ဒီနေ့ နေ့လည် ATM ထုတ်ဖို့ တန်းစီနေတုန်း CNN သတင်းထောက် ရောက်လာတယ် …
သူ့ဖုန်းနဲ့ ဒီဖက်ကို လှမ်းရိုက်နေတာ တွေ့တော့ ကျွန်တော်က လက်သုံးချောင်း လှမ်းထောင်ပြလိုက်ရော .. ချက်ချင်းပဲ CNN ကပဲ ကတုံးတစ်ယောက်က ကင်မရာကြီးထပ်သယ်လာပြီး Video Record ယူတယ် …
အဲဒီ့အချိန်ကျတော့ တော်တော်များများ လက်လိုက်ထောင်ပြကြ၊ ဒူးထောက်ပြပီး လက်ထောင်ပြ Save Myanmar အော်ကြနဲ့ ဆန္ဒကို တဒင်္ဂထုတ်ဖော်လိုက်ကြတယ် …
စိတ်တိုချင်စရာကောင်းတာက ဝတ်ကောင်းစားလှနဲ့ Gen L အန်တီကြီးတစ်ယောက်ကတော့ နင်တို့လုပ်တာနဲ့ ငါတို့ဒုက္ခရောက်တော့မယ်ဆိုပြီး တန်းစီတဲ့ နေရာကနေ ထွက်သွားပါတယ် …
တချို့လူကြီးတွေကတော့ English လိုတတ်ရင် သွားပြောကြ အားပေးတယ်တဲ့လေ …
ဒါပေမယ့် ချက်ချင်းဆိုသလို မအလမျိုးတွေက တန်းပြီးရောက်ချလာရော …
သတင်းထောက်မကလည်း လည်တယ်၊ ကင်မရာတန်းသိမ်းခိုင်းပြီး လူတွေရှိတဲ့ဖက်ကို လက်ကာပြတယ် သူရိုက်ချင်တာရပြီ ကိုယ့်လုံခြုံရေးကိုယ်ဂရုစိုက်ကြတော့ဆိုတဲ့ အဓိပ္ပါယ်နဲ့ …
ကျွန်တော်လည်း ပိုက်ဆံထုတ်ပြီးတာနဲ့ လမ်းကြားထဲကနေ အမြန်လစ်ထွက်လိုက်ရတယ် …
အဲဒီ့အချိန်မှာ မျက်ရည်က ဘယ်လိုကျမိမှန်း မသိလိုက်ဘူး …
အားကိုးရာမဲ့နေတဲ့ ပြည်သူတွေရဲ့ ဘဝတွေ … 🥺
(ပြည်သူတစ်ယောက်က သူ့အတွေ့အကြုံကို ရေးသားထားခြင်း ဖြစ်ပြီး Share မရလို့ ခွင့်တောင်းကာ Copy ပြန်ယူထားခြင်း ဖြစ်ပါတယ်ဗျ)
ဒီေန႔ ေန႔လည္ ATM ထုတ္ဖို႔ တန္းစီေနတုန္း CNN သတင္းေထာက္ ေရာက္လာတယ္ …
သူ႔ဖုန္းနဲ႔ ဒီဖက္ကို လွမ္း႐ိုက္ေနတာ ေတြ႕ေတာ့ ကြၽန္ေတာ္က လက္သုံးေခ်ာင္း လွမ္းေထာင္ျပလိုက္ေရာ .. ခ်က္ခ်င္းပဲ CNN ကပဲ ကတုံးတစ္ေယာက္က ကင္မရာႀကီးထပ္သယ္လာၿပီး Video Record ယူတယ္ …
အဲဒီ့အခ်ိန္က်ေတာ့ ေတာ္ေတာ္မ်ားမ်ား လက္လိုက္ေထာင္ျပၾက၊ ဒူးေထာက္ျပပီး လက္ေထာင္ျပ Save Myanmar ေအာ္ၾကနဲ႔ ဆႏၵကို တဒဂၤထုတ္ေဖာ္လိုက္ၾကတယ္ …
စိတ္တိုခ်င္စရာေကာင္းတာက ဝတ္ေကာင္းစားလွနဲ႔ Gen L အန္တီႀကီးတစ္ေယာက္ကေတာ့ နင္တို႔လုပ္တာနဲ႔ ငါတို႔ဒုကၡေရာက္ေတာ့မယ္ဆိုၿပီး တန္းစီတဲ့ ေနရာကေန ထြက္သြားပါတယ္ …
တခ်ိဳ႕လူႀကီးေတြကေတာ့ English လိုတတ္ရင္ သြားေျပာၾက အားေပးတယ္တဲ့ေလ …
ဒါေပမယ့္ ခ်က္ခ်င္းဆိုသလို မအလမ်ိဳးေတြက တန္းၿပီးေရာက္ခ်လာေရာ …
သတင္းေထာက္မကလည္း လည္တယ္၊ ကင္မရာတန္းသိမ္းခိုင္းၿပီး လူေတြရွိတဲ့ဖက္ကို လက္ကာျပတယ္ သူ႐ိုက္ခ်င္တာရၿပီ ကိုယ့္လုံၿခဳံေရးကိုယ္ဂ႐ုစိုက္ၾကေတာ့ဆိုတဲ့ အဓိပၸါယ္နဲ႔ …
ကြၽန္ေတာ္လည္း ပိုက္ဆံထုတ္ၿပီးတာနဲ႔ လမ္းၾကားထဲကေန အျမန္လစ္ထြက္လိုက္ရတယ္ …
အဲဒီ့အခ်ိန္မွာ မ်က္ရည္က ဘယ္လိုက်မိမွန္း မသိလိုက္ဘူး …
အားကိုးရာမဲ့ေနတဲ့ ျပည္သူေတြရဲ႕ ဘဝေတြ … 🥺
(ျပည္သူတစ္ေယာက္က သူ႔အေတြ႕အႀကဳံကို ေရးသားထားျခင္း ျဖစ္ၿပီး Share မရလို႔ ခြင့္ေတာင္းကာ Copy ျပန္ယူထားျခင္း ျဖစ္ပါတယ္ဗ်)