၂ မိနစ် အချိန်ပေးရုံနဲ့ လျင်လျင်မြန်မြန် အိပ်ပျော်သွားစေမယ့် နည်းလမ်း
ညဘက်မှာ အိပ်မပျော်ခြင်းက နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးဖြစ်ပေါ်စေပါတယ်။ လူအများစုက အိပ်ပျော်ဖို့အတွက် ဆေးတွေ သောက်ကြပါတယ်။
ဒါပေမယ့် ရေရှည်မှာ အိပ်ဆေးတွေ သောက်တာကလည်း မကောင်းပါဘူး။ ခြေထောက်ကို နှိပ်နယ်ပေးခြင်းကလည်း လျင်လျင်မြန်မြန် အိပ်ပျော်စေပါတယ်။
အဆင့် ၁
ပထမဆုံးအနေနဲ့ ခြေမထိပ်ကို လက်ညိုးနဲ့ စက်ပိုင်းပုံစံနှိပ်နယ်ပေးပါ။ ပြီးတော့ ခြေမကို လက်ညှိုးနဲ့ စက္ကန့်အနည်းငယ်ကြာအောင် ဖိထားပါ။
– အဆင့် ၂
အဆင့် ၂မှာ ခြေမကို လက်မနဲ့ နှိပ်နယ်ပေးရမှာပါ။ ခြေမအောက်ကနေ ခြေမအပေါ်အထိ ဖြည်းဖြည်းချင်း နှိပ်ပါ။ ပြီးရင်တော့ နောက်ခြေမတစ်ဖက်ကို ပြောင်းပြီးနှိပ်နယ်ပေးရမှာပါ။
အဆင့် ၃
ခြေဖဝါးရဲ့အလယ်ကနေ အပေါ်ကို တဖြည်းဖြည်းချင်း နှိပ်နယ်ပေးသွားရမှာပါ။
-အဆင့် ၄
ခြေဖဝါးအလယ်ကနေ ဘေးဘက်တွေကို လက်မနဲ့ တဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။
အဆင့် ၅
ခြေဖဝါးရဲ့အလယ်ကို လက်မနဲ့ လက်ဝိုင်းပုံစံနှိပ်ပေးပြီး စက္ကန့်အနည်းငယ်ကြာအောင် လက်မနဲ့ ဖိထားပါ။
အဆင့် ၆
ခြေမကနေ ခြေညှိုးအထိ တစ်ချောင်းချင်းစီကို ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ ခြေချောင်းတစ်ချောင်းနဲ့တစ်ချောင်းအကြားကိုလည်း နှိပ်နယ်ပေးလို့ရပါတယ်။
အဆင့် ၇
အတွင်းခြေမျက်စိနဲ့ အပေါ်ဘက် လက်လေးလုံးအကွာ၊ အရိုးရဲ့ဘေးဘက်ကို နှိပိနယ်ပေးပါ။ ကိုယ်ဝန်ဆောင်မိခင်တွေကတော့ ဒီနေရာကို လုံးဝမနှိပ်သင့်ပါဘူး။
အဆင့် ၈
ကြမ်းပြင်တစ်ခုအပေါ်မှာ ပက်လက်လှန်လိုက်ပြီး ဒူးကိုကွေးလိုက်ပါ။ ပြီးရင် ခြေချောင်းလေးတွေကို ဖြည်းဖြည်းချင်းချိုးပေးပါ။ ပြီးရင်တော့ နောက်ခြေထောက်တစ်ဖက်ကို ပြောင်းလုပ်ပါ။
ဒီလေ့ကျင့်ခန်းတွေ လုပ်ပြီးရင်တော့ နှစ်နှစ်ခြိုက်ခြိုက် မြန်မြန်ဆန်ဆန် အိပ်ပျော်နိုင်ပါတယ်။
Zombie (Love Media)
zawgyi
၂ မိနစ္ အခ်ိန္ေပး႐ုံနဲ႔ လ်င္လ်င္ျမန္ျမန္ အိပ္ေပ်ာ္သြားေစမယ့္ နည္းလမ္း
ညဘက္မွာ အိပ္မေပ်ာ္ျခင္းက ေနာက္ဆက္တြဲဆိုးက်ိဳးေတြ အမ်ားႀကီးျဖစ္ေပၚေစပါတယ္။ လူအမ်ားစုက အိပ္ေပ်ာ္ဖို႔အတြက္ ေဆးေတြ ေသာက္ၾကပါတယ္။
ဒါေပမယ့္ ေရရွည္မွာ အိပ္ေဆးေတြ ေသာက္တာကလည္း မေကာင္းပါဘူး။ ေျခေထာက္ကို ႏွိပ္နယ္ေပးျခင္းကလည္း လ်င္လ်င္ျမန္ျမန္ အိပ္ေပ်ာ္ေစပါတယ္။
အဆင့္ ၁
ပထမဆုံးအေနနဲ႔ ေျခမထိပ္ကို လက္ညိဳးနဲ႔ စက္ပိုင္းပုံစံႏွိပ္နယ္ေပးပါ။ ၿပီးေတာ့ ေျခမကို လက္ညႇိဳးနဲ႔ စကၠန႔္အနည္းငယ္ၾကာေအာင္ ဖိထားပါ။
– အဆင့္ ၂
အဆင့္ ၂မွာ ေျခမကို လက္မနဲ႔ ႏွိပ္နယ္ေပးရမွာပါ။ ေျခမေအာက္ကေန ေျခမအေပၚအထိ ျဖည္းျဖည္းခ်င္း ႏွိပ္ပါ။ ၿပီးရင္ေတာ့ ေနာက္ေျခမတစ္ဖက္ကို ေျပာင္းၿပီးႏွိပ္နယ္ေပးရမွာပါ။
အဆင့္ ၃
ေျခဖဝါးရဲ႕အလယ္ကေန အေပၚကို တျဖည္းျဖည္းခ်င္း ႏွိပ္နယ္ေပးသြားရမွာပါ။
-အဆင့္ ၄
ေျခဖဝါးအလယ္ကေန ေဘးဘက္ေတြကို လက္မနဲ႔ တျဖည္းျဖည္းခ်င္း ႏွိပ္နယ္ေပးပါ။
အဆင့္ ၅
ေျခဖဝါးရဲ႕အလယ္ကို လက္မနဲ႔ လက္ဝိုင္းပုံစံႏွိပ္ေပးၿပီး စကၠန႔္အနည္းငယ္ၾကာေအာင္ လက္မနဲ႔ ဖိထားပါ။
အဆင့္ ၆
ေျခမကေန ေျခညႇိဳးအထိ တစ္ေခ်ာင္းခ်င္းစီကို ညင္ညင္သာသာ ႏွိပ္နယ္ေပးပါ။ ေျခေခ်ာင္းတစ္ေခ်ာင္းနဲ႔တစ္ေခ်ာင္းအၾကားကိုလည္း ႏွိပ္နယ္ေပးလို႔ရပါတယ္။
အဆင့္ ၇
အတြင္းေျခမ်က္စိနဲ႔ အေပၚဘက္ လက္ေလးလုံးအကြာ၊ အ႐ိုးရဲ႕ေဘးဘက္ကို ႏွိပိနယ္ေပးပါ။ ကိုယ္ဝန္ေဆာင္မိခင္ေတြကေတာ့ ဒီေနရာကို လုံးဝမႏွိပ္သင့္ပါဘူး။
အဆင့္ ၈
ၾကမ္းျပင္တစ္ခုအေပၚမွာ ပက္လက္လွန္လိုက္ၿပီး ဒူးကိုေကြးလိုက္ပါ။ ၿပီးရင္ ေျခေခ်ာင္းေလးေတြကို ျဖည္းျဖည္းခ်င္းခ်ိဳးေပးပါ။ ၿပီးရင္ေတာ့ ေနာက္ေျခေထာက္တစ္ဖက္ကို ေျပာင္းလုပ္ပါ။
ဒီေလ့က်င့္ခန္းေတြ လုပ္ၿပီးရင္ေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ျမန္ျမန္ဆန္ဆန္ အိပ္ေပ်ာ္ႏိုင္ပါတယ္။
Zombie (Love Media)