တုံး အ တဲ့ ယောက်ျားနဲ့ ထက်မြတ်တဲ့ ယောက်ျား
တုံးအတဲ့ ယောက်ျားက မိန်းမကို အသာစီးရချင်တယ်…ထက်မြတ်တဲ့ ယောက်ျားက မိန်းမအပေါ် သဘောထားကြီး အလျှော့ပေးတတ်တယ်…တုံးအတဲ့ ယောက်ျားက မိန်းမရဲ့အားနည်းချက်တွေကို မြင်တိုင်း စိတ်ပျက်လွယ်တယ်…
ထက်မြတ်တဲ့ ယောက်ျားက မိန်းမရဲ့ အရည်အချင်းကို ရှာကြံ အသိအမှတ်ပြု ချီးမွမ်းတတ်တယ်…တုံးအတဲ့ ယောက်ျားက မိန်းမနဲ့ အချိန်နေရာ မခွဲဘဲ ငြင်းခုံ ရန်ဖြစ်တယ်…
လူပုံအလယ်မှာ မိန်းမကို မျက်နှာသာ မဲ့စေ တယ်…ထက်မြတ်တဲ့ ယောက်ျားကလူပုံအလယ်မှာ မိန်းမကို မျက်နှာသာ ရစေတယ်…ဆုံးမ ပြောဆိုစရာရှိရင် နှစ်ကိုယ်ကြားသာ ပြောဆိုတယ် …
တုံးအတဲ့ ယောက်ျားက မိတ်ဆွေ အပေါင်းအသင်းတွေက “မယားကြောက်” လို့ ခနဲ့တာကိုမခံနိုင်ဘဲ မိန်းမအပေါ်နိုင်စားပြ ချင်တယ်…ကိုယ့်ဘဝ လက်တွဲဖော်ဟာကိုယ့်မိန်းမသာ ဖြစ်တယ်ဆိုတာ သူမေ့နေလို့ ဖြစ်မယ်…
ထက်မြတ်တဲ့ ယောက်ျားကတော့ အပေါင်းအသင်းတွေက ခနဲ့ရင်တောင် ဂရုမစိုက်ဘဲယုယမြဲ ယုယတယ်…ကိုယ့်ဘဝအတွက် ဆိုးတူကောင်းဖက်ဟာ ကိုယ့်မိန်းမဘဲလို့သူနားလည်လို့ ဖြစ်တယ်…
တုံးအတဲ့ ယောက်ျားကမိန်းမရဲ့အတိတ်ဟောင်းကို ခဏခဏ တူးဆွပြီး ပြဿနာ ရှာတယ်…ထက်မြတ်တဲ့ ယောက်ျားက မိန်းမနဲ့အတူ ပျော်ရွှင်သာယာတဲ့အနာဂတ် ဖန်တီးဖို့ပဲ ကြိုးစားတယ်…
တုံးအတဲ့ ယောက်ျားက မိန်းမရဲ့အမှားကို အသေ ဆုပ်ကိုင်ပြီး နိုင်ကွက်အဖြစ် အသုံးချတယ်…ထက်မြတ်တဲ့ ယောက်ျားက မိန်းမရဲ့အမှားကို ခွင့်လွှတ်ပြီး မေတ္တာနဲ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတယ်…
တုံးအတဲ့ ယောက်ျားက “နင်ထွက်သွား မသွားရင် ငါသွားမယ်” လို့ဆိုတယ်…ထက်မြတ်တဲ့ ယောက်ျားက”ငါတို့ ဘယ်တော့မှ ဘာ အကြောင်းနဲ့မှ မခွဲကြဘူး”လို့ ဆိုတယ်…
တုံးအတဲ့ယောက်ျားကမိန်းမကို သဝန်တို ချုပ်ချယ်တယ်…ထက်မြတ်တဲ့ ယောက်ျားက မိန်းမကို ယုံကြည်မှု ပေးပြီး ချစ်မေတ္တာနဲ့ စိတ်အေးလက်အေး ချည်နှောင်ထားတယ်…
တုံးအတဲ့ ယောက်ျားကကိုယ်တော်ကိုယ်တတ်ကြောင်းသာ ဦးစားပေး အလေးထားတယ်…ထက်မြတ်တဲ့ ယောက်ျားက မိန်းမဆီက ကိုယ် မသိသေးတာတွေကို လေ့လာသင်ယူတယ်…
တုံးအတဲ့ ယောက်ျားကမိန်းမ ကိုယ့်အနားက တစ်ဖဝါးမှ မခွာရင် စိတ်ကျဉ်းကျပ် မောင်းထုတ် တယ်…ထက်မြတ်တဲ့ ယောက်ျားက ဘုရားသွား ကျောင်းတက် တူစုံမောင်နှံ တတွဲတွဲ သွားလာရတာကို ပီတိဖြစ်တတ် ….ဂုဏ်ယူတတ်တယ်…
တုံးအတဲ့ ယောက်ျားက စီးပွားသာ ရှာပြီး မိန်းမအပေါ် ယုယကြင်နာမှု ပေးရမှာ ပျင်းတယ် အပိုအလုပ်လို့ ယူဆတယ်…ထက်မြတ်တဲ့ ယောက်ျားက စီးပွားလဲ ရှာတယ် မိန်းမအပေါ် ယုယကြင်နာမှု ပေးတယ်…
တုံးအတဲ့ ယောက်ျားကမိန်းမကို စိုးရိမ် ပူပန်မှုနဲ့ စိတ်ဖိစီးမှု တွေပေးတယ်…ထက်မြတ်တဲ့ ယောက်ျားက မိန်းမကို စိတ်အားထက်သန်မှုနဲ့ ပျော်ရွှင်မှုကို ပေးတယ်…
တုံးအတဲ့ ယောက်ျားက သူ့ရဲ့ဇာတ်ရှုပ်တွေဖောက်ပြန်မှုတွေနဲ့ မိန်းမကို မျက်ရည် ကျစေတယ်…ထက်မြတ်တဲ့ ယောက်ျားက အောင်မြင်တဲ့ မိသားစု ဘဝကို တည်ဆောက်ပြီး မိန်းမကို ပြုံးရယ်စေတယ်…
Credit : မူရင်းရေးသူ
တုံး အ တဲ့ ေယာက္်ားနဲ႔ ထက္ျမတ္တဲ့ ေယာက္်ား
တုံးအတဲ့ ေယာက္်ားက မိန္းမကို အသာစီးရခ်င္တယ္…ထက္ျမတ္တဲ့ ေယာက္်ားက မိန္းမအေပၚ သေဘာထားႀကီး အေလွ်ာ့ေပးတတ္တယ္…တုံးအတဲ့ ေယာက္်ားက မိန္းမရဲ႕အားနည္းခ်က္ေတြကို ျမင္တိုင္း စိတ္ပ်က္လြယ္တယ္…
ထက္ျမတ္တဲ့ ေယာက္်ားက မိန္းမရဲ႕ အရည္အခ်င္းကို ရွာႀကံ အသိအမွတ္ျပဳ ခ်ီးမြမ္းတတ္တယ္…တုံးအတဲ့ ေယာက္်ားက မိန္းမနဲ႔ အခ်ိန္ေနရာ မခြဲဘဲ ျငင္းခုံ ရန္ျဖစ္တယ္…
လူပုံအလယ္မွာ မိန္းမကို မ်က္ႏွာသာ မဲ့ေစ တယ္…ထက္ျမတ္တဲ့ ေယာက္်ားကလူပုံအလယ္မွာ မိန္းမကို မ်က္ႏွာသာ ရေစတယ္…ဆုံးမ ေျပာဆိုစရာရွိရင္ ႏွစ္ကိုယ္ၾကားသာ ေျပာဆိုတယ္ …
တုံးအတဲ့ ေယာက္်ားက မိတ္ေဆြ အေပါင္းအသင္းေတြက “မယားေၾကာက္” လို႔ ခနဲ႔တာကိုမခံႏိုင္ဘဲ မိန္းမအေပၚႏိုင္စားျပ ခ်င္တယ္…ကိုယ့္ဘဝ လက္တြဲေဖာ္ဟာကိုယ့္မိန္းမသာ ျဖစ္တယ္ဆိုတာ သူေမ့ေနလို႔ ျဖစ္မယ္…
ထက္ျမတ္တဲ့ ေယာက္်ားကေတာ့ အေပါင္းအသင္းေတြက ခနဲ႔ရင္ေတာင္ ဂ႐ုမစိုက္ဘဲယုယၿမဲ ယုယတယ္…ကိုယ့္ဘဝအတြက္ ဆိုးတူေကာင္းဖက္ဟာ ကိုယ့္မိန္းမဘဲလို႔သူနားလည္လို႔ ျဖစ္တယ္…
တုံးအတဲ့ ေယာက္်ားကမိန္းမရဲ႕အတိတ္ေဟာင္းကို ခဏခဏ တူးဆြၿပီး ျပႆနာ ရွာတယ္…ထက္ျမတ္တဲ့ ေယာက္်ားက မိန္းမနဲ႔အတူ ေပ်ာ္႐ႊင္သာယာတဲ့အနာဂတ္ ဖန္တီးဖို႔ပဲ ႀကိဳးစားတယ္…
တုံးအတဲ့ ေယာက္်ားက မိန္းမရဲ႕အမွားကို အေသ ဆုပ္ကိုင္ၿပီး ႏိုင္ကြက္အျဖစ္ အသုံးခ်တယ္…ထက္ျမတ္တဲ့ ေယာက္်ားက မိန္းမရဲ႕အမွားကို ခြင့္လႊတ္ၿပီး ေမတၱာနဲ႔ ျပဳျပင္ေျပာင္းလဲဖို႔ ႀကိဳးစားတယ္…
တုံးအတဲ့ ေယာက္်ားက “နင္ထြက္သြား မသြားရင္ ငါသြားမယ္” လို႔ဆိုတယ္…ထက္ျမတ္တဲ့ ေယာက္်ားက”ငါတို႔ ဘယ္ေတာ့မွ ဘာ အေၾကာင္းနဲ႔မွ မခြဲၾကဘူး”လို႔ ဆိုတယ္…
တုံးအတဲ့ေယာက္်ားကမိန္းမကို သဝန္တို ခ်ဳပ္ခ်ယ္တယ္…ထက္ျမတ္တဲ့ ေယာက္်ားက မိန္းမကို ယုံၾကည္မႈ ေပးၿပီး ခ်စ္ေမတၱာနဲ႔ စိတ္ေအးလက္ေအး ခ်ည္ေႏွာင္ထားတယ္…
တုံးအတဲ့ ေယာက္်ားကကိုယ္ေတာ္ကိုယ္တတ္ေၾကာင္းသာ ဦးစားေပး အေလးထားတယ္…ထက္ျမတ္တဲ့ ေယာက္်ားက မိန္းမဆီက ကိုယ္ မသိေသးတာေတြကို ေလ့လာသင္ယူတယ္…
တုံးအတဲ့ ေယာက္်ားကမိန္းမ ကိုယ့္အနားက တစ္ဖဝါးမွ မခြာရင္ စိတ္က်ဥ္းက်ပ္ ေမာင္းထုတ္ တယ္…ထက္ျမတ္တဲ့ ေယာက္်ားက ဘုရားသြား ေက်ာင္းတက္ တူစုံေမာင္ႏွံ တတြဲတြဲ သြားလာရတာကို ပီတိျဖစ္တတ္ ….ဂုဏ္ယူတတ္တယ္…
တုံးအတဲ့ ေယာက္်ားက စီးပြားသာ ရွာၿပီး မိန္းမအေပၚ ယုယၾကင္နာမႈ ေပးရမွာ ပ်င္းတယ္ အပိုအလုပ္လို႔ ယူဆတယ္…ထက္ျမတ္တဲ့ ေယာက္်ားက စီးပြားလဲ ရွာတယ္ မိန္းမအေပၚ ယုယၾကင္နာမႈ ေပးတယ္…
တုံးအတဲ့ ေယာက္်ားကမိန္းမကို စိုးရိမ္ ပူပန္မႈနဲ႔ စိတ္ဖိစီးမႈ ေတြေပးတယ္…ထက္ျမတ္တဲ့ ေယာက္်ားက မိန္းမကို စိတ္အားထက္သန္မႈနဲ႔ ေပ်ာ္႐ႊင္မႈကို ေပးတယ္…
တုံးအတဲ့ ေယာက္်ားက သူ႔ရဲ႕ဇာတ္ရႈပ္ေတြေဖာက္ျပန္မႈေတြနဲ႔ မိန္းမကို မ်က္ရည္ က်ေစတယ္…ထက္ျမတ္တဲ့ ေယာက္်ားက ေအာင္ျမင္တဲ့ မိသားစု ဘဝကို တည္ေဆာက္ၿပီး မိန္းမကို ၿပဳံးရယ္ေစတယ္…
Credit : မူရင္းေရးသူ