ပြည်သူလူထုကတော့ ဖေဖော်ဝါရီလကတည်းက ဒီအခြေအနေကို ရင်ဆိုင်လာခဲ့တာ
(၅)လကျော် ကြာသွားပေမယ့်အားတင်းထားကြဆဲပဲဖြစ်ပါတယ်။
ဒီ(၅)လကျော်အတွင်းမှာ ပြည်သူတွေဘက်ကလည်း ပေးဆပ်လိုက်ရတဲ့ပမာဏက ကြီးမားလွန်းလှပါတယ်။
အစိုးရဌာနတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေဆိုရင်လည်း မိမိတို့ မိသားစုစားဝတ်နေရေးကို
ဘေးချိတ်ပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပေးခဲ့တာကြောင့် CDM ဝင်လိုက်ကြတာဖြစ်ပါတယ်။
အလုပ်ရပ်နားထားတဲ့ ဝန်ထမ်းတွေကိုလည်း ပြည်သူတွေက လက်လှမ်းမှီသလောက် စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။
တချို့ CDM ဝန်ထမ်းတွေဆိုရင် ကိုယ့်အားကိုယ်ကိုးပြီး သမာအာဇီဝကျတဲ့စီးပွါးရေးကို လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
စိတ်ဓာတ်ခိုင်မာပြီး ကိုယ်တတ်နိုင်သလောက်ဝန်ကို ထမ်းရွက်နေကြတဲ့ ဝန်ထမ်းတချို့ရဲ့လုပ်ရပ်ကလေးစားဖို့ကောင်းပါတယ်
။အခုဆိုရင်လည်း မန္တလေး၊ရတနာပုံတက္ကသိုလ်မှာ စာသင်ကြားပေးတဲ့ ဆရာတစ်ဦးက အလုပ်မှရပ်နားထားတာဖြစ်ပါတယ်။
ါ့ကြောင့် သူ့ရဲ့မိသားစုစားဝတ်နေရေးအတွက် ဆိုင်ကယ်ပေါ်မှာ နွားနို့ပုံးလေးကိုတင်ပြီး လှည့်လည်ရောင်းချနေတာဖြစ်ပါတယ်။
အခုလိုမျိုး ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေးလုပ်ကိုင်နေတဲ့ ဆရာ့ကို
ပြည်သူတွေကလည်းရောင်းကောင်းပါစေလို့ ဆုတောင်းပေးကြတာဖြစ်ပါတယ်။
ကိုယ်မှန်တယ်ထင်တဲ့ လမ်းကိုလျှောက်လှမ်းပြီးအခက်အခဲမှန်သမျှကို ကြံ့ကြံ့ခံရင်ဆိုင်နေတဲ့
တက္ကသိုလ်ဆရာတစ်ဦးရဲ့စိတ်ဓာတ်က အရမ်းလေးစားဖို့ကောင်းလို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source Photo Credit:Original Uploder
zawgyi
ျပည္သူလူထုကေတာ့ ေဖေဖာ္ဝါရီလကတည္းက ဒီအေျခအေနကို ရင္ဆိုင္လာခဲ့တာ
(၅)လေက်ာ္ ၾကာသြားေပမယ့္အားတင္းထားၾကဆဲပဲျဖစ္ပါတယ္။
ဒီ(၅)လေက်ာ္အတြင္းမွာ ျပည္သူေတြဘက္ကလည္း ေပးဆပ္လိုက္ရတဲ့ပမာဏက ႀကီးမားလြန္းလွပါတယ္။
အစိုးရဌာနေတြမွာ အလုပ္လုပ္ကိုင္ေနၾကတဲ့ ဝန္ထမ္းေတြဆိုရင္လည္း မိမိတို႔ မိသားစုစားဝတ္ေနေရးကို
ေဘးခ်ိတ္ၿပီး ျပည္သူေတြနဲ႔အတူ တစ္သားတည္းရပ္တည္ေပးခဲ့တာေၾကာင့္ CDM ဝင္လိုက္ၾကတာျဖစ္ပါတယ္။
အလုပ္ရပ္နားထားတဲ့ ဝန္ထမ္းေတြကိုလည္း ျပည္သူေတြက လက္လွမ္းမွီသေလာက္ ေစာင့္ေရွာက္ေပးေနၾကတာျဖစ္ပါတယ္။
တခ်ိဳ႕ CDM ဝန္ထမ္းေတြဆိုရင္ ကိုယ့္အားကိုယ္ကိုးၿပီး သမာအာဇီဝက်တဲ့စီးပြါးေရးကို လုပ္ကိုင္ေနၾကတာျဖစ္ပါတယ္။
စိတ္ဓာတ္ခိုင္မာၿပီး ကိုယ္တတ္ႏိုင္သေလာက္ဝန္ကို ထမ္း႐ြက္ေနၾကတဲ့ ဝန္ထမ္းတခ်ိဳ႕ရဲ႕လုပ္ရပ္ကေလးစားဖို႔ေကာင္းပါတယ္
။အခုဆိုရင္လည္း မႏၲေလး၊ရတနာပုံတကၠသိုလ္မွာ စာသင္ၾကားေပးတဲ့ ဆရာတစ္ဦးက အလုပ္မွရပ္နားထားတာျဖစ္ပါတယ္။
ါ့ေၾကာင့္ သူ႔ရဲ႕မိသားစုစားဝတ္ေနေရးအတြက္ ဆိုင္ကယ္ေပၚမွာ ႏြားႏို႔ပုံးေလးကိုတင္ၿပီး လွည့္လည္ေရာင္းခ်ေနတာျဖစ္ပါတယ္။
အခုလိုမ်ိဳး ကိုယ့္အားကိုယ္ကိုးၿပီး စီးပြါးေရးလုပ္ကိုင္ေနတဲ့ ဆရာ့ကို
ျပည္သူေတြကလည္းေရာင္းေကာင္းပါေစလို႔ ဆုေတာင္းေပးၾကတာျဖစ္ပါတယ္။
ကိုယ္မွန္တယ္ထင္တဲ့ လမ္းကိုေလွ်ာက္လွမ္းၿပီးအခက္အခဲမွန္သမွ်ကို ႀကံ့ႀကံ့ခံရင္ဆိုင္ေနတဲ့
တကၠသိုလ္ဆရာတစ္ဦးရဲ႕စိတ္ဓာတ္က အရမ္းေလးစားဖို႔ေကာင္းလို႔ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
Source Photo Credit:Original Uploder