လူတစ်ယောက်ကို ပုံပန်းသဏ္ဍာန်နဲ့ အကဲဖြတ်ပြီး ချစ်ကြိုက်လို့မရသလို သူ့ရဲ့ ချမ်းသာမှုကို ကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး ။ ချောမောတဲ့ ချစ်သူ သို့မဟုတ် ခင်ပွန်းရှိလျှင် မိန်းကလေးများက အလွန်မနာလိုဖြစ်ပြီး ဇနီးကဘဲ စိတ်မချရမာဖြစ်ပါတယ် ။
အိမ်ထောင်ရေးနဲ့ မိသားစုအကြောင်းပတ်သက်ပြီးတော့ သုတေသနတွေအများကြီး တွေ့ခဲ့ရပါတယ် ။ဒါပေမဲ့ထိုအကြောင်းအရာနဲ့ဆက်စပ်တဲ့ အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ လေ့လာမှုတစ်ခုရှိကလူများစွာကို အံ့အားသင့်စေမှာ ဖြစ်ပါတယ် ။
သိပ္ပံပညာရှင်များက စုံတွဲ ၁၁၃တွဲကို သုတေသနပြုကာ စစ်တမ်းကောက်ယူခဲ့ပြီး ရလဒ်တွေအရ၊ ဆင်းရဲတဲ့ခင်ပွန်းရှိတဲ့ ဇနီးမောင်နှံတွေဟာ ခင်ပွန်းကောင်းတစ်ယောက်ရဲ့ အစိတ်အပိုင်းတွေအားလုံးကို ပိုင်ဆိုင်ရတဲ့အခါ ဇနီးသည်တွေဟာ အလွန်ကျေနပ်မှုကို ခံစားရကြောင်း ပြသခဲ့ပါတယ် ။
ဇနီးမယားများကို ပျော်ရွှင်အောင် ပြုလုပ်နည်း၊ လက်ဆောင်များမကြာခဏပေးခြင်း၊ ဇနီးမယားများအားအိမ်မှုကိစ္စများကူညီပေးခြင်းကဇနီးသည်များဟာ ၎င်းတို့ရဲ့ခင်ပွန်းများကို ပိုပြီးချစ်လာကာ ဆက်ဆံရေးပိုမိုခိုင်မာလာစေရန် ကူညီပေးပါတယ် ။
ယခင်က ဖလော်ရီဒါပြည်နယ် တက္ကသိုလ်ရဲ့ သုတေသနပြုချက်ကို Body Image ဂျာနယ်မှာ ထုတ်ဝေခဲ့ပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်လိုတဲ့ အမျိုးသမီးများက ၎င်းတို့ထက် ရုပ်ဆိုးတဲ့ ခင်ပွန်းနဲ့ လက်ထပ်သင့်ကြောင်း အတည်ပြုခဲ့ပါတယ် ။
ဘာကြောင့်လည်းဆိုတော့ ခင်ပွန်းက သူတို့ထက် ရုပ်ရည်ပိုကောင်းတဲ့အခါ အိမ်ထောင်ရှင်အမျိုးသမီးများက လူ့အဖွဲ့အစည်းရဲ့ ဖိအားများစွာကို ခံရလေ့ရှိပြီး သူတို့က မလှပကြောင်း အမြဲလိုလို
ခံစားရကာ ခင်ပွန်းများနဲ့ လိုက်လျောညီထွေဖြစ်အောင် ပုံသဏ္ဍာန်ကိုဘဲ အာရုံစိုက်နေမှာဖြစ်ပါတယ် ။ နောက်ပြီး ခင်ပွန်းက အခြားကောင်မလေးတွေ လုသွားမာကိုလည်း စိုးရိမ်နေရပါသေးတယ် ။
ဒါပေမဲ့ သိပ္ပံနည်းကျလေ့လာမှုများက လူတိုင်းအတွက် လုံးဝမှန်ကန်တာ မဟုတ်ပါ ။ လှပတဲ့ခင်ပွန်းသည်က အမျိုးသမီးများအတွက် ပျော်ရွှင်မှုမပေးနိုင်ဘူးလို့ မဆိုနိုင်ပါဘူး ။
Relationship တစ်ခုရဲ့ ပျော်ရွှင်မှုကို ရုပ်ရည်သွင်ပြင်နဲ့ ဆုံးဖြတ်တာမဟုတ်ဘဲ အပြန်အလှန် ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှုနဲ့ နားလည်မှုမှာကို ဆုံးဖြတ်တာ သေချာပါတယ် ။ ဒါကြောင့် အမျိုးသမီးများက ပျော်ရွှင်ပြီး ပြည့်စုံတဲ့ဘဝတစ်ခု ပိုင်ဆိုင်ရန် မိမိတို့နဲ့ မိသားစုကို ချစ်မြတ်နိုးတတ်ရန် အမြဲသိထားသင့်ပါတယ် ။
JRose (KB Chimmy One)
Reference : bestie