ၾကားသိရသမွ်

လော့ဒေါင်းကာလတွင် တိုက်အပြင်ထွက်ပြီး အတင်းပြောခဲ့သည့် အမျိုးသမီးလေးဦး အရေးယူခံခဲ့ရ

အင်ဒိုနီးရှားနိုင်ငံမှ အမျိုးသမီး၏ အဖြစ်အပျက်ကတော့ သူတို့အတွက် ဝမ်းနည်းစရာကောင်းသလို အခြားသူများအတွက်လည်း ရယ်စရာကောင်းနေခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာတစ်ခုလုံးခံစားရသည့် ကပ်ရောဂါကိုလည်း အတူခံစားနေရသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

ထို့ကြောင့် မည်သူမျှ အပြင်မထွက်ရဟု အမိန့်ထုတ်ခဲ့သောကြောင့် အပြင်ထွက်ခွင့်မရခဲ့ပါဘူး။ထိုကဲ့သို့သော အချိန်ကါလတွင် တိုက်အမြင့်ပေါ်မှ အကာအကွယ်မရှိသော နေရာ၌ အမျိုးသမီးလေးဦးတို့ဟာ အပြင်ထွက်ပြီး စုပေါင်းကာ စကားပြောခဲ့ကြပါတယ်။

ထို့ကြောင့် အမြင့်နေရာတွင် လူအများကို ထိတ်လန့်ကြောက်ရွံစေမှုဖြင့် အရေးယူးကာ အဖမ်းခံခဲ့ရပါတယ်။ထို့အပြင် ကိုယ်ရေးကိုယ်တာ အလွဲစားသုံးမှုဖြင့်လည်း အမှုဖွင့် ခံရဖို့ရှိနေပြီး လောလောဆယ်တွင် အချုပ်ထဲတွင် နေထိုင်နေရတယ်လို့လည်း သိရပါတယ်။

Shoon (Cele Daily)