ေအာင္ပဲြနဲ႔အတူျပန္လာခဲ့မယ္လို႔ ျပတ္ျပတ္သားသားဆိုလာတဲ့ သ႐ုပ္ေဆာင္ ျမႏွင္းရည္လြင္ (ဗီဒီယိုဖိုင္)
လက္ရွိေရာက္ေနတဲ့ေနရာမွာ အခက္အခဲမ်ားစြာ ႀကဳံေတြ႕ေနရေပမယ့္ စစ္အာဏာရွင္ ျပဳတ္က်ေရးအတြက္ အဆုံးထိ တိုက္ပြဲဝင္ဖို႔ ဆုံးျဖတ္ထားတယ္လို႔ သ႐ုပ္ေဆာင္ ျမႏွင္းရည္လြင္က ေျပာလိုက္ပါတယ္သူဟာ ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းၿပီးေနာက္ နာမည္ႀကီး အႏုပညာရွင္ေတြနဲ႔အတူ ရန္ကုန္ လူထု ဆႏၵျပပြဲေတြမွာ ပါဝင္ခဲ့တာေၾကာင့္ဧၿပီ ၆ ရက္ေန႔မွာ ပုဒ္မ ၅၀၅ (က) တပ္မေတာ္ကို အၾကည္ညိဳပ်က္ေစမႈနဲ႔ ဖမ္းဝရမ္း အထုတ္ခံခဲ့ရပါတယ္
ဒါေၾကာင့္ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ရင္း ၿပီးခဲ့တဲ့ ဇူလိုင္လထဲမွာ တိုင္းရင္းသား လက္နက္ကိုင္ နယ္ေျမတစ္ခုကို ေရာက္ရွိလာတာပါ
သ႐ုပ္ေဆာင္ ျမႏွင္းရည္လြင္ဟာ စစ္အာဏာမသိမ္းခင္ က MRTV-4 ႐ုပ္သံဇာတ္လမ္းတြဲေတြ ဆက္တိုက္ ႐ိုက္ကူးခဲ့ၿပီး ေငြစကၠဴ ခုနစ္႐ြက္၊ မာယာလွည့္ကြက္၊ အခန္းနံပါတ္ စတဲ့ ဇာတ္လမ္းတြဲေတြနဲ႔ လူသိမ်ား ထင္ရွားလာသူ ျဖစ္ပါတယ္။
ဇာတ္လမ္းတြဲေပါင္း (၁၀) ခု၊ လူႀကိဳက္မ်ားတဲ့ ေၾကာ္ျငာ သုံးခုနဲ႔အတူ ႐ိုက္ကူးၿပီး၊ ႐ိုက္ကူးဆဲ ႐ုပ္ရွင္ဇာတ္ကားႀကီး ေလးခုမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။
သ႐ုပ္ေဆာင္ ျမႏွင္းရည္လြင္ရဲ႕ ေျပာၾကားခ်က္ေတြကို ထုတ္လႊင့္ေပးလိုက္ပါတယ္။RFA ဝိုင္းေတာ္သူ မေအးေအးမြန္က ဆက္သြယ္ေမးျမန္းထားတာ ျဖစ္ပါတယ္။
crd
Unicode
အောင်ပွဲနဲ့အတူပြန်လာခဲ့မယ်လို့ ပြတ်ပြတ်သားသားဆိုလာတဲ့ သရုပ်ဆောင် မြနှင်းရည်လွင် (ဗီဒီယိုဖိုင်)
လက်ရှိရောက်နေတဲ့နေရာမှာ အခက်အခဲများစွာ ကြုံတွေ့နေရပေမယ့် စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အဆုံးထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ သရုပ်ဆောင် မြနှင်းရည်လွင်က ပြောလိုက်ပါတယ်
သူဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် နာမည်ကြီး အနုပညာရှင်တွေနဲ့အတူ ရန်ကုန် လူထု ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့်ဧပြီ ၆ ရက်နေ့မှာ ပုဒ်မ ၅၀၅ (က) တပ်မတော်ကို အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဝရမ်း အထုတ်ခံခဲ့ရပါတယ်
ဒါကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရင်း ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတစ်ခုကို ရောက်ရှိလာတာပါ
သရုပ်ဆောင် မြနှင်းရည်လွင်ဟာ စစ်အာဏာမသိမ်းခင် က MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက် ရိုက်ကူးခဲ့ပြီး ငွေစက္ကူ ခုနစ်ရွက်၊ မာယာလှည့်ကွက်၊ အခန်းနံပါတ် စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ လူသိများ ထင်ရှားလာသူ ဖြစ်ပါတယ်။
ဇာတ်လမ်းတွဲပေါင်း (၁၀) ခု၊ လူကြိုက်များတဲ့ ကြော်ငြာ သုံးခုနဲ့အတူ ရိုက်ကူးပြီး၊ ရိုက်ကူးဆဲ ရုပ်ရှင်ဇာတ်ကားကြီး လေးခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
သရုပ်ဆောင် မြနှင်းရည်လွင်ရဲ့ ပြောကြားချက်တွေကို ထုတ်လွှင့်ပေးလိုက်ပါတယ်။RFA ဝိုင်းတော်သူ မအေးအေးမွန်က ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။
crd