ၾကားသိရသမွ်

ဘယ်သူ့မှ မကြောက်လို့ အုပ်ချုပ်ရေးမှူးလုပ်မယ်လို့ အသဲချဲ့စက်နဲ့ကြေညာခဲ့သူ အုပ်ချုပ်​ရေးမှူးအသစ် ပစ်သတ်ခံရ

ရေစကြိုမှာ ဘယ်သူ့မှ မကြောက်လို့ အုပ်ချုပ်ရေးမှူးလုပ်မယ်လို့ အသဲချဲ့စက်နဲ့ကြေညာခဲ့သူ အုပ်ချုပ်​ရေးမှူးအသစ် ပစ်သတ်ခံရ

ရန်ကုန်| အောက်တိုဘာ ၁

မ​ကွေးတိုင်း၊ ​ရေစကြိုမြို့နယ်မှာ ဘယ်သူ့မှ မကြောက်လို့ ကိုယ်တိုင် အုပ်ချုပ်ရေးမှူးလုပ်မယ်လို့ အသံချဲ့စက်နဲ့ အရပ်ထဲလိုက်ပြီးကြေညာခဲ့သူတစ်ယောက် ဒီနေ့ ပစ်သတ်ခံလိုက်ရပါတယ်။

ရေစကြိုမြို့နယ် သာစည်အုပ်စုမှ ရဲသတင်းပေး၊အုပ်ချုပ်ရေးမှူးအသစ် ဆန်းလင်းကို ရှင်းပစ်ခဲ့တယ်လို့ ရေစကြို PDF က ဒီနေ့ညပိုင်းမှာ သတင်းထုတ်ပြန်အသိပေးတာပါ။

” ယခင် အုပ်ကြီး ဉာဏ်ဆန်း နုတ်ထွက်သွားချိန်မှာ ရဲသတင်းပေး ဆန်းလင်းက အုပ်ကြီးတာဝန်ကို သူလုပ်မယ်၊ ဘယ်သူ့မှ မကြောက်ဘူးလို့ရွာထဲမှာ အသံချဲ့စက်နဲ့ သူကိုယ့်သူ အုပ်ကြီးအဖြစ်ကြေညာခဲ့တယ်” လို့ ရေစကြို PDF က ပြောပါတယ်။

ရေစကြို PDF အနေနဲ့ မြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူးတွေအားလုံး စက်တင်ဘာလကုန် နောက်ဆုံးထား နုတ်ထွက်ကြဖို့ သတိပေးထားပြီး မလိုက်နာရင် ထပ်ပြီး သတိမပေးတော့ဘဲ ရှင်းလင်းမယ်လို့ အသိပေးဖော်ပြပါတယ်။

ပုံ – ဆန်းလင်းကို ​သေဆုံး​နေပုံ။

unicode

ရစေကွိုမှာ ဘယျသူ့မှ မကွောကျလို့ အုပျခြုပျရေးမှူးလုပျမယျလို့ အသဲခြဲ့စကျနဲ့ကွညောခဲ့သူ အုပျခြုပျ​ရေးမှူးအသစျ ပစျသတျခံရ





