အခ်စ္ေရး

ငယ်ချစ်ဦးနဲ့လွဲခဲ့ရသူများမဖတ်ရ…

ကလေးဘဝ ကိုပြန်လွမ်းမယ်ဆိုပြီး စဉ်းစားတော့ အချစ်ဦးကို တန်းပြန်သတိရ တာပါပဲ။ ကျွန်တော်တို့တွေဟာ ဘာကောင်ကြီးတွေ မှမဟုတ်ပဲ အချစ်ဦး အတွက်ဆို သူရဲကောင်းကြီး အဖြစ်ရှိ ချင်ခဲ့ကြတယ်။

ကလေးဘ ဝကိုပြန် သွားတာနဲ့ အချစ်ဦးဆိုတာ ကလည်း ဇာတ်လမ်းတစ်ပုဒ်ရဲ့ ဇာတ်ဝင်ခန်း တစ်ခုလိုပါပဲ။အချစ်ဦးလို့ သုံးတာက Crush ဆိုတဲ့စကားကို ကလေးဘဝက မသိခဲ့သေးတာရော Crush တယ်ဆိုတာထက်ပြီးမြတ်နိုးခဲ့ မိတာကြာင့်ရောပါ ။

ကျွန်တော်တို့အားလုံးနှစ်သက်ပြီး ပြန်တမ်း တကြတဲ့အဖြူ စိမ်းကျောင်းသား ဘဝမှာဆို မနက်မိုးလင်းလို့ကျောင်းရောက်တာနဲ့ ကိုယ့်အဖွဲ့လေးနဲ့ကိုယ် ကလေးတို့သဘာ ဝဆော့မယ် ကစားမယဒီလိုနဲ့အချိန်ကုန်တတ်ခဲ့ကြ ပါတယ်။

ဒါပေမယ့် အချစ်ဦးဆိုတဲ့ ကောင်မလေးက စိန်ပြေးတမ်း ကစားနေသလား ကြိုးခုန်နေသလား ဇယ်ခုပ်နေသလားဆို တာကိုလည်း စိတ်ဝင်တစား လိုက်ကြည့်ခဲ့ကြဖူး မှာပါ။

အခါအခွင့် သင့်တာနဲ့ သူကစားနေတဲ့ ဝိုင်းထဲမှာ ကိုယ်ပါဝင် ခွင့်ရဖို့အသင့် ရှိနေခဲ့ကြဖူးတယ် မလား၊

ငယ္ခ်စ္ဦးနဲ႔လြဲခဲ့သူမ်ားမဖတ္ရ

ကျွန်တော့် အချစ်ဦးဆို သူတအားဆော့တာက အဝတ်ကို မျက်လုံးမှာစည်းပြီး လက်နဲ့လိုက် ပုတ်တဲ့ကစားနည်း။ အဝတ်စည်းထား တဲ့သူရဲ့ လက်နဲ့ထိမိသူက သူ့နေရာကိုဝင်ယူပြီး နောက်တစ်ယောက်ကို လိုက်ဖမ်းရတော့တာပဲ။

ကျွန်တော်ဆို သူခွေးရူး ဖြစ်တာနဲ့ သူ့အနားသွား အသံပေးပြီး ကိုယ့်ကိုယ်ကို ခွေးရူးအဖြစ်ခံခဲ့ဖူးတယ်။ ဘယ်အချိန် မှာဖြစ်ဖြစ် သူငယ်ချင်းဆို တဲ့အဖြူရောင် စည်းဘောင်လေး ထဲကနေ သူ့အတွက် အသင့်ရှိနေခဲ့ဖူးတယ်ဆိုပါတော့၊

ကျောင်းပထမဆုံးဖွင့်ရက် အတန်းပိုင် ဆရာမက အသင်းတွေခွဲ တဲ့အခါ သူနဲ့အသင်း တူတူကျဖို့လည်း ကျွန်တော်တော့ အမျိုးမျိုးကြိုး စားခဲ့ဖူးတယ်။

အချစ်ဦးနဲ့ အသင်းအတူ တူဖြစ်ရတဲ့အခါ ရတဲ့အခွင့်ရေးက နည်းမှ မနည်းပဲဗျ။ စာသင်ချိန်မှာမျက်နှာချင်းဆိုင်အနေထားနဲ့ တစ်ခုံတည်း ထိုင်ရတယ်။ ပြီးတော့ ကိုယ့်အသင် းတာဝန်ကျရက်ဆို ကျောင်းကိုအစောကြီးလာမယ် ။

သူကဘာတာဝန်လဲ အသင်းခေါင်းဆောင် ကိုမေးမယ်။ သူက ရေခပ်ရမှာလား ကျွန်တော်ကဦး အောင်ခပ်ပေးထား လိုက်တယ်။ သူက တံမြက်စည်း လှဲရမှာလား ကျွန်တော်က ဦးအောင်လှဲပေး ထားလိုက်တယ်။

သူက အမှိုက်ကျုံးရမှာလား ကျွန်တော်က ဦးအောင်ကျုးပေးထား လိုက်တယ်။ သူကျောင်းရောက်လို့ သူ့တာဝန်တွေပြီးတဲ့အခါ သူပျော်နေ တာလေးကို ကျွန်တော် သဘောကျတယ်။

သူဘုရားပန်းတင်ဖို့ ပန်းလေးဝယ်လာတိုင်း ဘုရားပန်းအိုးကို အရင်စွန့်ပြီး ကျွန်တော် အသင့်ပြင်ထားပေးခဲ့ဖူးတယ်။ သူဝယ်လာတဲ့ ဘုရားပန်းလဲပြီး ဘုရားကိုပြန် ကပ်တဲ့အခါ သူမ အားကိုးတကြီးအကူညီတောင်းတဲ့သူဟာ ကိုယ်ဖြစ်နေရင် ဘယ်လောက်များ ပျော်စရာကောင်းလဲ၊

ပြီးတော့ ဘုရားပန်းပြန်ကပ်တဲ့အခါ ဘာမှန်းမသိတဲ့ ဖူးစာဆိုတာကို သူနဲ့ပါဖို့အတွက် ဘုရားကိုတိုးတိုးကလေးနဲ့ အပူကပ်ခဲ့ဖူးတယ်။

ကျောင်းဆင်းချိန် အိမ်ပြန်ကြတော့လည် းဘာထူးလဲ သူစက်ဘီး ထုတ်တဲ့အခါ အလွယ်တကူ ဖြစ်အောင် သူ့စက်ဘီးဘေးနားက အခြားဘီးတွေ ကိုကြိုရှင်းပေးထားခဲ့ ဖူးတယ်။ တစ်ခါတစ်လေ ဆိုကျွန်တော် သိပ်ညစ်ပတ်တာ၊

သူ့ဘီးကို လေလျော့ထားပြီး သူလာမှသတိပေး ကိုယ်တိုင်လိုက် တွန်းပေးပြီး လေပြန်ထိုးပေး ခဲ့သေးတာ။ ဘာပဲပြောပြော သူအသိမှတ်ပြု တာလေးကိုကျွန်တော် ကျေနပ်နေတာ မျိုးလေဗျာ။

ငယ္ခ်စ္ဦးနဲ႔လြဲခဲ့သူမ်ားမဖတ္ရ

သူနဲ့ကျွန်တော်က တစ်ရပ်ကွက်ထဲဗျ ။ အိမ်ပြန်တဲ့လမ်းတစ် လျှောက်လည်း သူနဲ့မတူတူအောင် သူပြန်တဲ့လမ်းက လိုက်ပြန်တယ်။ တခြားကောင်လေးတွေသူ့နားကပ်မယ့် အရိပ်ယောင်တွေ့တာနဲ့ ကျွန်တော် အရင်ကပ်ပြီး စကားတွေကြံဖန်ရှာပြောခဲ့ဖူးတယ်။

သူအိမ်လမ်းထဲ သူဝင်သွားပြီဆိုမှ ကျွန်တော်လမ်းကို ကျွန်တော် လှည့်ပြန်ခဲ့တာမျိုး။ တစ်ခါတစ်လေ သူ့အဖေကဆိုင်ကယ် နဲ့လာကြို တဲ့ရက်မျိုးမှာဆို 110 Loujia ဆိုင်ကယ်ကို ကျွန်တော်ရဲ့တရုတ်စက်ဘီးလေး နဲ့အမှီနင်းပြီး သူ့မြင်အောင် အားထုတ်ခဲ့သေးတာ။

သူမ မသိတဲ့ သူမရဲ့ သူရဲကောင်းကြီး အဖြစ် ကိုယ့်ကိုယ်ကို တာဝန်ပေးပြီး ဂုဏ်ယူခဲ့ရ ချိန်တွေပေါ့ဗျာ၊
ဒါပေမယ့်လည်း အချည်းနှီးတွေပါပဲ။ အထက်တန်းကျောင်းသားဘဝ ကျူရှင်တွေ ဝိုင်းတွေ ဘော်ဒါတွေပြိုင်လာတဲ့အခါ ဓနရှင်တွေရဲ့ပညာရေးအသိုင်းဝိုင်းကို ကျွန်တော်မှ လိုက်မပြိုင်နိုင်ခဲ့တာ။ ရှစ်တန်းနှစ်မှာ သူကကျောင်းပြောင်းတယ်။

ပြီးတော့ နာမည်ကြီးဘော်ဒါ တစ်ခုမှာ တက်တယ်။ ကျွန်တော်က ရပ်ကွက်ထဲ ကျူရှင်တစ်ခုမှာ ဘယ်သူမှမဖတ်တဲ့ ကဗျာတွရေးပြီး အသည်းတွေ ထိုင်ကွဲနေခဲ့ဖူးတယ်။

ဆယ်တန်းနှစ်ကျ သူအိမ်ကို ပြန်လာတယ်။ ဘော်ဒါမှာမနေဘဲ အပြင်ဝိုင်းတွေ လိုက်တက်ဖို့တဲ့။ ကျွန်တော်က စာမတော်ပေမယ့် ဝီရိယ သိပ်ကောင်းတယ်။

မနက်အစောကြီးငါးနာရီထ တယ် သူသွားမယ့် စာသင်ဝိုင်း လမ်းမှာသွားကြို စောင့်တယ်။ ပြီးတော့လိုက်ပို့တယ်။ ဒါပေမယ့် အဝေးကနေပါပဲ။ သူကတော့ သိမှာလည်း မဟုတ်ခဲ့ပါဘူး။

ဒီလိုနဲ့ဆယ်တန်းတွေ ပြီးကြတော့ သူကရန်ကုန်မှာ ပုဂ္ဂလိက တက္ကသိုလ် တစ်ခုသွားတက်တယ်။ ကျွန်တော်ကနယ်မှာ ကျန်ခဲ့တယ်။ အချစ်ဦးဟာ လူတိုင်းနဲ့လွဲတယ် ဆိုတဲ့စကားကို ကျွန်တော် သိပ်မုန်းတယ်။

ရှစ်တန်းနှစ်ကနေ စလွဲသွားတဲ့ ကောင်မလေးဟာ အခုဆို ဘွဲ့တွေရလို့ အလုပ်တွေတောင်ဝင်နေပြီ။ ကျွန်တော်နဲ့ကတော့ လွဲနေတုန်းပဲ၊

Back to childhood တဲ့ကျွန်တော်လည်း အမှတ်တရတွေ သိပ်ရေးချင်တာနဲ့ တွေးမိခဲ့တယ်။ သတိရမိတာကလည်း ဝေးခဲ့ရတဲ့ အချစ်ဦးပဲ။ အပြန်အလှန်မ ချစ်ခဲ့ကြပေမယ့် ထာဝရအချစ်ဦး လို့တော့သုံးခွင့်ရှိတယ်မလား၊

Facebook တွေခေတ်စားလာတော့ သူ့အကောင့်လေး ကိုကျွန်တော် အပ်မိသေးတယ်။ နှစ်တွေအကြာကြီးစောင့် ရကျိုးနပ်ပါတယ်။ အကောင့်လက်ခံပြီး သိပ်မကြာဘူး သူ့အတွက်ရေးတဲ့ ကဗျာလေးဖတ်ပြီး ကျွန်တော့်ကို ဘလော့သွားလေရဲ့ ၊

ဟုတ်ပါတယ်။ ကျွန်တော်တို့ အားလုံးထဲ ကတချို့တစ်ဝက်ဟာ အချစ်ဦးနဲ့ လွဲခဲ့သူချည်းပါပဲ ။ မပေါင်းဖက်ရတဲ့ဇာတ်လမ်း နီးစပ်ခွင့် မရှိတဲ့ဇာတ် လမ်းတွေကိုမှ အမြဲတမ်းတမိနေ တဲ့ကလေးဘဝရဲ့ အမှတ်တရအချို့ပေါ့ဗျာ။

Credit

Unicode

ငယ်ချစ်ဦးနဲ့လွဲခဲ့သူများမဖတ်ရ

ပြီးတော့ နာမည်ကြီးဘော်ဒါ တစ်ခုမှာ တက်တယ်။ ကျွန်တော်က ရပ်ကွက်ထဲ ကျူရှင်တစ်ခုမှာ ဘယ်သူမှမဖတ်တဲ့ ကဗျာတွေရေးပြီး အသည်းတွေ ထိုင်ကွဲနေခဲ့ဖူးတယ်။