲဆိုရင္လက္ခဏာပညာရပ္ကို(၁၃)ႏွစ္သားကစတင္ရင္းႏွီးျပီး ယေန႔အခ်ိန္အထိ အဆက္မျပတ္သုေတ သနလုပ္ခဲ႕လို႕ပါဘဲ။
လကၡဏာပညာရဲ႕အားသာခ်က္က တြက္ခ်က္ေနစရာဘာပစၥည္းဘာအေထာက္အကူမွမလိုဘဲလက္ကိုယူႀကည္႕တာနဲ႕ ျခဳံငုံေျပာ ႏိုင္ပါတယ္။ေမြးႏွစ္ ေမြးလ ရက္ေန႔ဘာမွမလိုပါ။
လက္ခဏာနဲ႕ အေသးစိတ္ကေတာ႕ အတိုင္းအထြာ လိုပါတယ္။ဒါေပမဲေဗဒင္ ပညာေလာက္အနဳမစိတ္ႏိုင္ပါဘူး။သယ္ေဆာင္ရတဲ႕ပစၥည္း ပစၥယတာ၀န္နည္းပါတယ္။မ်န္ဘီလူးတစ္ခ်ပ္ပါရင္ရပါျပီ။
၀န္က်ဥ္းေပမဲ႕ဒီပညာလဲ မိမိမွာအေတြ႕အႀကဳံ ရွိသေလာက္ မွန္ဘီလူးေကာင္းရင္ေကာင္းသေလာက္ သိႏိုင္ေျပာႏိုင္တဲ႕ ပညာေတြအမ်ားႀကီးရွိပါတယ္။
သမထ နဲ႕ေပါင္းရင္ေတာ႕ လက္ကိုကိုင္တာနဲ႕အပူအေအး အရွိန္အဟုန္ရိုက္ခတ္မွဳ႕ေႀကာင့္ ၃၀% ေလာက္ေျပာႏိုင္ေနပါျပီ။
ရုပ္ရွင္ေတြထဲမွာ လက္ခဏာဆရာ လက္ကိုင္ရင္ အသားယူ တယ္ဆိုတဲ႕ ျပကြက္ေတြ ဟာသေႏွာ ရိုက္ထားတာေတြ႕ေနႀကမို႕ လူအမ်ားကအထူးသျဖင္႕ (မိန္းခေလး)ေတြ မႏွစ္သက္ပါဘူး။
ဒါေပမဲ႕ လက္ေရစာ ႀကမ္း မႀကမ္းက အဓိက အခ်က္ပါ။ မကိုင္ဘဲ မပြတ္သပ္ဘဲမသိႏိုင္ပါဘူး။ နုရင္ပင္ပန္းဆင္းရဲနည္းပါတယ္။
ႀကမ္းရင္ သူေဌးေတာင္ မေနႏိုင္မထိုင္ႏိုင္ ဖုန္သုတ္ေနရ မွေနတတ္ပါတယ္။ လက္ေရစာႀကဲရင္ လဲ ပင္ပန္းပါတယ္။လက္ေရစာစိတ္ရင္ သက္သာပါတယ္။အားလုံးလဲ အေျခခံသိေအာင္ထည္ ႕ေျပာေနတာပါ။
အေရာင္အေသြးမွာလဲ ပန္းေရာင္ျဖစ္ရင္ ေအးခ်မ္းျပီး အနီေရာင္ဆို ရင္ေလာဘ ေဒါသ ေမာဟ မ်ားလာပါျပီ ခရမ္းေရာင္ဆိုရင္ ျပစ္မွဳ႕ နီးစပ္ေနျပီး ျဖဴေဖ်ာ႕ေနရင္က်န္းမာေရးက်ေနတာ ေဖာ္ျပေနပါ တယ္။
အနီေရာင္သန္းျပီး အျဖူစကေတြမ်ားေနရင္ အသည္းကို ဒုကၡေပးေနပါျပီ။ စာေလးမွာစိုးလို႕အေျခခံသေဘာေတြကိုရပ္ပါျပီ။
ဂမၻီရ ႀကက္ေျခပါတာ ေကာင္းတဲ႕အမွတ္အသားဆိုတာ ေထာက္ခံပါတယ္။ ဒါေပမဲ႕ ဒီဘ၀မွာ ေလာကဓံအေတာ္ခံရမဲ႕သူေတြလို႕ က်ြန္ေတာ္ တိတိက်က် ေျပာပါတယ္။ သက္သက္သာသာနဲ႕ ဘာတခုမွအေခ်ာင္မရပါဘူး။
တခါလုပ္ရုံနဲ႕လဲ အဆင္မေျပပါဘူး။အနည္းဆုံး ၂ႀကိမ္ႀကိုးစားရသူေတြပါ။
ဒီအမွတ္ပါထားရင္ ၁။အမ်ားအတြက္ လူပင္ပန္း စိတ္ပင္ပန္းရပါမယ္။ အက်ိဳးေဆာင္လုိက္ပါ။
၂။အမ်ားအားကိုးခံရပါမယ္။ပဲခူးဆားပါ။ ၃။အိပ္မက္ထူးမ်ားျမင္မက္ပါတယ္။ ၄။တခါမွမေရာက္ဘူတဲ႕ေနရာ ေရာက္သြားရင္ ရင္းႏွီးစြာ သိေနပါတယ္။
၅။မသန္႔တဲ႕ေနရာ အသုံးအေဆာင္နဲ႕ႀကဳံ၇င္ ခ်က္ျခင္းစိတ္ကသိျပီး ဓါတ္ျပင္းသူေတြဆို ယားယံလာပါမယ္။
၆။လူတေယာက္ကို ခ်က္ျခင္း အကဲခတ္ မသိစိတ္က ပုံေဖာ္ျပီး လူေကာင္းဟုတ္ မဟုတ္ခ်က္ျခင္းသိပါတယ္။
၇။ဓါတ္ျပင္းသူမ်ား ဆိုရင္ စုန္းတတေစၦ ပူးသူနားေရာက္တာနဲ႕ ခ်က္ျခင္းေရာဂါေပ်ာက္ပါတယ္။
၈။ေမြးျမူေရးလုပ္ အရင္းျပဳတ္ပါတယ္။ ၉။အကုသိုလ္အလုပ္ ဘာမွအက်ိဳးမေပးပါ။ ၁၀။မီးေလာင္ ေရနစ္ ဓါတ္လိုက္ accident မ်ိဳးစုံႀကုံဘူးပါမယ္။ ၁၁။အိမ္ေထာင္ေရးသာယာမွဳ႕နည္းပါတယ္။ကြဲတတ္ပါတယ္။
မကြဲရင္ခြဲေနရပါမယ္။ ၁၂။အခက္အခဲသိပ္ႀကဳံလာရင္ ေနာက္ဆုံးအခ်ိန္မွာ ကူညီသူ ေပၚလာပါတယ္။
၁၃။အခ်ဳပ္အေႏွာင္ကိန္းေတြလဲႀကဳံရပါတယ္။ ၁၄။သြားပုပ္ေလလြင္႕လဲအေျပာခံရပါမယ္။
၁၅။ဘ၀ေန၀င္ခ်ိန္မွ ဥစၥာခ်မ္းသာ တရားအသိ ခ်မ္းသာရပါတယ္။ ၁၆။ပထမ ဒုတိယ တတိယ အရြယ္ေတြမွာ ခံရျပီးစတုထၳအရြယ္မွာမွ ေအးခ်မ္းရပါမယ္။
ဒါကိုေကာင္းတယ္ေျပာမွာလားလို႕ေမးရင္ေကာင္းတယ္ လို႕ ေျဖပါမယ္။ ဒီလက္ပိုင္ရွင္ဟာ ေသာတာပန္ အဆင္႔အနည္းဆုံးကူးေျပာင္းေတာ႕မဲ႕ သူမ္ို႕ပါ။ သံသရာျပတ္ဖို႕ငါး ဘ၀သာ က်န္ေတာ႔တယ္လို႕ေရွးေဟာင္း က်မ္းေတြက ဆိုပါတယ္။
ဒါေႀကာင္႕ ၈မၻီရႀကက္ေျခပါျပီး ေလာကဓံႀကုံေနသူေတြ ကိုေျပာျပျခင္တာက ၀ဋ္ေႀကြးအကုန္ဆပ္ရေအာင္ အေႀကြးေတာင္းခံေနရတာပါလို႕။
ေလာကဓံေတြက သင္႕ကို အတိတ္အေႀကြးေတြ ဆပ္ခိုင္းေန သလို သံသရာျပတ္ျခင္ေအာင္ တြန္းပို႕ ေနတာပါလို႕ မွာပါရေစ။
စိတ္ဓါတ္မက်ပါနဲ႕။ ဘယ္ေတာ႕မွ ထမင္းမငတ္တဲ႕လက္ပါ။ကိုယ္စိတ္ကေတာ႕ အနားမရဘဲ ပင္ပန္းပါမယ္။ သူမ်ားလက္ခ်က္နဲ႕ ဘယ္ေတာ႕မွမေသပါဘူး။ Accident ေႀကာင္႕လဲမေသပါဘူး။
တြဲလ်က္အရံအသက္လမ္းေႀကာင္းလဲပါမွာပါ။ ခြဲစိတ္ ျဖတ္ေတာက္ကုသ ခံရမွာေတာ႕၁၀၀% အျပည္႕ပါလို႕ မွာရင္း သူေတာ္ေကာင္းလက္၊ ဒါမွ မဟုတ္သူေတာ္ေကာင္းျဖစ္ေတာ႕မဲ႕လက္လို့ အာမခံ ေျပာရဲပါတယ္။
တရားထိုင္ရင္တရားထူးအျမန္ရပါမယ္။ ထူးျခားသူမ်ားနဲ႕ ထူးျခားျဖစ္စဥ္မ်ားကိုႀကဳံရျမင္ရပါမယ္။ နိတ္ဗာန္ကိုျမင္ေနရပါျပီ။ေရာက္ဖို႕အတြက္ အားထုတ္ဖို႕က မိမိတာ၀န္ပါ။
သူမ်ားေတြ ေ၀းေနေသးတဲ႕ နိတ္ဗာန္ကို ျမင္ေနရတဲ႕ လမ္းေပၚေျခခ်မိေနမွေတာ႕ ဘာ စိတ္ညစ္စရာ လိုပါေသးလဲ။
ျမန္ျမန္သြားရင္ျမန္ျမန္ေရာက္မယ္ ေႏွးေႏွးသြားရင္ ေႏွးေႏွးေရာက္မယ္။ ဒါဘဲကြာပါေတာ႕တယ္။ မိတ္ေဆြအားလုံး စိတ္၏ခ်မ္းသာျခင္း ကိုယ္၏ က်န္းမာျခင္းႏွင္႕ျပည္႕စုံႀကပါေစ။
စာျပီးခ်ိန္(၄-၃၃) (ဦးဖိုးနီ)
Unicode,
ဒီမနက်လဲ နံနက် (၁-၀၀)လောက်မှာနိုးလာပါတယ်။ခါတိုင်းဆို ဘုရားကန်တော့သစ္စာပြုပြီး စာဖတ်၊ပြီးရင် တရားထိုင်ပြီးက ရေးခြင်တဲ့စာရေးတင််ပါတယ်။ပြီးရင်ပြန်လှဲပါတယ်။
ဒီမနက်ကတော့ စာမဖတ်အားဘဲ ရေးခြင်ဖော်ပြခြင်နေတဲ့ကိစ္စ ရပ်လေး တစ်ခု ရှိနေပါတယ်။ ဒါကတော့ ငါးပါးသီလ လုံစွာနေထိုင်နေပေမဲ့ လောကဓံဒါဏ်ကို ခံနေရတဲ့ မိတ်ဆွေများအတွက်ပါ။
မနေ့ကတော့ ဘုရားစာတွေရွတ်ပေမဲ့ ဘဝမတိုးတက်သူတွေ အနှောင့်အရှက်ခံနေရသူတွေကို ပရိကံလိုအပ်ချက်ဖြန့်ဝေပေး ခဲ့ပြီးပါပြီ။ ဒီနေ့ကတော့ ငါးပါးသီလ လုံပါလျက် မပြည့်မစုံဖြစ်နေကြရသော မိတ်တွေအတွက်ပါ။
စာတွေလိုက်ဖတ်တဲ့အခါမှာ ဂမ္ဘီရ ကြက်ခြေ ပါရင် အရာရာပြည့်စုံမယ် ကြီးပွားမယ်လို့ ရေးထားတာတွေ ဖတ်ရပါတယ်။
သုတေသနအရ တဝက်မှန်တဝက်မှားပါတယ်လို့ကျွန်တော် အခိုင်အမာပြောပါ မယ်။ ဘာကြောင့်ပြောနိုင်သလဲဆိုရင်လက်ခဏာပညာရပ်ကို(၁၃)နှစ်သားကစတင်ရင်းနှီးပြီး ယနေ့အချိန်အထိ အဆက်မပြတ်သုတေ သနလုပ်ခဲ့လို့ပါဘဲ။
လက္ခဏာပညာရဲ့အားသာချက်က တွက်ချက်နေစရာဘာပစ္စည်းဘာအထောက်အကူမှမလိုဘဲလက်ကိုယူကြည့်တာနဲ့ ခြုံငုံပြော နိုင်ပါတယ်။မွေးနှစ် မွေးလ ရက်နေ့ဘာမှမလိုပါ။
လက်ခဏာနဲ့ အသေးစိတ်ကတော့ အတိုင်းအထွာ လိုပါတယ်။ဒါပေမဲဗေဒင် ပညာလောက်အနုမစိတ်နိုင်ပါဘူး။သယ်ဆောင်ရတဲ့ပစ္စည်း ပစ္စယတာဝန်နည်းပါတယ်။မျန်ဘီလူးတစ်ချပ်ပါရင်ရပါပြီ။
ဝန်ကျဉ်းပေမဲ့ဒီပညာလဲ မိမိမှာအတွေ့အကြုံ ရှိသလောက် မှန်ဘီလူးကောင်းရင်ကောင်းသလောက် သိနိုင်ပြောနိုင်တဲ့ ပညာတွေအများကြီးရှိပါတယ်။
သမထ နဲ့ပေါင်းရင်တော့ လက်ကိုကိုင်တာနဲ့အပူအအေး အရှိန်အဟုန်ရိုက်ခတ်မှု့ကြောင့် ၃၀% လောက်ပြောနိုင်နေပါပြီ။
ရုပ်ရှင်တွေထဲမှာ လက်ခဏာဆရာ လက်ကိုင်ရင် အသားယူ တယ်ဆိုတဲ့ ပြကွက်တွေ ဟာသနှော ရိုက်ထားတာတွေ့နေကြမို့ လူအများကအထူးသဖြင့် (မိန်းခလေး)တွေ မနှစ်သက်ပါဘူး။
ဒါပေမဲ့ လက်ရေစာ ကြမ်း မကြမ်းက အဓိက အချက်ပါ။ မကိုင်ဘဲ မပွတ်သပ်ဘဲမသိနိုင်ပါဘူး။ နုရင်ပင်ပန်းဆင်းရဲနည်းပါတယ်။
ကြမ်းရင် သူဌေးတောင် မနေနိုင်မထိုင်နိုင် ဖုန်သုတ်နေရ မှနေတတ်ပါတယ်။ လက်ရေစာကြဲရင် လဲ ပင်ပန်းပါတယ်။လက်ရေစာစိတ်ရင် သက်သာပါတယ်။အားလုံးလဲ အခြေခံသိအောင်ထည် ့ပြောနေတာပါ။
အရောင်အသွေးမှာလဲ ပန်းရောင်ဖြစ်ရင် အေးချမ်းပြီး အနီရောင်ဆို ရင်လောဘ ဒေါသ မောဟ များလာပါပြီ ခရမ်းရောင်ဆိုရင် ပြစ်မှု့ နီးစပ်နေပြီး ဖြူဖျော့နေရင်ကျန်းမာရေးကျနေတာ ဖော်ပြနေပါ တယ်။
အနီရောင်သန်းပြီး အဖြူစကတွေများနေရင် အသည်းကို ဒုက္ခပေးနေပါပြီ။ စာလေးမှာစိုးလို့အခြေခံသဘောတွေကိုရပ်ပါပြီ။
ဂမ္ဘီရ ကြက်ခြေပါတာ ကောင်းတဲ့အမှတ်အသားဆိုတာ ထောက်ခံပါတယ်။ ဒါပေမဲ့ ဒီဘဝမှာ လောကဓံအတော်ခံရမဲ့သူတွေလို့ ကျွန်တော် တိတိကျကျ ပြောပါတယ်။ သက်သက်သာသာနဲ့ ဘာတခုမှအချောင်မရပါဘူး။
တခါလုပ်ရုံနဲ့လဲ အဆင်မပြေပါဘူး။အနည်းဆုံး ၂ကြိမ်ကြိုးစားရသူတွေပါ။
ဒီအမှတ်ပါထားရင် ၁။အများအတွက် လူပင်ပန်း စိတ်ပင်ပန်းရပါမယ်။ အကျိုးဆောင်လိုက်ပါ။
၂။အများအားကိုးခံရပါမယ်။ပဲခူးဆားပါ။ ၃။အိပ်မက်ထူးများမြင်မက်ပါတယ်။ ၄။တခါမှမရောက်ဘူတဲ့နေရာ ရောက်သွားရင် ရင်းနှီးစွာ သိနေပါတယ်။
၅။မသန့်တဲ့နေရာ အသုံးအဆောင်နဲ့ကြုံရင် ချက်ခြင်းစိတ်ကသိပြီး ဓါတ်ပြင်းသူတွေဆို ယားယံလာပါမယ်။
၆။လူတယောက်ကို ချက်ခြင်း အကဲခတ် မသိစိတ်က ပုံဖော်ပြီး လူကောင်းဟုတ် မဟုတ်ချက်ခြင်းသိပါတယ်။
၇။ဓါတ်ပြင်းသူများ ဆိုရင် စုန်းတတစ္ဆေ ပူးသူနားရောက်တာနဲ့ ချက်ခြင်းရောဂါပျောက်ပါတယ်။
၈။မွေးမြူရေးလုပ် အရင်းပြုတ်ပါတယ်။ ၉။အကုသိုလ်အလုပ် ဘာမှအကျိုးမပေးပါ။ ၁၀။မီးလောင် ရေနစ် ဓါတ်လိုက် accident မျိုးစုံကြုံဘူးပါမယ်။ ၁၁။အိမ်ထောင်ရေးသာယာမှု့နည်းပါတယ်။ကွဲတတ်ပါတယ်။
မကွဲရင်ခွဲနေရပါမယ်။ ၁၂။အခက်အခဲသိပ်ကြုံလာရင် နောက်ဆုံးအချိန်မှာ ကူညီသူ ပေါ်လာပါတယ်။
၁၃။အချုပ်အနှောင်ကိန်းတွေလဲကြုံရပါတယ်။ ၁၄။သွားပုပ်လေလွင့်လဲအပြောခံရပါမယ်။
၁၅။ဘဝနေဝင်ချိန်မှ ဥစ္စာချမ်းသာ တရားအသိ ချမ်းသာရပါတယ်။ ၁၆။ပထမ ဒုတိယ တတိယ အရွယ်တွေမှာ ခံရပြီးစတုထ္ထအရွယ်မှာမှ အေးချမ်းရပါမယ်။
ဒါကိုကောင်းတယ်ပြောမှာလားလို့မေးရင်ကောင်းတယ် လို့ ဖြေပါမယ်။ ဒီလက်ပိုင်ရှင်ဟာ သောတာပန် အဆင့်အနည်းဆုံးကူးပြောင်းတော့မဲ့ သူမ်ို့ပါ။ သံသရာပြတ်ဖို့ငါး ဘဝသာ ကျန်တော့တယ်လို့ရှေးဟောင်း ကျမ်းတွေက ဆိုပါတယ်။
ဒါကြောင့် ၈မ္ဘီရကြက်ခြေပါပြီး လောကဓံကြုံနေသူတွေ ကိုပြောပြခြင်တာက ဝဋ်ကြွေးအကုန်ဆပ်ရအောင် အကြွေးတောင်းခံနေရတာပါလို့။
လောကဓံတွေက သင့်ကို အတိတ်အကြွေးတွေ ဆပ်ခိုင်းနေ သလို သံသရာပြတ်ခြင်အောင် တွန်းပို့ နေတာပါလို့ မှာပါရစေ။
စိတ်ဓါတ်မကျပါနဲ့။ ဘယ်တော့မှ ထမင်းမငတ်တဲ့လက်ပါ။ကိုယ်စိတ်ကတော့ အနားမရဘဲ ပင်ပန်းပါမယ်။ သူများလက်ချက်နဲ့ ဘယ်တော့မှမသေပါဘူး။ Accident ကြောင့်လဲမသေပါဘူး။
တွဲလျက်အရံအသက်လမ်းကြောင်းလဲပါမှာပါ။ ခွဲစိတ် ဖြတ်တောက်ကုသ ခံရမှာတော့၁၀၀% အပြည့်ပါလို့ မှာရင်း သူတော်ကောင်းလက်၊ ဒါမှ မဟုတ်သူတော်ကောင်းဖြစ်တော့မဲ့လက်လို့ အာမခံ ပြောရဲပါတယ်။
တရားထိုင်ရင်တရားထူးအမြန်ရပါမယ်။ ထူးခြားသူများနဲ့ ထူးခြားဖြစ်စဉ်များကိုကြုံရမြင်ရပါမယ်။ နိတ်ဗာန်ကိုမြင်နေရပါပြီ။ရောက်ဖို့အတွက် အားထုတ်ဖို့က မိမိတာဝန်ပါ။
သူများတွေ ဝေးနေသေးတဲ့ နိတ်ဗာန်ကို မြင်နေရတဲ့ လမ်းပေါ်ခြေချမိနေမှတော့ ဘာ စိတ်ညစ်စရာ လိုပါသေးလဲ။
မြန်မြန်သွားရင်မြန်မြန်ရောက်မယ် နှေးနှေးသွားရင် နှေးနှေးရောက်မယ်။ ဒါဘဲကွာပါတော့တယ်။ မိတ်ဆွေအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ။
စာပြီးချိန်(၄-၃၃) (ဦးဖိုးနီ)