သင့်ချစ်သူဟာနောက်တစ်ယောက်နဲ့ ဇာတ်လမ်းစနေပြီဆိုတာ သိသာနေတဲ့သက်သေ(၄)ချက်

မိန်းကလေးတွေမှာ ချစ်သူနဲ့ပတ်သက်လာရင် အလိုလိုသိနေတဲ့စိတ်တစ်မျိုးရှိပါတယ်။
အထူးသဖြင့် သူအသစ်တစ်ယောက်တွေ့နေပြီလို့ထင်တဲ့အခါ တကယ်ဖြစ်နေတတ်တာမျိုးပါ။
ဒီလိုပြောလို့ ကိုယ့်စိတ်ကထင်တာနဲ့ သူအသစ်တွေ့နေပြီလို့ သွားမစွပ်စွဲပါနဲ့ဦး။
ကိုယ့်စိတ်ကအဲ့လိုထင်နေတဲ့အခါ ဒီအချက်လေးတွေပါဖြစ်နေလားဆိုတာ အရင်စောင့်ကြည့်လိုက်ပါဦး။
တကယ်လို့ ဒီအချက်တွေနဲ့ပါတိုက်ဆိုင်နေပြီဆိုရင်တော့ သေချာပေါက်သူ့မှာနောက်တစ်ယောက်ရှိနေပါပြီ။
(၁) မျက်လုံးချင်းမဆုံအောင်ရှောင်တတ်တယ်
သူသာ မဟုတ်တာတစ်ခုခုလုပ်ထားတယ်ဆိုရင် သင်နဲ့စကားပြောတိုင်း မျက်လုံးချင်းမဆုံအောင် ရှောင်နေပါလိမ့်မယ်။
အထူးသဖြင့် သင်တို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ပတ်သက်လို့ပြောတဲ့အခါ၊
ဖောက်ပြန်တဲ့လူတွေအကြောင်းပြောတဲ့အခါမျိုးမှာ မျက်လုံးချင်းမဆုံအောင် ရှောင်နေတတ်ပါတယ်။
(၂) အမူအကျင့်တချို့သိသိသာသာပြောင်းလာတယ်
သူ့ဘက်က တတ်နိုင်သလောက်ဟန်မပျက်အောင်နေနေပေမယ့် သူ့ရဲ့အမူအကျင့်တချို့က
သိသိသာသာပြောင်းလာတာကို သေချာကြည့်ရင်သိနိုင်ပါတယ်။ မနက်စောစောမထတတ်တဲ့သူ၊
လေ့ကျင့်ခန်းမလုပ်တတ်တဲ့သူက မနက်စောစောထလေ့ကျင့်ခန်းပုံမှန်လုပ်နေတာမျိုး၊ ပိတ်ရက်တိုင်းအပြင်ထွက်နေတာမျိုး၊
အသင်းအဖွဲ့တစ်မှာဝင်ထားပြီး မပျက်မကွက်သွားနေတာမျိုး၊ ဒီလိုမျိုးတွေက lifestyle ပြောင်းချင်လို့ဆိုပြီးတွေးလို့ရပေမယ့်
အဲ့ဒါတွေအတွက် တစ်ရက်မှအပျက်မခံဘဲ အသည်းအသန်ကြိုးစားပမ်းစားတွေလုပ်နေတယ်ဆိုရင်တော့ စဉ်းစားစရာဖြစ်လာပါပြီ။
(၃) အတူတူအပြင်သွားဖို့၊စကားပြောဖို့ရှောင်တတ်တယ်
သူတို့မှာနောက်တစ်ယောက်ရှိနေတဲ့အခါ သင်နဲ့တွေ့ဖို့ရှောင်နေပါလိမ့်မယ်။ အတူတူအပြင်သွားဖို့ကိုအကြောင်းအမျိုးမျိုးပြပြီး
ရှောင်ထွက်နေတာမျိုး၊ အနာဂတ်အကြောင်းဆွေးနွေးတဲ့အခါ စကားလမ်းကြောင်းလွဲသွားတာမျိုးတွေလုပ်လာပါလိမ့်မယ်။
(၄) ကိုယ့်အပေါ်စိတ်တိုလွယ်မယ်၊ ပြဿနာရှာမယ်
သူ့ဘက်ကမှားလို့ ကိုယ်ကပြောလိုက်ရင်တောင် သူကပြန်စိတ်တိုသွားတာမျိုး၊
ကိုယ်တောင်ဘာမှမပြောရသေးဘဲနဲ့ သူကအလိုလိုစိတ်တိုနေတာမျိုး၊ ကိုယ့်ကိုအပြစ်ရှာနေတာမျိုးတွေလုပ်လာမယ်။
တခြားလူတွေနဲ့ဆိုပုံမှန်ပဲဆိုပေမယ့် ကိုယ့်တစ်ယောက်တည်းကိုမှကွက်ပြီး စိတ်တိုလွယ်နေတာမျိုး၊အပြစ်မြင်နေတာမျိုးပေါ့။
ဒါဟာသူ့စိတ်ထဲမှာ သင့်အတွက်မစဉ်းစားပေးတော့လို့ဖြစ်ပါတယ်
Zawgyi Version

ဒါဟာသူ့စိတ်ထဲမှာ သင့်အတွက်မစဉ်းစားပေးတော့လို့ဖြစ်ပါတယ်။