ၾကားသိရသမွ်

မော်လမြိုင်က စစ်တပ်ထောက်ခံပွဲ လုံခြုံရေးအင်အားက ပိုများနေ…..

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ်ပန်းခြံက ဗိုလ်ချုပ်ကြေးရုပ်တုအရှေ့မှာ အောက်တိုဘာ ၂၅ ရက် မနက် ၁၀ နာရီလောက်က စစ်တပ်ထောက်ခံပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီစစ်တပ် ထောက်ခံပွဲအတွက် သံလွင်ဥယျာဉ်ပန်းခြံတစ်ခုလုံးမှာ စစ်ကောင်စီတပ် အင်အား ရာချီ လုံခြုံရေးယူပေးခဲ့သလို ပန်းခြံလာရာ မွန်ပြည်နယ် လွှတ်တော်လမ်းနဲ့ မော်လမြိုင်ဆေးရုံကြီး လမ်းတွေ ပိတ်ပြီး ထောက်ခံပွဲလုပ်ခဲ့တာ ဖြစ်တယ်လို့ ဒေသတစ်ဦးပြည်သူတစ်ဦးက ပြောပါတယ်။

စစ်တပ်ထောက်ခံပွဲကိုတော့ စစ်တပ် မိသားစုဝင်တွေနဲ့ တပ်မတော်ထောက်ခံသူ ၂၀၀ လောက် တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီထောက်ခံပွဲမှာတော့ အိမ်စောင့်အစိုးရနဲ့ တပ်မတော်ကို ထောက်ခံကြောင်း သံလွင်ဥယျာဉ်အ တွင်းမှာသာ ကြွေးကြော်ခဲ့ပြီး၊ မြို့အတွင်း လှည့်လည်ဆန္ဒထုတ်ဖော်တာတော့ မလုပ်သွားဘူးလို့ ဆိုပါတယ်။

အဲဒီစစ်တပ်ထောက်ခံပွဲအား အာဆီယံဖိအားတွေကြောင့် စစ်ကောင်စီက လုပ်ခိုင်းလို့ တပ်ထောက်ခံသူတွေ လုပ်ဆောင်တာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ ပြောပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးကို မနက်ဖန် အောက်တိုဘာ ၂၆ ရက်နေ့ စတင်ကျင်းပဖို့ ရှိနေချိန်မှာ စစ်တပ်ထောက်ခံပွဲတွေ မြို့တချို့မှ ပြုလုပ်နေတာဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ကို အစည်းအဝေးမဖိတ်ဖို့ အာဆီယံက ဆုံးဖြတ်ထားပါတယ်။

unicode





