သင်ဟာ…1ရက်နေ့ မွေးသူ ဖြစ်ရင်.. သင့် ချစ်သူ ဟာ တတ်တတ်ကြွကြွ ရှိမယ် ဖြတ်ထိုးဉာဏ် အလွန်ကောင်းပြီး လူတဖက်သားကို ကူညီတတ်မဲ့သူတယောက် ဖြစ်တယ်။
သင့်အတွက်ဆို လိုချင်တာ ဖြည့်စည်းပေးမယ့် သူဌေးကြီးတယောက်လိုပါပဲ…
2ရက်နေ့ မွေးသူ ဖြစ်ရင်… သင့် ချစ်သူ ဟာ ကြင်နာယုယတတ်တယ်။ သင့်ကို အမြဲဂရုစိုက်တတ်ပြီး အနုပညာနဲ့ပတ်သက်ရင် ပါရမီပါသူတယောက်ဖြစ်တယ်။
သင့်အတွက်ဆို မမေ့နိုင်တဲ့ ပျော်ရွှင်မှုဒွေ ဖန်တီးပေးမယ့်သူတယောက်ပါပဲ။
3ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ စိတ်လိုက်မာန်ပါ လုပ်တတ်တယ်။ ဆရာကြီး လုပ်ရမှာကျေနပ်ပြီး အမှားလုပ်မိရင်လည်း တောင်းပန်ဖို့ ဝန်မလေးသူတယောက်ဖြစ်တယ်။
သင့်အတွက်ဆို အခက်အခဲတွေကို တူတူဖြတ်ကျော်မယ့် လက်တွဲဖော်ကောင်း တယောက်ပါပဲ.။
4ရက်နေ့ မွေးသူဖြစ်ရင်… သင့် ချစ်သူ ဟာ စိတ်နေသဘောထားကြီးတယ်။ လက်တွေ့အကောင်ထည်ဖော် လုပ်ဆောင်ရမှ ကျေနပ်သူတယောက်ဖြစ်တယ်။
သင့်အပေါ် နည်းနည်းလေး အနိုင်ယူရမှ ကျေနပ်နေသူတယောက်ဖြစ်တယ်။
5ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ ပျော်ပျော်နေတတ်ပြီး လူချစ်လူခင်များတတ်သူ တယောက်ဖြစ်တယ်။ သင့်ကို အမြဲအားပေး ကူညီချင်တဲ့ သူ တယောက်လည်းဖြစ်တယ်။
6ရက်နေ့ မွေးသူဖြစ်ရင်… သင့် ချစ်သူ ဟာ ဇွဲရှိတယ်။ တီထွင်ဖန်တီးမှုကို စိတ်ဝင်တစား လုပ်တတ်တယ်။
အေးဆေးနေတတ်သူ တယောက်ဖြစ်တယ်။ သင့်အပြုံးကို အမြဲခုံမင်နေသူ တယောက်လည်းဖြစ်တယ်။
7ရက်နေ့ မွေးသူဖြစ်ရင်… သင့် ချစ်သူ ဟာ လူ့ဂွစာ၊ ဘာပြောပြော တလွဲတွေးနေတတ်သူတယောက် မဟုတ်မခံ ပြန်ရန်ဖြစ်လိုက်ရမှ ကျေနပ်နေသူ တယောက်ဖြစ်တယ်။
သင့်ရဲ့အချစ်တွေနဲ့ဒေါသ အရေပျော်သွားတတ်သူ တယောက်ဖြစ်တယ်။
8ရက်နေ့ မွေးသူဖြစ်ရင်… သင့် ချစ်သူ ဟာ ဆုံးဖြတ်ချက်နှေးတယ်။ သို့သော် အရှုံးပေးရတာကို မုန်းတယ်။
လိုချင်တာရှိရင် မရမချင်း ဘယ်သူတားတား ရအောင်ယူတတ်တဲ့ သူတယောက်ဖြစ်တယ်။ သင့်အပေါ် အနွံတာခံပြီး ထာဝရချစ်သွားမယ့်သူ တယောက်ဖြစ်တယ်။
9ရက်နေ့သူ မွေးသူဖြစ်ရင်… သင့် ချစ်သူ ဟာ ဒေါသကြီးတယ် မဆင်မချင် ပြောဆိုတတ်တယ်။
အလုပ်ဘယ်လောက် ပင်ပန်းနေပါစေ ကြိုးစားပြီးလုပ်တယ်။ သင့်အတွက်ဆို ဘာမဆို ရင်ဆိုင်မဲ့ သူရဲကောင်းတယောက်ပါ…။
10ရက်နေ့ မွေးသူဖြစ်ရင်… သင့် ချစ်သူ ဟာ လိမ္မာပါးနပ်သူဖြစ်တယ်။ အေးတိအေးစက် မထုံတထေးဟန်နဲ့ ပြောမနာ ဆိုမနာနေတတ်သူ တယောက်ဖြစ်တယ်။
သင့်တွက်ဆို နားလည်မှု ကြီးကြီးနဲ့ ချစ်ပေးမယ့်သူ တယောက်ဖြစ်တယ်။
11ရက်နေ့ မွေးသူဖြစ်ရင်… သင့် ချစ်သူ ဟာ ကိုယ်ပိုင်အရည်အချင်း စွန်းကောင်းတယ်။
စိတ်မရှည်တတ်ဘူးတခါတလေ လေထဲမှာ တိုက်အိမ်ဆောက်နေသူတယောက် သင့်အတွက်ဆို ဘာပဲလုပ်ပေးရ လုပ်ပေးရ လုပ်ပေးချင်သူ တယောက်ဖြစ်တယ်။
12ရက်နေ့ မွေးသူဖြစ်ရင်… သင့် ချစ်သူ ဟာ ခံစားချက် ပြင်းထန်းတယ်။ တခုခုဆို တွေဝေနေတတ်တယ်။
အမြဲအနားမှာ ဂရုစိုက်ပေးမယ့်သူကို တောင့်တနေတတ်တယ် သင့်အတွက်ဆို အမြဲခွင့်လွှတ် နားလည်ပေးမယ့်သူ တယောက်ဖြစ်တယ်။
13ရက်နေ့ မွေးသူဖြစ်ရင်… သင့် ချစ်သူဟာ ကျန်းမာရေးမကြာခဏ ချူချာသူတယောက် သူတစ်ပါးကို သနားတတ်ပြီး အမြဲကူညီလိုစိတ်ရှိပါတယ်
ဝေဖန်မှုကိုတော့ လုံးဝ မကြိုက်မနှစ်သက်သူတယောက် သင့်အတွက်ဆို အမြဲအားပေးကူညီဖော် တယောက်ဖြစ်တယ်။
14ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ မာနကြီးတယ် ဘယ်တော့မှစပြီး မတောင်းပန်တတ်သူတယောက်
တခါတခါ ပြုံးလိုက်ရင်လည်း အရမ်းကြည့်ကောင်းသူတယောက်ဖြစ်တယ်။ သင့်အတွက်ဆို ဘာပဲဖြစ်ဖြစ် ရဲရဲဝံ့ဝံ့ ရင်ဆိုင်မယ့်သူတယောက်ဖြစ်တယ်။
15ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ စကားအရမ်းများသူ ပွစိပွစိပြောရမှာကျေနပ်နေသူ အကောင်းထက် အဆိုးဘက်ကို ပိုတွေးတတ်ပြီး
အမြဲလိုလို စိတ်ဓာတ်ကျနေသူ ဖြစ်တယ် သင့်အတွက်ဆို သဘောထားကြီးပီး နားလည် ပေးနိုင်မယ့် ဘဝလက်တွဲဖော် တယောက်ဖြစ်တယ်။
16ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ ကလေးဆန်သူ စေ့စပ်သေချာတတ်ပြီး တဖက်သားကို အားနာတတ်တဲ့ စိတ်ရှိပါတယ်
သင့်အတွက်ဆို အမြဲပျော်ရွှင်အောင် လုပ်ပေးမယ့် ပျော်တော်ဆက်တယောက်ဖြစ်တယ်။
17ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ စိတ်လှုပ်ရှားလွယ်တယ် ဟိုစပ်စပ်ဒီစပ်စပ် နေတတ်တယ်
အားကိုးချင်လောက်အောင် စကားကြွယ်သူ ဖြစ်တယ် သင့်အတွက် ရှေ့က မားမားမတ်မတ် ရပ်တည်ပေးမယ့် လူစွမ်းကောင်းတယောက်လည်း ဖြစ်ပါတယ်။
18ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ စိတ်ဓာတ်ခိုင်မာသူ ဆုံးဖြတ်ပြီးရင် မပြင်တတ်သူ သတ္တိရှိပြီး အများအကျိုးသယ်ပိုးတတ်သူဖြစ်တယ်။
သင့်အကြောင်း တွေးလိုက်တိုင်း ရင်ခုန်နေတတ်သူ တယောက်လည်းဖြစ်တယ်။
19ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ အချစ်ကြီးတယ်။ သဝန်တိုစိတ် ပြင်းတယ်။
မိဘအပေါ်သိတတ်ပြီး အလုပ်ကြိုးစားနေတဲ့သူ သင့်အတွက်ဆို အေးတူပူအမျှ ခံစားနားလည်ပေးနိုင်မယ့်သူ တယောက်ပါပဲ…
20ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ ယုံကြည်မှု အားနည်းသူ စိုးရိမ်စိတ်ကြီးပြီး ခဏခဏ သွေးတိုးနေတတ်သူ ဖြစ်တယ်။
သင့်အတွက်ဆို အားနည်းချက်ရှိရင်တောင် နားလည်မှုတွေနဲ့ ဖြည့်စီးပေးမယ်သူတယောက် ဖြစ်တယ်။
21ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ စကားနည်းသူ စဉ်းစားချင့်ချိန်ပြီးမှ
အလုပ်ကို လုပ်တတ်တယ်။ သင့်အတွက်ဆို ယုယကြင်နာမှုပေးမယ့် ချစ်သူတယောက်ဖြစ်တယ်။
22ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ ဇီဇာကြောင်တတ်သူ အရစ်သန်ပြီး မယုံသလို ဆက်ဆံတတ်တယ်
သင့်အတွက်ဆို မိဘအသိုင်းဝိုင်းရှေ့မှာတောင် လက်တွဲဖို့ဝန်မလေးတတ်သူ တယောက်ဖြစ်တယ်။
23ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ အလိုလိုက်တာကို ကြိုက်နှစ်သက်တယ်။
ဂျစ်ကန်ကန် လုပ်တတ်ပေမယ့် ချော့လိုက်ရင် ပျော့သွားတတ်တယ် သင့်အတွက်ဆို နွေးထွေးတဲ့ ရင်ခွင်တခုကို အမြဲပေးနေမယ့်သူ တယောက်ဖြစ်တယ်။
24ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ မျက်ရည်လွယ်သူ ခံစားချက်ကို ဦးစားပေးတယ်
နူးညံ့သိမ်မွေ့တာကို ကြိုက်တယ် အလုပ်မရွေးဘူး ဘာဖြစ်ဖြစ် ကြိုးစားလုပ်တယ် သင့်အတွက်ဆို ပေးဆပ်အချစ်နဲ့ ချစ်နေမယ့်သူ တယောက်ဖြစ်တယ်။
25ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ အနေတည်တယ် ပြသနာခေါင်းအေးအေးထား စဉ်းစားတတ်တယ်
ဖြစ်သလို နေတတ်တယ် သင့်အတွက်ဆို အနေဝေးနေလည်း သွေးအေးသွားမယ့်လူထဲမှာ မပါသူတယောက် ဖြစ်တယ်။
26ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ သန့်သန့်ပြန့်ပြန့် နေတတ်တယ် ရိုးရှင်းတာကို ပိုနှစ်သက်တယ်
စကားကြွယ်ပြီး နားလည်မှုရှိတဲ့သူ တယောက်ဖြစ်တယ် သင့်အတွက်ဆို Romanticဆန်တဲ့ love storyတွေ ဖန်တီးပေးမယ့် သူတယောက် ဖြစ်တယ်။
27ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ သံယောဇဉ်ကြီးသူတယောက် အနေတည်တည်နေတတ်ပြီး
တခါတခါ ဟာသလေးတွေ လုပ်ပြတတ်တယ် သင့်အတွက်ဆို အရာရာထက် ပိုဦးစားပေးနေသူ တယောက်ဖြစ်တယ်။
28ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ အစာနဲ့အအိပ်မက်သူ အေးချမ်းတဲ့ဘဝကို အမြဲလိုလားတောင့်တနေသူ ဖြစ်တယ်
သင့်အတွက်ဆို ရင်ခွင်ကို နန်းတော်ထင်နေတတ်သူ တယောက်ဖြစ်တယ်။
29ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ စကားကို မပွင့်မလင်း ပြောတတ်တယ်။ လျှို့ဝှက်တတ်တယ်။
လုပ်ဆောင်မှုတိုင်းကို အောင်မြင်အောင် လုပ်တတ်တယ် သင့်အတွက်ဆို စိတ်သဘောထားကြီးပြီး နားလည်မှုပေးနိုင်မယ့်သူတယောက် ဖြစ်တယ်။
30ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ ငပျင်းတယောက်ဖြစ်တယ်။
ဘုကန့်လန့် လုပ်တတ်ပြီး အမြဲစိတ်ကောက် နေတတ်တယ်။ သင့်အတွက်ဆို မရှိမဖြစ်လိုအပ်နေမယ့် လူဆိုး/ လူဆိုးမလေးတယောက်ပါပဲ။
31ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ ကိုယ့်အပျော် ကိုယ်ဖန်တီးယူတတ်တယ်။
အမှားမခံသလို ခပ်ချေချေနေတတ်သူ တယောက်ဖြစ်တယ်။ သင့်အတွက်ဆို သူက Joker ရုပ်တရုပ်လိုပါပဲ…။
Credit : Lwinpyin