ဗဟုသုတ
သေပြီးသား လူတစ်ယောက်က သင့်ကို အိမ်မက်ထဲကနေ ဆက်သွယ်ဖို့ ကြိုးစားတဲ့ပုံစံ (၇) မျိုး
အိပ်မက်ထဲမှာ သူတို့သေဆုံးချိန် တုန်းကထက် ပိုငယ်ရွယ်နုနယ်တဲ့ ပုံစံ မျိုးမြင်တွေ့ရတယ်ဆိုရင်၊ ကျန်းမာရေးကောင်းတဲ့ ပုံစံမျိုး ကိုတွေ့ရတယ် ဆိုရင်
(၇) စကားပြောတယ်
#Credit
Unicode Version
သေပြီးသား လူတစ်ယောက်က သင့်ကို အိမ်မက်ထဲကနေ ဆက်သွယ်ဖို့ ကြိုးစားတဲ့ပုံစံ (၇)မျိုး
ကိုယ့်ဆွေ မျိုးသားချင်းတွေ ထဲက၊ အသိ မိတ်ဆွေတွေ ထဲက တစ်ယောက်ယောက်
သေဆုံး သွားပြီးတဲ့အခါ သူတို့ကို သတိရတဲ့ စိတ်ကတော်တော်နဲ့ မလျော့သွား ပါဘူး။
ပြီးတော့ သေဆုံးပြီးတဲ့ သူက အသက်ရှင် ကျန်ရစ်တဲ့ သူတွေကို အိပ်မက်ပေးပြီး ဆက်သွယ်ဖို့ကြိုးစားတတ်ကြတယ် လို့လည်း ယူဆတတ် ပါတယ်။
တစ်ကယ်ရော အဲ့ဒီလို အဖြစ်မျိုး ရှိပါ့မလား ဆိုတာ ကတော့ စဉ်းစားစရာ ပါပဲ။ ဘာပဲပြောပြော
ဆုံးပါးသွားတဲ့ တစ်စုံတစ်ယောက်က သင့်ကိုအိပ်မက်ကတဆင့်ဆက်သွယ်ဖို့ကြိုးစားလာရင် ဒီအချက်လေးတွေ ကြုံရတတ်ပါတယ်ပါတယ်
(၁) အိပ်မက်ကနိုးလာချိန်မှာတစ်ယောက်ယောက်စိုက်ကြည့်နေသလိုခံစားရတယ်
ကိုယ်ချစ်ခင်ရတဲ့ သူတွေ ဆုံးပါးသွား ခဲ့ပေမယ့် သူတို့တွေကိုယ့် အနားမှာ ရှိနေတုန်းပဲ လို့ စိတ်ထဲကနေထင်နေတတ် ပါတယ်
ပြီးတော့ ညအိပ်တဲ့ အခါ သူတို့ကို အိပ်မက်မက်ပြီး လန့်နိုးလာတဲ့ အချိန်မှာ ဘေးနားကနေ တစ်ယောက်ယောက်ကြည့်နေ သလို
ခံစားချက် မျိုး ဖြစ်တတ် ပါတယ်။ အဲ့ဒီလိုဖြစ်တာက သူတို့တွေ သင့်ကိုအိပ်မက်ကနေတဆင့်ဆက် သွယ်ဖို့ ကြိုးစားနေ လို ့ပါတဲ့
(၆) အိပ်ရာနိုးလာတဲ့ အခါကြည်လင်လန်းဆန်းနေပြီး သက်တောင့် သက်သာဖြစ်နေမယ်
သေဆုံးပြီးတဲ့ သူတွေကို အိပ်မက်မက်ပြီး မနက်အိပ် ရာနိုးလာတဲ့ အခါ ကြည်လင်လန်းဆန်းနေမယ်၊ သက်တောင့် သက်သာဖြစ်နေ မယ် ဆိုရင်
သူတို့တွေက သင့်ရဲ့ကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ်နေပြီး သင့်ကို မပင်ပန်းစေ ချင်တာကြောင့် ကောင်းကောင်း အနားရအောင် ကူညီပေး တယ်လို့ ဆိုကြ ပါတယ်။
(၃) အိပ်မက်တစ်ခုပြီးတစ်ခု ဆက်စပ်ပြီးမက်တယ်
တစ်ညတည်းမှာ အိပ်မက် တစ်ခုနဲ့ တစ်ခု အဆက်အစပ်လေးတွေနဲ ့မက်နေတယ် ဆိုရင်လည်း ဒါက သင့်ကိုဆက်သွယ်ဖို့ အကြောင်းအရာ တစ်ခုလို ့ပြောလို့ရ ပါတယ်။
(၂) အိပ်မက်တဲ့အကြောင်းအရာ အသေးစိတ်ကို မှတ်မိနေတယ်
မနက်နိုးလာတဲ့ အချိန်မှာ အိပ်မက်မက်တဲ့ အကြောင်းအရာတွေကို မေ့သွား တတ်ကြ ပါတယ်။ မှတ်မိရင်တောင် ဇဝေဇဝါဖြစ်နေ တုန််းပါ။
အဲ့ဒီလို မဟုတ်ဘဲ သေဆုံးပြီး သားသူကို လည်း အိမ်မက်မက်တယ်၊ အကြောင်းအရာ အသေးစိတ်ကိုလည်း
မှတ်မိနေတယ် ဆိုရင် သူတို့တွေ သင့်ကို တစ်ခုခုပြောချင်နေလို့ ဆက်သွယ်ဖို့ ကြိုးစားနေ တာပါ။
(၄) သူတို့တွေကိုနဂိုထက်ပိုငယ်ရွယ်နုနယ်တဲ့ပုံစံမျိုးတွေ့ရတယ်
အိပ်မက်ထဲမှာ သူတို့သေဆုံးချိန် တုန်းကထက် ပိုငယ်ရွယ်နုနယ်တဲ့ ပုံစံ မျိုးမြင်တွေ့ရတယ်ဆိုုရင်၊ ကျန်းမာရေးကောင်းတဲ့ ပုံစံမျိုး ကိုတွေ့ရတယ် ဆိုရင်
သူတို့ကို သတိရနေ တာကို သူတို ့ကလည်း သိတယ်ဆိုတဲ့ အကြောင်း အသိပေး တာပါတဲ့။ ပြီးတော့ သင့်ကိုလည်း ပျော်ပျော်နေ ချင်တယ်လို့ ပြောချင်တာပါတဲ့။
(၅) အိပ်မက်လို့မထင်ရဘူး၊တကယ့်အဖြစ်အပျက်လို့ထင်ရတယ်
တခါတလေ သေသွားပြီးသား လူကို အိပ်မက်မက်တဲ့ အခါ အိပ်မက်လို့ မထင်ရဘဲ တကယ့်အဖြစ်အပျက်လို့ထင်ရတဲ့ အခါမျိုးတွေ ရှိပါတယ်။
အနံအသက်၊ အသံ၊ မြင်ကွင်း နဲ့ ခံစားချက်တွေက တကယ့်အပြင်မှာဖြစ်နေသလိုမျိုး ထင်ရရင် သူတို့တွေ သင်နဲ့ အနီးနားတဝိုက်မှာ ရှိနေပြီး သင်နဲ ့ဆက်သွယ်ချင်လို့ဖြစ်နိုင် ပါတယ်။
(၇) စကားပြောတယ်
သေဆုံးပြီးတဲ့လူက အိပ်မက်ထဲမှာ စကားပြောတယ်ဆိုရင်၊ သူတို့ အသံ ကိုကောင်းကောင်းကြားရတယ်လို့ မက်ရင်
သူတို ့လက်ရှိရောက်နေ တဲ့နေရာမှာ အဆင်ပြေနေပြီ ဆိုတဲ့ အဓိပ္ပါယ် ပါ။ သူတို့ကိုမစိုးရိမ်ဖို့၊ စိတ်မပူနဲ့တော့လို ့ပြောချင်တာပါ။
#Credit