အသက်ငယ်ငယ်နဲ့ အိုမင်းရင့်ရော်နေတဲ့ ရုပ်ရည်သွင်ပြင်မျိုး လူတိုင်းလိုချင်ကြမှာမဟုတ်ပါဘူး။ ယောက်ျားလေးအများစုက အသားအရေထိန်းသိမ်းခြင်းမှာအားနည်းတဲ့အတွက် အမျိုးသမီးတွေထက်စာရင် ရုပ်ရင့်ဖို့ရာခိုင်နှုန်းပိုများသလို အခုပြောပြမယ့်အရာတွေကလည်း ရုပ်ရင့်စေတာကြောင့် သတိထားရှောင်ကြဉ်ဖို့ အကြံပြုချင်ပါတယ်။
(၁) စိတ်ဖိစီးမှုများခြင်း
businessman having bad headache
စိတ်ဖိစီးမှုများနေချိန်မှာ ခန္ဓာကိုယ်က cortisol လို့ခေါ်တဲ့ ဟော်မုန်းအချို့ကိုထုတ်လွှတ်ပေးပြီး ၎င်းဟော်မုန်းဟာ အရေပြားထဲက အဆီတွေပိုထွက်လာစေပါတယ်။ အရေပြားမှာအဆီပိုတွေအများကြီးထွက်လာခြင်းက အရေပြားပေါ်ရှိမွှေးညှင်းပေါက်လေးတွေမှာ အညစ်အကြေးနှင့် ဆဲလ်သေများ ပိတ်စေစို့ပြီး ဝက်ခြံနဲ့အသားအရေပျက်စီးခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
(၂) အချိုလွန်ကဲစွာစားသုံးခြင်း
Man Eating Sweets
အချိုလွန်ကဲတဲ့အစားအစာတွေက ရုပ်ရင့်စေတဲ့အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ သကြားဓာတ်ဟာ ကော်လာဂျင်ထုတ်လုပ်မှုကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် အချိုဓာတ်လွန်ကဲတဲ့အစားအစာတွေ အလွန်အကျွံစားသုံးပါက အရေပြားပေါ်မှာ အမဲစက်များ ၊ အရေအကြောင်းများနဲ့ အသားအရေခြောက်သွေ့မှုကို ဖြစ်ပေါ်စေပြီး ငယ်ငယ်ရွယ်ရွယ်နဲ့အိုမင်းရင့်ရော်တဲ့ ရုပ်သွင်ပြင်ကို ဖြစ်စေနိုင်ပါတယ်။
(၃) အိပ်ရေးပျက်ခြင်း
Sleepless man
UCLA မှသုတေသီများရဲ့လေလာမှုတစ်ခုအရ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်မှာ လုံလောက်တဲ့ညဘက်အိပ်စက်ချိန်မရှိဘူးဆိုရင် အရေပြားဆဲလ်တွေပျက်စီးလာပြီး ရုပ်ရည်ရင့်ရော်ခြင်းကိုပိုဖြစ်စေတယ်လို့ဆိုပါတယ်။ အိပ်ချိန်နည်းပါးခြင်းက စိတ်ဖိစီးမှုနဲ့ ရုပ်ကျခြင်းတွေကိုလည်းဖြစ်စေတာကြောင့် ရှိရင်းစွဲအသက်ထက် ရင့်ရော်လာစေမှာဖြစ်ပါတယ်။
(၄) နေထိုင်မှုပုံစံမှားယွင်းနေခြင်း
man smoking
မှားယွင်းတဲ့ နေထိုင်မှုပုံစံတွေက ကျန်းမာရေးထိခိုက်စေတဲ့အပြင် အိုမင်းရင့်ရော်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဥပမာ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း ၊ ရေသောက်နည်းခြင်း ၊ နေရောင်ခြည်အောက်အကာကွယ်မဲ့ထွက်ခြင်း ၊ ဆေးလိပ်အရက်သောက်သုံးခြင်း ၊ ကြုံရာမျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ခြင်း ၊ Skincare အလွန်အကျွံလုပ်ခြင်း စတဲ့အချက်တွေက အသားအရေပျက်စီးစေပြီး သင့်ကိုငယ်ငယ်ရွယ်ရွယ်နဲ့ရုပ်ရင့်စေနိုင်ပါတယ်။