ၾကားသိရသမွ်

တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် Silent Strike တွင် ပြည်သူအားလုံးပါဝင်ပေးကြရန် ဒေါက်တာတေဇာဆန်း တိုက်တွန်း (ရုပ်/သံ)

တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် Silent Strike တွင် ပြည်သူအားလုံးပါဝင်ပေးကြရန် ဒေါက်တာတေဇာဆန်း တိုက်တွန်း (ရုပ်/သံ)

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ပြုလုပ်ကြမည်ဖြစ်ရာ အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ပြီး အာဏာရှင်ဆန့်ကျင်ရေးအမှတ်အသား လက် (၃) ချောင်းထောင်ကာ ဓာတ်ပုံမှတ်တမ်းတင်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ မျှဝေဖော်ထုတ်ကြဖို့ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ယနေ့ တိုက်တွန်းလိုက်သည်။

W3Schools

ပြည်သူတွေ သွေးမအေးဘူးဆိုတာကို ဖော်ထုတ်ပြသရေး၊ တိုင်းပြည်မှာ လူ့အခွင့်အရေးဆိတ်သုဉ်းနေတာကို ဖော်ညွှန်းရေး၊ တော်လှန်ရေးအဆက်ဆက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်းကို ဂုဏ်ပြုအောက်မေ့ရေးစသည့် ရည်ရွယ်ချက်များဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ Silent Strike တွင်ပါဝင်ကြဖို့ ဖြစ်ကြေင်း ဒေါက်တာတေဇာဆန်းက ဆိုသည်။

“ကမ္ဘာပေါ်မှာ အကျယ်လောင်ဆုံး “အသံ” က “တိတ်ဆိတ်ငြိမ်သတ်ခြင်း အသံ” ပါပဲ၊ တနိုင်ငံလုံးအဆင့် Silent Strike ဆိုတာ တော်ရုံတန်ရုံ လူထုအနေအထား၊ တော်ရုံတန်ရုံ တော်လှန်စိတ်၊ တော်ရုံတန်ရုံ နိုင်ငံမျိုးမှာ လုပ်လို့ မရနိုင်ပါဘူး။ ပြည်သူ့အင်အား၊

ပူးပေါင်းပါဝင်မှု၊ စုစည်းညီညွတ်မှုတွေ အင်မတန်အားကောင်းပါမှ၊ ပြည်သူ ညီမှ အောင်မြင်နိုင်မယ့် အမျိုးပါ။ သို့သော် အခု ကျနော်တို့ ဒါကို လုပ်ကြမယ်။ မြန်မာပြည်သူတွေရဲ့ တော်လှန်စိတ် တော်လှန်သွေးကို လုံးဝ ယုံကြည်လို့၊ စိတ်ချလို့၊ အားကိုးလို့ အခုလို Silent Strike ကို နှိုးဆော်ဆင်နွှဲကြတာပဲ ဖြစ်တယ်” ဟု ဒေါက်တာတေဇာဆန်းက လူမှုကွန်ရက်မှတဆင့် တိုက်တွန်းနှိုးဆော်သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တစ်နိုင်ငံလုံး အပြင်မထွက်ဘဲ စစ်အာဏာရှင် တော်လှန်ရေး တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်တွင် ပါဝင်ကြရေး နှိုးဆော်

မြန်မာနိုင်ငံလုံးရှိ ပြည်သူများအနေဖြင့် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အပြင်မထွက်ဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြော်ငး ပြသမည့် တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်တွင် ပါဝင်ကြရန် ကျောင်းသားသမဂ္ဂများနှင့် နိုင်ငံလုံးဆိုင်ရာ သပိတ်အင်အားစုများက တိုက်တွန်းနှိုးဆော်လိုက်သည်။

ဒီဇင်ဘာ ၁၀ ရက် (10 D)သည် ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်ပြီး “တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်” (Silent Strike) နှင့် “အနက်ရောင် လှုပ်ရှားမှု” (Black Campaign)များတွင် ပါဝင်ကြခြင်းဖြင့် စစ်အာဏာရှင်ကို တော်လှန်ကြရန် ပြည်သူများကို တိုက်တွန်းထားကြောင်း သိရှိရသည်။

တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike)

ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်းမှာ လူထုအားလုံးက အပြင်လုံးဝ မထွက်ကြဘဲ မိမိတို့အိမ်တွင် နေကြမည့် (Silent Strike) သပိတ် ဖြစ်ကြောင်း၊ လုံးဝ ခြောက်သွေ့ငြိမ်သက်နေသည့်မြို့ရွာများမှ က လူထု၏ တိတ်ဆိတ်သည့် သပိတ်ကြွေးကြော်သံများကို စစ်အာဏာရူးများသာမက၊ ကမ္ဘာ့ပြည်သူများပါ ကောင်းကောင်းကြီး ကြားနိုင်လိမ့်မည်ဟု မန္တလေး သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းက ဆိုသည်။

အနက်ရောင်လှုပ်ရှားမှု (Black Campaign)
===================================

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြည်သူများအနေဖြင့် အနက်ရောင် အဝတ်အစားကို ဝတ်ဆင်သုံးစွဲပြီး အာ ဏာရှင်ဆန့်ကျင်ရေး အထိမ်းအမှတ် လက် (၃) ချောင်းထောင်ကာ ဓာတ်ပုံမှတ်တမ်းတင်၍ လူမှုကွန်ရက်စာမျက်နှာများတွင် မျှဝေဖော်ထုတ်ကြရန်လည်း သပိတ်ခေါင်းဆောင်များက တိုက်တွန်းထားသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြာ်သံဖြစ်သည့် “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး — တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” ဖြင့် ဒီဇင်ဘာလ ၁၀ ရက်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်တွင် ပါဝင်ကြရန် တိုက်တွန်းထားကြောင်း သိရှိရသည်။