အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူကြောင်း ကြေညာ
အကြမ်းဖက်လူသတ်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အိမ်စောင့်အစိုးရ ၏ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ယနေ့ တာဝန်စယူကြောင်း စစ်တပ်က တရားဝင် သတင်းထုတ်ပြန်သည်။
နောက်ထပ် ၂ နှစ် အာဏာဆက်လက်သိမ်းမည်ဟု စစ်ခေါင်းဆောင်ပြော
စစ်အာဏာသိမ်းထားသည်မှာ ခြောက်လကြာမြင့်ပြီဖြစ်သော်လည်း နောက်နှစ်နှစ် အာဏာဆက်လက်သိမ်းထားမည်ဟုအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာလိုက်သည်။
ယနေ့ သြဂုတ် ၁ ရက် နံနက်ပိုင်းက အကြမ်းဖက်အာဏာသိမ်းမှုခြောက်လပြည့် သည့်နေ့တွင် ၎င်းက စစ်တပ်ပိုင် ရုပ်သံမှတဆင့် ယင်းသို့ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။
၎င်းက ၂၀၂၃ သြဂုတ်လအထိအာဏာသိမ်းထားမည်ကြောင်း၊ တိုင်းပြည်နိုင်ငံရေး တည်ငြိမ်မှု ရှိသောအခါ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း၊ ဥပဒေအရ ရွေးကောက်ပွဲ ကျင်းပရန် ခြောက်လ အချိန်ယူမည်ဖြစ်ကြောင်း အရေးပေါ်ကာလကို ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ပြီးဆုံးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အကြမ်းဖက်အာဏာသိမ်းယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အသက် ၆၅ နှစ်ပြည့်ပြီး ပင်စင် ယူရမည်ဖြစ်သော်လည်း ရွေးကောက်ပွဲဖြစ်စဉ်ကို အကြောင်းပြကာ ပြည်သူရွေးချယ်ထားသည့်ခေါင်းဆောင်များကို ဖမ်းဆီး၍ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် အာဏာသိမ်းယူခဲ့သည်။
ထို့နောက် အာဏာသိမ်းမှုကိုဆန့်ကျင်ကန့်ကွက်ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်ပြီး ထောင်ပေါင်းများစွာကိုလည်း ဖမ်းဆီးနေခဲ့သည်။
——————–
အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က အိမ္ေစာင့္အစိုးရ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူေၾကာင္း ေၾကညာ
အၾကမ္းဖက္လူသတ္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က အိမ္ေစာင့္အစိုးရ ၏ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္အျဖစ္ ယေန႔ တာဝန္စယူေၾကာင္း စစ္တပ္က တရားဝင္ သတင္းထုတ္ျပန္သည္။
ေနာက္ထပ္ ၂ ႏွစ္ အာဏာဆက္လက္သိမ္းမည္ဟု စစ္ေခါင္းေဆာင္ေျပာ
စစ္အာဏာသိမ္းထားသည္မွာ ေျခာက္လၾကာျမင့္ၿပီျဖစ္ေသာ္လည္း ေနာက္ႏွစ္ႏွစ္ အာဏာဆက္လက္သိမ္းထားမည္ဟုအၾကမ္းဖက္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က ေၾကညာလိုက္သည္။
ယေန႔ ၾသဂုတ္ ၁ ရက္ နံနက္ပိုင္းက အၾကမ္းဖက္အာဏာသိမ္းမႈေျခာက္လျပည့္ သည့္ေန႔တြင္ ၎က စစ္တပ္ပိုင္ ႐ုပ္သံမွတဆင့္ ယင္းသို႔ထည့္သြင္းေျပာဆိုသြားျခင္းျဖစ္သည္။
၎က ၂၀၂၃ ၾသဂုတ္လအထိအာဏာသိမ္းထားမည္ေၾကာင္း၊ တိုင္းျပည္ႏိုင္ငံေရး တည္ၿငိမ္မႈ ရွိေသာအခါ ေ႐ြးေကာက္ပြဲက်င္းပမည္ျဖစ္ေၾကာင္း၊ ဥပေဒအရ ေ႐ြးေကာက္ပြဲ က်င္းပရန္ ေျခာက္လ အခ်ိန္ယူမည္ျဖစ္ေၾကာင္း အေရးေပၚကာလကို ၂၀၂၃ ခုႏွစ္ ဩဂုတ္လတြင္ ၿပီးဆုံးမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။
အၾကမ္းဖက္အာဏာသိမ္းယူထားသည့္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္သည္ ၂၀၂၁ ခုႏွစ္ ဇူလိုင္လတြင္ အသက္ ၆၅ ႏွစ္ျပည့္ၿပီး ပင္စင္ ယူရမည္ျဖစ္ေသာ္လည္း ေ႐ြးေကာက္ပြဲျဖစ္စဥ္ကို အေၾကာင္းျပကာ ျပည္သူေ႐ြးခ်ယ္ထားသည့္ေခါင္းေဆာင္မ်ားကို ဖမ္းဆီး၍ ေဖေဖာ္ဝါရီ ၁ ရက္ နံနက္ပိုင္းတြင္ အာဏာသိမ္းယူခဲ့သည္။
ထို႔ေနာက္ အာဏာသိမ္းမႈကိုဆန႔္က်င္ကန႔္ကြက္ဆႏၵျပသူမ်ားကို ပစ္ခတ္သတ္ျဖတ္ၿပီး ေထာင္ေပါင္းမ်ားစြာကိုလည္း ဖမ္းဆီးေနခဲ့သည္။



