အနီရောင်အဆင်းရှိတဲ့ ရွှေငှက်ပျောသီးတွေရဲ့ အားသာချက်နဲ့ ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးများ
မြန်မာနိုင်ငံမှာတော့ ငှက်ပျောသီးကို အဝါ၊ အစိမ်း၊ အနီ စသဖြင့် မြင်ဖူးကြပေမယ့် ကမ္ဘာတစ်ဝှမ်းမှာတော့ ကိုယ်မသိမကျွမ်းဝင်တဲ့ ငှက်ပျောသီးမျိုးစိတ်တွေ များစွာရှိပါသေးတယ်။
အရှေ့တောင်အာရှရှိ လူအများစုကတော့ ငှက်ပျောသီးအဝါကိုသာ အဓိကစားသုံးလေ့ရှိကြပေမယ့် ရွှေငှက်ပျောသီးလို့ခေါ်ကြတဲ့ အနီရောင်အဆင်းရှိတဲ့ ငှက်ပျောသီးတွေကိုလည်း တစ်ခါတစ်လေတော့ စားသုံးတတ်ကြပါတယ်။
သိပ်ပြီးမစားဖြစ်ကြတဲ့ ရွှေငှက်ပျောသီးကို စားသုံးခြင်းကလည်း ဘယ်လိုမျိုး အကျိုးကျေးဇူးတွေကို ခံစားရရှိနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။
၁။ အာဟာရဓာတ်တွေ များစွာပါဝင်ခြင်း
အဝါရောင်ငှက်ပျောသီးများလိုပဲ ရွှေငှက်ပျောသီးမှာလည်း လိုအပ်တဲ့ အာဟာရဓာတ်တွေ ပေါင်းစပ်ပါဝင်နေပါတယ်။ ပိုတက်စီယမ်၊ ဗီတာမင်စီ၊ ဗီတာမင်ဘီစစ်နှင့် သင့်တင့်လျောက်ပတ်တဲ့ ဖိုက်ဘာဓာတ်တို့ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
၂။ သွေးပေါင်ချိန်ကိုကျစေခြင်း
လူ့ခန္ဓာကိုယ်တွင်းမှာ သွေးပေါင်ချိန်ပုံမှန်လည်ပတ်စေဖို့အတွက် လိုအပ်တဲ့ ပိုတက်စီယမ်ဓာတ်ကို ရွှေငှက်ပျောသီးများအား သုံးစွဲပေးခြင်းဖြင့် ရရှိနိုင်တာကြောင့် သွေးတိုးရှိသူများအနေနဲ့ ရွှေငှက်ပျောသီးတွေကို စားသုံးပေးနိုင်ပါတယ်။
၃။ မျက်လုံးကျန်းမာရေးကိုထောက်ပံ့နိုင်ခြင်း
မျက်လုံးကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေတဲ့ Lutein နှင့် Beta Carotene ဓာတ်တို့ကို ရွှေငှက်ပျောသီးမှာ ရှာတွေ့နိုင်ပါတယ်။ ဒါ့အပြင် အခြားအသီးအနှံတွေလိုပဲ Antioxidants များကြွယ်ဝတာကြောင့် မှန်မှန်စားသုံးပေးပါ။
Credit
အနီေရာင္အဆင္းရွိတဲ့ ေ႐ႊငွက္ေပ်ာသီးေတြရဲ႕ အားသာခ်က္နဲ႔ ေပးစြမ္းႏိုင္တဲ့ အက်ိဳးေက်းဇူးမ်ား
ျမန္မာႏိုင္ငံမွာေတာ့ ငွက္ေပ်ာသီးကို အဝါ၊ အစိမ္း၊ အနီ စသျဖင့္ ျမင္ဖူးၾကေပမယ့္ ကမာၻတစ္ဝွမ္းမွာေတာ့ ကိုယ္မသိမကြၽမ္းဝင္တဲ့ ငွက္ေပ်ာသီးမ်ိဳးစိတ္ေတြ မ်ားစြာရွိပါေသးတယ္။
အေရွ႕ေတာင္အာရွရွိ လူအမ်ားစုကေတာ့ ငွက္ေပ်ာသီးအဝါကိုသာ အဓိကစားသုံးေလ့ရွိၾကေပမယ့္ ေ႐ႊငွက္ေပ်ာသီးလို႔ေခၚၾကတဲ့ အနီေရာင္အဆင္းရွိတဲ့ ငွက္ေပ်ာသီးေတြကိုလည္း တစ္ခါတစ္ေလေတာ့ စားသုံးတတ္ၾကပါတယ္။
သိပ္ၿပီးမစားျဖစ္ၾကတဲ့ ေ႐ႊငွက္ေပ်ာသီးကို စားသုံးျခင္းကလည္း ဘယ္လိုမ်ိဳး အက်ိဳးေက်းဇူးေတြကို ခံစားရရွိႏိုင္မလဲဆိုတာ ၾကည့္လိုက္ရေအာင္ပါ။
၁။ အာဟာရဓာတ္ေတြ မ်ားစြာပါဝင္ျခင္း
အဝါေရာင္ငွက္ေပ်ာသီးမ်ားလိုပဲ ေ႐ႊငွက္ေပ်ာသီးမွာလည္း လိုအပ္တဲ့ အာဟာရဓာတ္ေတြ ေပါင္းစပ္ပါဝင္ေနပါတယ္။ ပိုတက္စီယမ္၊ ဗီတာမင္စီ၊ ဗီတာမင္ဘီစစ္ႏွင့္ သင့္တင့္ေလ်ာက္ပတ္တဲ့ ဖိုက္ဘာဓာတ္တို႔ကို ျဖည့္ဆည္းေပးႏိုင္ပါတယ္။
၂။ ေသြးေပါင္ခ်ိန္ကိုက်ေစျခင္း
လူ႔ခႏၶာကိုယ္တြင္းမွာ ေသြးေပါင္ခ်ိန္ပုံမွန္လည္ပတ္ေစဖို႔အတြက္ လိုအပ္တဲ့ ပိုတက္စီယမ္ဓာတ္ကို ေ႐ႊငွက္ေပ်ာသီးမ်ားအား သုံးစြဲေပးျခင္းျဖင့္ ရရွိႏိုင္တာေၾကာင့္ ေသြးတိုးရွိသူမ်ားအေနနဲ႔ ေ႐ႊငွက္ေပ်ာသီးေတြကို စားသုံးေပးႏိုင္ပါတယ္။
၃။ မ်က္လုံးက်န္းမာေရးကိုေထာက္ပံ့ႏိုင္ျခင္း
မ်က္လုံးက်န္းမာေရးအတြက္ အေထာက္အပံ့ျဖစ္ေစတဲ့ Lutein ႏွင့္ Beta Carotene ဓာတ္တို႔ကို ေ႐ႊငွက္ေပ်ာသီးမွာ ရွာေတြ႕ႏိုင္ပါတယ္။ ဒါ့အျပင္ အျခားအသီးအႏွံေတြလိုပဲ Antioxidants မ်ားႂကြယ္ဝတာေၾကာင့္ မွန္မွန္စားသုံးေပးပါ။
Credit