Life Style

အမြဲ မပြင်မဆင်နေတတ်တဲ့ ကောင်မလေးတွေမှာပဲ ရှိတတ်ကြတဲ့ ဆွဲဆောင်မှုများ

မိန်းကလေးဆိုတာကို အလှအပနဲ့ တွဲမြင်တတ်ကြပြီး မိန်းကလေးဆိုတာ အလှမက်တဲ့ အမျိုးလို့ ပြောတတ်ကြပါတယ်

ဒါပေမယ့် တစ်ချို့မိန်းကလေးတွေကတော့ အလှပြင်ရတာကို မကြိုက်တတ်ကြပါဘူး

သူတို့တွေက မိတ်ကပ်တွေ မကြိုက်ဘူး၊ အရမ်းကြီး ပြင်ဆင်ထားရတာတွေကို မကြိုက်ဘူး

ဒီလို မပြင်မဆင်နေတတ်တဲ့ မိန်းကလေးတွေက ပိုဆွဲဆောင်မှုရှိတဲ့ သူတွေအဖြစ် သတ်မှတ်ခံရတဲ့ နောက်ကွယ်မှာ ဒီလိုအချက်တွေ ရှိလို့နေပါတယ်

ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိတဲ့ ပုံပေါ်တယ် မပြင်မဆင်ပဲ နေတတ်တဲ့ မိန်းကလေးတွေဟာ

တစ်ခြားသူတွေနဲ့ယှဉ်လိုက်ရင် သူတို့ကိုယ်သူတို့ ယုံကြည်မှု ပိုမြင့်မားနေတယ်လို့ မြင်ရတတ်ပါတယ်

ဘာကြောင့်လဲ ဆိုတော့ သူတို့က သူတို့ရဲ့ ပုံစံအမှန်ကို ထုတ်ပြရမှာ မကြောက်တတ်ဘူး၊ ဘာမှမလိမ်းထားပဲလည်း အပြင်တွေဘာတွေ သွားတတ်တယ်

ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ပုံစံတွေပါပဲ ပင်ကိုယ်အလှကို မြင်ရတယ်

ဒီလို မိန်းကလေးတွေဆီမှာ သူတို့ရဲ့ ကိုယ်ပိုင် အလှနဲ့ စစ်မှန်တဲ့ လှပမှုကို တွေ့နိုင်တဲ့အတွက်ကြောင့်ပါ ဒါကြောင့်ပဲ ယောကျာ်းလေးတွေ

က မိန်းကလေးတွေ မိတ်ကပ်မလိမ်းထားတဲ့ အချိန်ဆို ပိုနှစ်သက်တတ်ကြပါတယ် မိတ်ကပ်ဆိုတာကတော့ အပြစ်အနာအဆာတွေကို

ဖုံးကွယ်ဖို့နဲ့ ကိုယ့်ရဲ့ နဂိုအလှကို ဖုံးကွယ်လိုက်တဲ့ မျက်နှာဖုံးတစ်ခုလိုပါပဲ

ရိုးရှင်းတယ်

ဘယ်လောက်ပဲ ခေတ်မှီဆန်းပြားမှုတွေနဲ့ အလှအပတွေ ပေါများတဲ့ ခေတ်ရောက်နေပါစေ ရိုးရှင်းမှုလေးကတော့ အဖိုးမဖြတ်နိုင်တဲ့ လူ

တိုင်းတန်ဖိုးထားနေရဆဲ အရာတစ်ခုပါ

ဒီလိုပဲ သိပ်မပြင်ဆင်တတ်တဲ့ ရိုးရှင်းတဲ့ မိန်းကလေးတွေက ပိုဆွဲဆောင်မှုရှိတာ မဆန်းပါဘူး သူတို့ရဲ့ မျက်နှာမှာ ကာလာတွေ မခြယ်သ

ထားပေမယ့် တောက်ပတဲ့ အပြုံးတွေ ရှိတယ်၊ ဆွဲဆောင်မှုပြင်းတဲ့ မျက်လုံးတွေ ရှိတယ် ဒါဟာ ရိုးရှင်းမှုရဲ့ အနှစ်သာရတစ်ခုပါ

ပွင့်လင်းတယ်

အရမ်းကြီး ပြင်ပြင်ဆင်ဆင် နေရတာ မကြိုက်တတ်တဲ့ မိန်းကလေးအများစုက ပွင့်လင်းတဲ့ သူတွေဖြစ်ကြပါတယ်

ဟန်မဆောင်တတ်ဘူး မဖုံးကွယ်တတ်ဘူး

စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။ ဒါကပဲ သူတို့ကို ဆွဲဆောင်မှု ပိုစေတဲ့ အရာတွေပါ

တကယ်တော့ ရုပ်အလှကို ဦးစားပေးတာထက် စိတ်အလှကို ဦးစားပေးတာက စစ်မှန်တဲ့လှပခြင်းဆိုတာကို လက်ခံထားတတ်ကြတဲ့ သူတွေပေါ့

Credit