ေဗဒင္

သူမ်ားေလွ်ာက္ေမးေနမယ္အစား ကံနိမ့္ေနတယ္ထင္ရင္ ကိုယ့္ဘာသာတြက္ၿပီးယၾတာေခ်တဲ့နည္း

ကံျမင့္၊ ကံဆင့္၊ လာဘ္ပြင့္ ယၾတာမ်ား(သက္ေရာက္ ယၾတာမ်ား)

မိမိေရာက္ဆဲ အသက္မွန္ကိုတည္ (၇) ျဖင့္စားပါ။ ဥပမာ မိမိအသက္ ၃၀ႏွစ္ ဆိုပါဆို႔။

၃၀ ÷ ၇ = ၂ ႂကြင္း ျဖစ္ပါတယ္။ ၂ႂကြင္း ယၾတာကို ေခ်လိုက္ယုံပါပဲ။

(၁)ႂကြင္းခဲ့ပါက လူသြားလမ္းကို အုတ္ခဲ

(၆)ခဲ ခင္းပါ။ ဝက္မ်ားကို အစာေကြၽးပါ

ေရွာက္ယို၊ ဆီမီး/ဖေယာင္းတိုင္၊ ေရ၊ ယပ္ေတာင္ တို႔ကို မိမိေမြးနံေထာင့္ ဘုရားမွာ ကပ္လႉ ဆုေတာင္းပါ။

(၂)ႂကြင္းခဲ့ပါက ဘုရားရင္ျပင္ေပၚ သန္႔ရွင္းေရးလုပ္ပါ။ ေမ်ာက္မ်ားကို အစာေကြၽးပါ။

ပဲဆြမ္း၊ ေရ၊ ယပ္ေတာင္၊ ဆီမီး/ဖေယာင္းတိုင္မ်ားကို မိမိေမြးနံေထာင့္ ဘုရားမွာ ကပ္လႉ ဆု‌‌ေတာင္းပါ။

(၃)ႂကြင္းခဲ့ပါက ဘုန္းႀကီးကုဋီ သန္႔ရွင္းေရးလုပ္ပါ။ က်န္းမာေရး မေကာင္းေသာေသာၾကာသားသမီးမ်ားကို သစ္သီးလႉပါ။

သီးစုံဆြမ္း၊ ေရ၊ ယပ္ေတာင္၊ အလင္းတိုင္မ်ားကို ေမြးနံေထာင့္ ဘုရားမွာ ကပ္လႉ ဆုေတာင္းပါ။

(၄)ႂကြင္းခဲ့ပါက ကိုယ္လတ္အဂၤါ ခ်ိဳ႕ယြင္းသူကို ဒါနျပဳပါ။ ႏြားမ်ားကို အစာေကြၽးပါ။

ႏို႔ထမင္း၊ ေရ၊ ယပ္ေတာင္၊ အလင္းတိုင္မ်ားကို မိမ္ိေမြးနံေထာင့္ ဘုရားမွာ ကပ္လႉ ဆုေတာင္းပါ။

(၅)ႂကြင္းခဲ့ပါက မိမိမိတ္ေဆြ၏ ကံမ ေကာင္းေသာ အိမ္တြင္းေရး ရင္ဖြင့္သံမ်ားကို နားေထာင္ေပးလိုက္ပါ။ မိမိအိမ္တြင္းကို သန္႔ရွင္းေရးလုပ္ပါ။ အုန္းဆြမ္း၊ ေရ၊ ယပ္ေတာင္။အလင္းတိုင္မ်ားကို

မိမိေမြးနံေထာင့္ ဘုရားမွာ ကပ္လႉ ဆုေတာင္းပါ။

(၆)ႂကြင္းခဲ့ပါက မိမိ၏ ႀကီးေဒၚ ႀကီးအား ေငြေၾကး ၆၀၀က်ပ္ ဒါနျပဳပါ။ ေခြးမ်ားကိုအစာေကြၽးပါ။ ႀကံသကာဆြမ္း၊ ေရ၊ ယပ္ေတာင္၊ အလင္းတိုင္ မ်ားကို မိမိေမြးနံေထာင့္ ဘုရားမွာ ကပ္လႉ ဆုေတာင္းပါ။

(၀)ႂကြင္းခဲ့ပါက စိတ္မက်န္းမာသူကို ဒါနျပဳပါ။ ဆရာသမားတစ္ဦးဦးကို ထီးလက္ေဆာင္ေပးလိုက္ပါ။ ဆီထမင္း၊ ေရ၊ ယပ္‌ေတာင္၊ အလင္းတိုင္မ်ားကို မိမိေမြးနံေထာင့္ ဘုရားမွာ ကပ္လႉ ဆုေတာင္းပါ။

ထိုယၾတာ ေခ်ေပးျခင္းျဖင့္ မိမိမွာ က်ေရာက္မည့္ ၿဂိဳဟ္ဆိုး ၿဂိဳဟ္ညံ့မ်ားႏွင့္ေဘးဒုကၡ အေပါင္းတို႔မွ ကင္းလြတ္ၾကပါေစ။ စိတ္၏ ခ်မ္းသာျခင္း ကိုယ္၏ က်န္းမာျခင္းႏွင့္ ျပည့္စုံၾကပါေစေသာ္

Credit,

ကံမြင့်၊ ကံဆင့်၊ လာဘ်ပွင့် ယတြာများ(သက်ရောက် ယတြာများ)

မိမိရောက်ဆဲ အသက်မှန်ကိုတည် (၇) ဖြင့်စားပါ။ ဥပမာ မိမိအသက် ၃၀နှစ် ဆိုပါဆို့။

၃၀ ÷ ၇ = ၂ ကြွင်း ဖြစ်ပါတယ်။ ၂ကြွင်း ယတြာကို ချေလိုက်ယုံပါပဲ။

(၁)ကြွင်းခဲ့ပါက လူသွားလမ်းကို အုတ်ခဲ

(၆)ခဲ ခင်းပါ။ ဝက်များကို အစာကျွေးပါ

ရှောက်ယို၊ ဆီမီး/ဖယောင်းတိုင်၊ ရေ၊ ယပ်တောင် တို့ကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။

(၂)ကြွင်းခဲ့ပါက ဘုရားရင်ပြင်ပေါ် သန့်ရှင်းရေးလုပ်ပါ။ မျောက်များကို အစာကျွေးပါ။

ပဲဆွမ်း၊ ရေ၊ ယပ်တောင်၊ ဆီမီး/ဖယောင်းတိုင်များကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆု‌‌တောင်းပါ။

(၃)ကြွင်းခဲ့ပါက ဘုန်းကြီးကုဋီ သန့်ရှင်းရေးလုပ်ပါ။ ကျန်းမာရေး မကောင်းသောသောကြာသားသမီးများကို သစ်သီးလှူပါ။

သီးစုံဆွမ်း၊ ရေ၊ ယပ်တောင်၊ အလင်းတိုင်များကို မွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။

(၄)ကြွင်းခဲ့ပါက ကိုယ်လတ်အင်္ဂါ ချို့ယွင်းသူကို ဒါနပြုပါ။ နွားများကို အစာကျွေးပါ။

နို့ထမင်း၊ ရေ၊ ယပ်တောင်၊ အလင်းတိုင်များကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။

(၅)ကြွင်းခဲ့ပါက မိမိမိတ်ဆွေ၏ ကံမ ကောင်းသော အိမ်တွင်းရေး ရင်ဖွင့်သံများကို နားထောင်ပေးလိုက်ပါ။ မိမိအိမ်တွင်းကို သန့်ရှင်းရေးလုပ်ပါ။ အုန်းဆွမ်း၊ ရေ၊ ယပ်တောင်။အလင်းတိုင်များကို

မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။

(၆)ကြွင်းခဲ့ပါက မိမိ၏ ကြီးဒေါ် ကြီးအား ငွေကြေး ၆၀၀ကျပ် ဒါနပြုပါ။ ခွေးများကိုအစာကျွေးပါ။ ကြံသကာဆွမ်း၊ ရေ၊ ယပ်တောင်၊ အလင်းတိုင် များကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။

(ဝ)ကြွင်းခဲ့ပါက စိတ်မကျန်းမာသူကို ဒါနပြုပါ။ ဆရာသမားတစ်ဦးဦးကို ထီးလက်ဆောင်ပေးလိုက်ပါ။ ဆီထမင်း၊ ရေ၊ ယပ်‌တောင်၊ အလင်းတိုင်များကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။

ထိုယတြာ ချေပေးခြင်းဖြင့် မိမိမှာ ကျရောက်မည့် ဂြိုဟ်ဆိုး ဂြိုဟ်ညံ့များနှင့်ဘေးဒုက္ခ အပေါင်းတို့မှ ကင်းလွတ်ကြပါစေ။ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေသော်

Credit;