စစ္ေကာင္စီက ဖြင့္လွစ္ခဲ့တဲ့ တကၠသိုလ္ မဟာတန္း၊ စတုတၳႏွစ္နဲ႕ ဂုဏ္ထူးတန္းေတြရဲ႕ ေအာင္စာရင္းေတြကို ထုတ္ျပန္ရာမွာ မေအာင္မေနရစနစ္နဲ႕ ေအာင္စာရင္း ထုတ္ျပန္ခိုင္း ခဲ့တယ္လို႔ ေက်ာက္ဆည္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက ေျပာပါတယ္။…
(Zawgyi Font ဖြင့် ဖတ်မရသူများ အောက်တွင် Unicode ဖြင့် ဖော်ပြထားသည်)
လက္ရွိစစ္ေကာင္စီလက္ေအာက္ တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းေတြဆီက အတြင္းသတင္းရထားတာျဖစ္ၿပီး ဘြဲ႕သင္တန္းအသီသီး တက္ေရာက္ခဲ့ၾကတဲ့ ေက်ာင္းသားေတြရဲ႕ ေအာင္စာရင္းထုတ္ျပန္ခဲ့ရာမွာ ေအာင္မွတ္ဖိုးေတာင္ အျပည့္မေျဖထားတဲ့ အေျဖလႊာေတြကိုလည္း အေအာင္ေပးထားတာေတြ႕ရတယ္လို႔ ဆိုပါတယ္။…

ဒါ့အျပင္ Non CDM ပါေမာကၡေတြ၊ ဌာနမႉးေတြ၊ ပါေမာကၡေတြ၊ ကထိကေတြ၊ နည္းျပသ႐ုပ္ျပေတြဟာလည္း ေအာင္စာရင္းရလဒ္ ထုတ္ျပန္မႈအေပၚ အဂတိ လိုက္စားမႈေတြ ရွိနိုင္တယ္လို႔ ေက်ာက္ဆည္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက သုံးသပ္ထားပါေသးတယ္။…
ေက်ာက္ဆည္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ တာဝန္ရွိသူတစ္ဦးက “စာရင္းအမွားေတြ မ်ားတယ္ ေအာင္စာရင္းထဲ လူမ်ားေအာင္ ထည့္ထားတာထင္တယ္။ တစ္ႏွစ္က်ၿပီးသား စတုတၳႏွစ္ ေက်ာင္းသားတခ်ိဳ႕ဆို ပထမႏွစ္ဝက္တုန္းက ႏွစ္ဘာသာက်ထားၿပီး ဒုတိယႏွစ္ဝက္မွာ ေက်ာင္းသြားမတက္တာေတာင္ ေအာင္စာရင္းမွာပါလာတယ္။ ဂုဏ္ထူးတန္းေတြဆိုလဲ ဒုတိယႏွစ္ဝက္မွာ က်မ္းတင္ဖို႔က်န္ေနေသးတယ္။ ဒါေပမဲ့ အေအာင္ေပးထားတယ္။ အခုက CDM ေက်ာင္းသား ရင္းႏွီးသူတခ်ိဳ႕ဆီက သိထားရသေလာက္ပါ။ အေအာင္ေပးေတာ့လည္း ပုံစံတူကို အကုန္မေပးဘူး။ ကြက္ၿပီးေပးတယ္။” လို႔ ေျပာျပပါတယ္။…
ေက်ာက္ဆည္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢအေနနဲ႕ စစ္ေကာင္စီကထုတ္ျပန္ထားတဲ့ ေအာင္စာရင္းအားလုံးကို လုံးဝအသိအမွတ္ျပဳမွာမဟုတ္ေၾကာင္းနဲ႕ ဒီမိုကေရစီလမ္းမွာ CDM ေက်ာင္းသားေတြအျဖစ္နဲ႕ ရဲရဲဝံ့ဝံ့ေလွ်ာက္လွမ္းေနတဲ့ ေက်ာင္းသားထုဘက္က ရပ္တည္သြားမယ္လို႔ ၾသဂုတ္ ၁၅ ရက္က ထုတ္ျပန္ထားပါတယ္။…
ယူနီကုဒ်ဖြင့် ဖတ်ရန်
စစ်ကောင်စီက ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ် မဟာတန်း၊ စတုတ္ထနှစ်နဲ့ ဂုဏ်ထူးတန်းတွေရဲ့ အောင်စာရင်းတွေကို ထုတ်ပြန်ရာမှာ မအောင်မနေရစနစ်နဲ့ အောင်စာရင်း ထုတ်ပြန်ခိုင်း ခဲ့တယ်လို့ ကျောက်ဆည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြောပါတယ်။…
လက်ရှိစစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေဆီက အတွင်းသတင်းရထားတာဖြစ်ပြီး ဘွဲ့သင်တန်းအသီသီး တက်ရောက်ခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ အောင်စာရင်းထုတ်ပြန်ခဲ့ရာမှာ အောင်မှတ်ဖိုးတောင် အပြည့်မဖြေထားတဲ့ အဖြေလွှာတွေကိုလည်း အအောင်ပေးထားတာတွေ့ရတယ်လို့ ဆိုပါတယ်။…
ဒါ့အပြင် Non CDM ပါမောက္ခတွေ၊ ဌာနမှူးတွေ၊ ပါမောက္ခတွေ၊ ကထိကတွေ၊ နည်းပြသရုပ်ပြတွေဟာလည်း အောင်စာရင်းရလဒ် ထုတ်ပြန်မှုအပေါ် အဂတိ လိုက်စားမှုတွေ ရှိနိုင်တယ်လို့ ကျောက်ဆည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက သုံးသပ်ထားပါသေးတယ်။…
ကျောက်ဆည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတစ်ဦးက “စာရင်းအမှားတွေ များတယ် အောင်စာရင်းထဲ လူများအောင် ထည့်ထားတာထင်တယ်။ တစ်နှစ်ကျပြီးသား စတုတ္ထနှစ် ကျောင်းသားတချို့ဆို ပထမနှစ်ဝက်တုန်းက နှစ်ဘာသာကျထားပြီး ဒုတိယနှစ်ဝက်မှာ ကျောင်းသွားမတက်တာတောင် အောင်စာရင်းမှာပါလာတယ်။ ဂုဏ်ထူးတန်းတွေဆိုလဲ ဒုတိယနှစ်ဝက်မှာ ကျမ်းတင်ဖို့ကျန်နေသေးတယ်။ ဒါပေမဲ့ အအောင်ပေးထားတယ်။ အခုက CDM ကျောင်းသား ရင်းနှီးသူတချို့ဆီက သိထားရသလောက်ပါ။ အအောင်ပေးတော့လည်း ပုံစံတူကို အကုန်မပေးဘူး။ ကွက်ပြီးပေးတယ်။” လို့ ပြောပြပါတယ်။…
ကျောက်ဆည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေနဲ့ စစ်ကောင်စီကထုတ်ပြန်ထားတဲ့ အောင်စာရင်းအားလုံးကို လုံးဝအသိအမှတ်ပြုမှာမဟုတ်ကြောင်းနဲ့ ဒီမိုကရေစီလမ်းမှာ CDM ကျောင်းသားတွေအဖြစ်နဲ့ ရဲရဲဝံ့ဝံ့လျှောက်လှမ်းနေတဲ့ ကျောင်းသားထုဘက်က ရပ်တည်သွားမယ်လို့ သြဂုတ် ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။…



