ၾကားသိရသမွ်

အုပ်ချုပ်ရေးမှူးများအပြိုင် နုတ်ထွက်

ေရစႀကိဳၿမိဳ႕မွ အုပ္ခ်ဳပ္ေရးမႉးမ်ားအၿပိဳင္ ႏုတ္ထြက္

မေကြးတိုင္းေဒသႀကီး၊ ေရစႀကိဳၿမိဳ႕နယ္တြင္ ရပ္ေက်းႏွင့္ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးမ်ား ရာထူးမွ ႏုတ္ထြ

က္မႈ မ်ားျပားေနေၾကာင္း ေဒသခံမ်ားကေျပာသည္။

အြန္လိုင္းတြင္ပ်ံ႕ႏွံ႔ေနသည့္ ႏုတ္ထြက္စာမ်ားအရ“ က်န္းမာေရးမေကာင္းပါသျဖင့္ ” ဟုအစခ်ီကာ စက္တင္ဘာ ၉ ရက္

ေန႔စြဲျဖင့္ အုပ္ခ်ဳပ္ေရးမႉး တခ်ိဳ႕က ႏုတ္ထြက္ခြင့္ ေတာင္းခံထားသည္ကိုေတြ႕ရသည္။

“ ဆယ္ဂဏန္းအထက္မွာရွိတယ္။ Dday ေခၚတဲ့ေန႔ကေန ဒီေန႔အထိ ၃ ရက္အတြင္းေပါ့။ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေ

ရးမႉးေတြအျပင္ ေက်း႐ြာတာဝန္ခံေတြလည္းပါတယ္။ ဒါေပမဲ့ တာဝန္ခံေတြကိုေတာ့ ကြၽန္ေတာ္တို႔ ထည့္မ

တြက္ထားဘူး ” ဟုေဒသခံတစ္ဦးက ေျပာသည္။

ေရစႀကိဳၿမိဳ႕နယ္အတြင္ရွိ ပရိမ္သာ၊ မအူေအာက္ဆိပ္၊ ကိုင္း၊ မိုးကြဲ၊ ကံဦး ေက်း႐ြာအုပ္စုမ်ားအပါအဝင္ ေက်း႐ြာအုပ္စု ၁၀

ခုထက္မနည္းမွ အုပ္ခ်ဳပ္ေရးမႉးမ်ား ႏုတ္ထြက္ၾကျခင္းျဖစ္ၿပီး စာရင္းမရရွိေသးသူ အမ်ားအျပား ရွိေန‌ေသးေၾ

ကာင္း သိရသည္။

အုပ္ခ်ဳပ္ေရးမႉးအမ်ားစုမွာ ရပ္ကြက္အတြင္းရွိ ႀကံ့ခိုင္ေရးပါတီဝင္မ်ား၊ အလုပ္အကိုင္ မရွိသူမ်ားျဖစ္ၿပီး အမ်ားစုမွာ စစ္တပ္ေ

ထာက္ခံသူ ျဖစ္သည္။ ၎တို႔အား စစ္ေကာင္စီက ခန႔္အပ္ထားျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားကေျပာသည္။

အလားတူ ကေလးၿမိဳ႕တြင္ စက္တင္ဘာ ၇ ရက္ ေနာက္ပိုင္း ေက်း႐ြာ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ေျခာက္ ဦးထက္မနည္း ႏု

တ္ထြက္ခြင့္ေတာင္းထားသည့္ စာမ်ားကိုလည္း ယင္းေဒသ မီဒီယာမ်ားက ေဖာ္ျပထားသည္။

ကေလးၿမိဳ႕နယ္အတြင္းရွိ ပ်ဥ္းေတာဦးေက်း႐ြာအုပ္စု၊ ဆင္႐ြာေက်း႐ြာအုပ္စု မွ အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ ေအာ

င္႐ြာေက်း႐ြာတာဝန္ခံ၊ ခ်င္းစုေက်း႐ြာတာဝန္ခံႏွင့္ ျမစိမ္းေက်း႐ြာတာဝန္ခံ တို႔က ႏုတ္ထြက္စာတင္ထားသည့္ အတ

ည္ျပဳစာ မ်ားကိုရရွိထား‌ေၾကာင္း ေဒသမီဒီယာမ်ားတြင္ ေဖာ္ျပထားသည္။

unicode

ရေစကြိုမြို့မှ အုပ်ချုပ်ရေးမှူးများအပြိုင် နုတ်ထွက်

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် ရပ်ကျေးနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရာထူးမှ နုတ်ထွက်မှု များပြား

နေကြောင်း ဒေသခံများကပြောသည်။

အွန်လိုင်းတွင်ပျံ့နှံ့နေသည့် နုတ်ထွက်စာများအရ“ ကျန်းမာရေးမကောင်းပါသဖြင့် ” ဟုအစချီကာ စက်တင်ဘာ ၉ ရက်

နေ့စွဲဖြင့် အုပ်ချုပ်ရေးမှူး တချို့က နုတ်ထွက်ခွင့် တောင်းခံထားသည်ကိုတွေ့ရသည်။

“ ဆယ်ဂဏန်းအထက်မှာရှိတယ်။ Dday ခေါ်တဲ့နေ့ကနေ ဒီနေ့အထိ ၃ ရက်အတွင်းပေါ့။ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး

တွေအပြင် ကျေးရွာတာဝန်ခံတွေလည်းပါတယ်။ ဒါပေမဲ့ တာဝန်ခံတွေကိုတော့ ကျွန်တော်တို့ ထည့်မတွက်ထားဘူး ” ဟု

ဒေသခံတစ်ဦးက ပြောသည်။

ရေစကြိုမြို့နယ်အတွင်ရှိ ပရိမ်သာ၊ မအူအောက်ဆိပ်၊ ကိုင်း၊ မိုးကွဲ၊ ကံဦး ကျေးရွာအုပ်စုများအပါအဝင် ကျေးရွာအုပ်စု ၁၀

ခုထက်မနည်းမှ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကြခြင်းဖြစ်ပြီး စာရင်းမရရှိသေးသူ အများအပြား ရှိနေ‌သေးကြောင်း သိရ

သည်။

အုပ်ချုပ်ရေးမှူးအများစုမှာ ရပ်ကွက်အတွင်းရှိ ကြံ့ခိုင်ရေးပါတီဝင်များ၊ အလုပ်အကိုင် မရှိသူများဖြစ်ပြီး အများစုမှာ

စစ်တပ်ထောက်ခံသူ ဖြစ်သည်။ ၎င်းတို့အား စစ်ကောင်စီက ခန့်အပ်ထားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

အလားတူ ကလေးမြို့တွင် စက်တင်ဘာ ၇ ရက် နောက်ပိုင်း ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ခြောက် ဦးထက်မနည်း နုတ်

ထွက်ခွင့်တောင်းထားသည့် စာများကိုလည်း ယင်းဒေသ မီဒီယာများက ဖော်ပြထားသည်။

ကလေးမြို့နယ်အတွင်းရှိ ပျဉ်းတောဦးကျေးရွာအုပ်စု၊ ဆင်ရွာကျေးရွာအုပ်စု မှ အုပ်ချုပ်ရေးမှူးများနှင့် အောင်ရွာကျေးရွာ

တာဝန်ခံ၊ ချင်းစုကျေးရွာတာဝန်ခံနှင့် မြစိမ်းကျေးရွာတာဝန်ခံ တို့က နုတ်ထွက်စာတင်ထားသည့် အတည်ပြုစာ များကိုရရှိ

ထား‌ကြောင်း ဒေသမီဒီယာများတွင် ဖော်ပြထားသည်။