ၾကားသိရသမွ်

တိုကျိုအိုလံပစ်မှာ မြန်မာကိုယ်စားပြု ဝင်ပြိုင်မယ့် သက်ထားသူဇာ ဝေဖန်ခံနေရ

တိုကျိုအိုလံပစ်မှာ မြန်မာကိုယ်စားပြု ဝင်ပြိုင်မယ့် သက်ထားသူဇာ ဝေဖန်ခံနေရ

တိုကျိုအိုလံပစ်ဝင်ရောက်ယှဉ်ပြိုင်မဲ့ ကြက်တောင်အားကစားမယ် သက်ထားသူဇာ ဝေဖန်ခံနေရ

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၆ ရက်။

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ၂၀၂ဝတိုကျိုအိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားတဲ့အတွက် “နှစ်တွေချီပြီးမျှော်လင့်နေတဲ့ အိမ်မက်တကယ်ဖြစ်လာပါပြီ”ဟု သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ပရိတ်သတ်ကို ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ကြက်တောင်အားကစားအဖွဲ့ချုပ် Badminton World Federation (BWF) ရဲ့ကြေညာချက်အရ သက်ထားသူဇာဟာ တစ်ဦးချင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။

သက်ထားသူဇာဟာ မတရား အဖမ်းဆီးခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဝန်းရံသူ တစ်ဦးဖြစ်ပြီး နွေဦးတော်လှန်ရေး အစပိုင်းကတည်းက စစ်အာဏာရှင်ကို ဆန့်ကျင့်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

သူဟာ နိုင်ငံ့ကိုယ်စားပြု ကြက်တောင်အားကစားသမားတစ်ယောက်ဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ နိုင်ငံ့အရေးဖြစ်တဲ့ နိုင်ငံ့ငြိမ်းချမ်းရေးအတွက်၊ မတရားနိုင်ထက်စီးနင်းပြုမူမှု‌တွေ တွန်းလှန်ဖို့အတွက် တတ်နိုင်တဲ့ဘက်ကနေ အုတ်တစ်ချပ်သဲတစ်ပွင့်အနပါဝင်ရမှာကို တာဝန်တစ်ရပ်အနေနဲ့ ခံယူထားကြောင်း ပြောကြားခဲ့ဖူးပါတယ်။

ဒါပေမဲ့ ပြည်သူ့ဝန်ထမ်းတွေက အလုပ်ပြုတ်ခံ၊ ဖမ်းဆီးခံပြီး စစ်ကောင်စီအောက် မပူးပေါင်းပဲ အာဏာဖီဆန်တဲ့ CDM လုပ်နေတဲ့အချိန်မှာ သူက စစ်ကောင်စီလက်အောက်ကနေ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်မှာကို ဝေဖန်သူ အများအပြားရှိနေပါတယ်။

“သက်ထားရဲ့ အောင်မြင်မှုတွေဟာ မြန်မာပြည်သူပြည်သားအားလုံးရဲ့ အောင်မြင်မှုတွေပါပဲ” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာရေးသားချက်ကို သဘောမတူသူ အများအပြားက သူ့ပို့စ်အောက်မှာ မှတ်ချက်တွေရေးသားကြပါတယ်။

တိုကျိုအိုလံပစ်မှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ယှဉ်ပြိုင်မဲ့ သက်ထားသူဇာဟာ လက်ရွေးစင်ဘောလုံးသမား ပြည်လျှံအောင်လို နိုင်ငံတကာအလယ်မှာ မြန်မာပြည်အတွက် လက်သုံးချောင်းထောင်ပြီး ဆန္ဒထုတ်ဖော်ပြသ မလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

NM@Media9

Source – Thet Htar Thuzar

တိုက်ိဳအိုလံပစ္မွာ ျမန္မာကိုယ္စားျပဳ ဝင္ၿပိဳင္မယ့္ သက္ထားသူဇာ ေဝဖန္ခံေနရ

တိုက်ိဳအိုလံပစ္ဝင္ေရာက္ယွဥ္ၿပိဳင္မဲ့ ၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာ ေဝဖန္ခံေနရ

၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၆ ရက္။

ျမန္မာ့ၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာဟာ ၂၀၂၀တိုက်ိဳအိုလံပစ္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိသြားတဲ့အတြက္ “ႏွစ္ေတြခ်ီၿပီးေမၽွာ္လင့္ေနတဲ့ အိမ္မက္တကယ္ျဖစ္လာပါၿပီ”ဟု သူရဲ့ လူမႈကြန္ရက္ စာမ်က္ႏွာမွ တဆင့္ ပရိတ္သတ္ကို ေျပာၾကားလိုက္ပါတယ္။ ကမၻာ့ၾကက္ေတာင္အားကစားအဖြဲ႕ခ်ဳပ္ Badminton World Federation (BWF) ရဲ့ေၾကညာခ်က္အရ သက္ထားသူဇာဟာ တစ္ဦးခ်င္းၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ေၾကာင္း သိရပါတယ္။

သက္ထားသူဇာဟာ မတရား အဖမ္းဆီးခံေနရတဲ့ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံဝန္းရံသူ တစ္ဦးျဖစ္ၿပီး ေႏြဦးေတာ္လွန္ေရး အစပိုင္းကတည္းက စစ္အာဏာရွင္ကို ဆန႔္က်င့္တဲ့လႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့သူတစ္ဦးျဖစ္ပါတယ္။

သူဟာ နိုင္ငံ့ကိုယ္စားျပဳ ၾကက္ေတာင္အားကစားသမားတစ္ေယာက္ျဖစ္တဲ့အတြက္ တစ္နိုင္ငံလုံးနဲ႔ဆိုင္တဲ့ နိုင္ငံ့အေရးျဖစ္တဲ့ နိုင္ငံ့ၿငိမ္းခ်မ္းေရးအတြက္၊ မတရားနိုင္ထက္စီးနင္းျပဳမူမႈ‌ေတြ တြန္းလွန္ဖို႔အတြက္ တတ္နိုင္တဲ့ဘက္ကေန အုတ္တစ္ခ်ပ္သဲတစ္ပြင့္အနပါ၀င္ရမွာကို တာ၀န္တစ္ရပ္အေနနဲ႔ ခံယူထားေၾကာင္း ေျပာၾကားခဲ့ဖူးပါတယ္။

ဒါေပမဲ့ ျပည္သူ႔ဝန္ထမ္းေတြက အလုပ္ျပဳတ္ခံ၊ ဖမ္းဆီးခံၿပီး စစ္ေကာင္စီေအာက္ မပူးေပါင္းပဲ အာဏာဖီဆန္တဲ့ CDM လုပ္ေနတဲ့အခ်ိန္မွာ သူက စစ္ေကာင္စီလက္ေအာက္ကေန နိုင္ငံကိုယ္စားျပဳ ယွဥ္ၿပိဳင္မွာကို ေဝဖန္သူ အမ်ားအျပားရွိေနပါတယ္။

“သက္ထားရဲ့ ေအာင္ျမင္မႈေတြဟာ ျမန္မာျပည္သူျပည္သားအားလုံးရဲ့ ေအာင္ျမင္မႈေတြပါပဲ” လို႔ သူ႔ရဲ့လူမႈကြန္ရက္ စာမ်က္ႏွာမွာေရးသားခ်က္ကို သေဘာမတူသူ အမ်ားအျပားက သူ႔ပို႔စ္ေအာက္မွာ မွတ္ခ်က္ေတြေရးသားၾကပါတယ္။

တိုက်ိဳအိုလံပစ္မွာ ျမန္မာနိုင္ငံကိုယ္စားျပဳၿပီး ယွဥ္ၿပိဳင္မဲ့ သက္ထားသူဇာဟာ လက္ေရြးစင္ေဘာလုံးသမား ျပည္လၽွံေအာင္လို နိုင္ငံတကာအလယ္မွာ ျမန္မာျပည္အတြက္ လက္သုံးေခ်ာင္းေထာင္ၿပီး ဆႏၵထုတ္ေဖာ္ျပသ မလားဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

NM@Media9

Source – Thet Htar Thuzar