အချစ်ရေး


အခုတလော social media ပေါ်မှာ အတော်လေးပျံ့နှံ့နေတဲ့အကြောင်းကတော့ အသက် 41တောင် ကွာခြားတဲ့စုံတွဲရဲ့အကြောင်းပါပဲ ။ ဇနီးဖြစ်သူကတော့ Nguyen T.H အမည်ရှိပြီး 1955 ခုနှစ်တွင်မွေးဖွားကာ ဗီယက်နမ်နိုင်ငံသူဖြစ်ပါတယ် ။ ခင်ပွန်းဖြစ်သူကတော့ 1996 ခုနှစ်မှာမွေးဖွားပြီး Aziz U.R အမည်ရှိတဲ့ ပါကစ္စတန်နိုင်ငံသားဖြစ်ပါတယ် ။၎င်းတို့စုံတွဲဟာ အချင်းချင်း social media ပေါ်ကနေ စပြီးတွေ့ဆုံခဲ့ကြတာဖြစ်ပြီး ကောင်လေးကတော့

Facebook ကနေ T.H ရဲ့ဓာတ်ပုံကိုမြင်မြင်ချင်းမှာပဲ ချစ်မိသွားခဲ့ပြီး ၊ online ပေါ်မှာပထမဆုံးအကြိမ်တွေ့ဆုံစကားပြောခဲ့ချိန်မှာပဲ ကောင်လေးက ချစ်မိသွားပြီဖြစ်ကြောင်းဝန်ခံခဲ့ပါတော့တယ် ။ သို့ပေမဲ့ အသက်အရွယ်အလွန်ကွာခြားလွန်းတဲ့အတွက် T.H က ဘယ်လိုလုပ်ရမှန်းမသိဘဲ ကောင်လေးကိုငြင်းပစ်ခဲ့ပါတော့တယ် ။

သို့ပေမဲ့လည်း အကြိမ်ပေါင်းများစွာစကားပြောဆိုပြီးချိန်မှာတော့ T.H ဟာ သူမရဲ့နှလုံးသားစေညွန်ရာအတိုင်း ကောင်လေးကိုလက်ခံခဲ့ပြီးနောက် သူမတို့ရဲ့ relationship ဟာ တစ်စတစ်စတိုးတက်လာပါတော့တယ် ။

ချစ်သူရည်စားဖြစ်ပြီး 2နှစ်အကြာမှာပဲ ၎င်းတို့ဟာတကယ့်ကိုတရားဝင် ဇနီးမောင်နှံဖြစ်လာခဲ့ပါတော့တယ် ။ ၎င်းတို့စုံတွဲကို နှစ်ဖက်မိသားစုဝင်တွေက အားပေးလက်ခံခဲ့ကြပါသေးတယ် ။ အသက်အရွယ်ကွာခြားလွန်းပြီး ၊ ဘာသာစကား နှင့် ယဉ်ကျေးမှုတွေကွာခြားနေတာတောင်မှ သူမတို့စုံတွဲအတွက် အခက်အခဲအတားအဆီးတွေမဖြစ်ဘဲ ကျော်လွှားနိုင်တာကို အချစ်စစ်ကသက်သေပြလိုက်တာပါပဲလေ ။

Jasmine (Mckzone Daily)

Unicode

65နှစ်အရွယ်အမျိုးသမီးကို မြင်မြင်ချင်းချစ်မိသွားလို့ ရအောင်ယူပြခဲ့တဲ့ 24နှစ်အရွယ်ကောင်လေး